Knowledge

ကိုယ့်သူငယ်ချင်းကိုမှ ”Crush” မိသူတွေအတွက် အခင်မင်မပျက်အောင်ချဉ်းကပ်နိုင်မယ့်နည်း (၇) မျိုး

ကိုယ့်သူငယ်ချင်းကိုမှ ”Crush” မိသူတွေအတွက် အခင်မင်မပျက်အောင်ချဉ်းကပ်နိုင်မယ့်နည်း (၇) မျိုး

ဘယ်လိုလူမျိုးကိုပဲ crush မိပါစေ၊ ကိုယ့်သူငယ်ချင်းကို crush မိတာလောက် အခက်တွေ့မှာမဟုတ်ပါဘူး။သူငယ်ချင်းတွေဆိုတော့

တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးပြီးသားလည်းဖြစ်၊အကြောင်းသိတွေလည်းဖြစ်လို့ ဖွင့်ပြောရလည်းအခက် နောက်ဆုတ်ရလည်းအခက်တွေဖြစ်တတ်ပါတယ်။

ဖွင့်ပြောလိုက်ရင်လည်း ရှိရင်းစွဲခင်မင်မှုလေးတွေပါ ပျက်သွားနိုင်တာမို့ ပြောဖို့လည်းမရဲဘူး၊ နောက်လည်းမဆုတ်ချင်ဘူးဆိုရင် ဒီနည်းလေးတွေနဲ့ ချဉ်းကပ်ကြည့်လိုက်ပါလို့။

(၁) နီးနီးကပ်ကပ်နေပါ

သူငယ်ချင်းကို crush မိလို့ သူနဲ့ခပ်ကင်းကင်းမနေလိုက်ပါနဲ့။အရင်လိုပဲ နီးနီးကပ်ကပ်နေပါ၊ နဂိုကရှိခဲ့တဲ့ဆက်ဆံရေးအတိုင်းပဲ

ဆက်ပြီးထိန်းသိမ်းထားပါ။ဒီလိုနေရင်းမှ ကိုယ်သူ့ကို ဂရုစိုက်ကြောင်းသိသာအောင်ပြပါ။

(၂) မျက်လုံးချင်းဆုံအောင် ကြိုးစားပါ

ကိုယ်သူ့ကိုဂရုစိုက်ကြောင်းပြပြီးရင် သူနဲ့မျက်လုံးချင်းဆုံပြီး မျက်လုံးတွေကတဆင့်ပြောပြနိုင်အောင် ကြိုးစားပါ။

တစ်ယောက်အကြောင်းတစ်ယောက်အထိုက်အလျောက်သိပြီးသားတွေမို့ တဖြည်းဖြည်းသူနားလည်လာပါလိမ့်မယ်။

(၃) အခက်အခဲပြဿနာတွေ ကူဖြေရှင်းပေးပါ

သူကြုံတွေ့လာတဲ့အခက်အခဲပြဿနာလေးတွေကို သင်ကကူညီဖြေရှင်းပေးပါ။တစ်ခုရှိတာက သင်ကမအားတဲ့ကြားကသူ့ကိုကူညီတာဖြစ်ကြောင်း၊

သင့်အတွက်အဆင်မပြေတဲ့ကြားက သူ့အတွက်ကြိုးစားပေးတာဖြစ်ကြောင်း သူသိပါစေ။မဟုတ်ရင် သူလိုအပ်တိုင်းပြေးလာတတ်တဲ့ လိုသုံးဖြစ်သွားနိုင်ပါတယ်

(၄) သူက သင့်အတွက်အရေးကြီးကြောင်းပြပါ

သူဟာ သင့်သူငယ်ချင်းဆိုတာထက် သင့်အတွက် အရေးကြီးတဲ့သူတစ်ယောက်ဖြစ်ကြောင်း သူသိအောင်ပြပါ။ခင်မင်ရင်းနှီးလို့ထက်

အရေးကြီးတဲ့သူတစ်ယောက်မို့ သူ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးတယ်ဆိုတာကို သူနားလည်အောင်ကြိုးစားရမှာပါ။

(၅) ကိုယ်ကလည်းသူ့ကိုရင်ဖွင့်ပါ

သူ့အခက်အခဲပြဿနာတွေကို ကူညီဖြေရှင်းပေးသလိုပဲ ကိုယ့်ရဲ့ အခက်အခဲတွေကိုလည်း သူ့ကိုရင်ဖွင့်ပါ၊ သူ့အကြံတွေတောင်းပါ။

သူပြောတာတိုင်းလိုက်မလုပ်ဘူးဆိုရင်တောင် သူ့အကြံတွေကိုအလေးထားကြောင်းပြသပါ။

(၆) သူနဲ့ပတ်သက်လို့အသေးစိတ်လေးတွေမှတ်ထားပါ

သူ့အကြိုက်တွေ၊ သူ့အမူအကျင့်တွေနဲ့ပတ်သက်လို့ အသေးစိတ်လေးတွေကိုမှတ်ထားပါ။အဲ့ဒီလို မှတ်ထားတာကို သူသိတဲ့အခါ သင့်ဘက်က သူငယ်ချင်းထက်ပိုနေပြီဆိုတာ သူရိပ်မိပါလိမ့်မယ်။

(၇) တတ်နိုင်သလောက်ရိုးသားပါ

သူငယ်ချင်းကို crush ရတာ ဘယ်လိုပုံစံနဲ့ရှေ့ဆက်ရမှန်းမသိလောက်အောင်ကို တိုင်ပတ်ပါတယ်။ဒါပေမယ့် ဘယ်လောက်ပဲကိုယ်ကမရိုးသားနေပေမယ့် တတ်နိုင်သလောက်

ရိုးသားစွာဆက်ဆံပါ။အပေါ်ကအချက်လေးတွေကိုပဲလုပ်ပြီး သူ့ကိုတတ်နိုင်သလောက်ရိုးရိုးသားသားဆက်ဆံပါ။မဟုတ်ရင် ဖွင့်တောင်မပြောလိုက်ရဘဲ သူငယ်ချင်းဆက်ဆံရေးလေးပျက်စီးသွားနိုင်လို့ပါ။

MAY THAZINHTOO

Zawgyi

ကိုယ့္သူငယ္ခ်င္းကိုမွ ”Crush” မိသူေတြအတြက္ အခင္မင္မပ်က္ေအာင္ခ်ဥ္းကပ္နိုင္မယ့္နည္း (၇) မ်ိဳး

ဘယ္လိုလူမ်ိဳးကိုပဲ crush မိပါေစ၊ ကိုယ့္သူငယ္ခ်င္းကို crush မိတာေလာက္ အခက္ေတြ႕မွာမဟုတ္ပါဘူး။သူငယ္ခ်င္းေတြဆိုေတာ့ တစ္ေယာက္နဲ႔

တစ္ေယာက္ရင္းႏွီးၿပီးသားလည္းျဖစ္၊အေၾကာင္းသိေတြလည္းျဖစ္လို႔ ဖြင့္ေျပာရလည္းအခက္ ေနာက္ဆုတ္ရလည္းအခက္ေတြျဖစ္တတ္ပါတယ္။

ဖြင့္ေျပာလိုက္ရင္လည္း ရွိရင္းစြဲခင္မင္မႈေလးေတြပါ ပ်က္သြားနိုင္တာမို႔ ေျပာဖို႔လည္းမရဲဘူး၊ ေနာက္လည္းမဆုတ္ခ်င္ဘူးဆိုရင္ ဒီနည္းေလးေတြနဲ႔ ခ်ဥ္းကပ္ၾကည့္လိုက္ပါလို႔။

(၁) နီးနီးကပ္ကပ္ေနပါ

သူငယ္ခ်င္းကို crush မိလို႔ သူနဲ႔ခပ္ကင္းကင္းမေနလိုက္ပါနဲ႔။အရင္လိုပဲ နီးနီးကပ္ကပ္ေနပါ၊ နဂိုကရွိခဲ့တဲ့ဆက္ဆံေရးအတိုင္းပဲဆက္ၿပီးထိန္းသိမ္းထားပါ။

ဒီလိုေနရင္းမွ ကိုယ္သူ႔ကို ဂ႐ုစိုက္ေၾကာင္းသိသာေအာင္ျပပါ။

(၂) မ်က္လုံးခ်င္းဆုံေအာင္ ႀကိဳးစားပါ

ကိုယ္သူ႔ကိုဂ႐ုစိုက္ေၾကာင္းျပၿပီးရင္ သူနဲ႔မ်က္လုံးခ်င္းဆုံၿပီး မ်က္လုံးေတြကတဆင့္ေျပာျပနိုင္ေအာင္ ႀကိဳးစားပါ။

တစ္ေယာက္အေၾကာင္းတစ္ေယာက္အထိုက္အေလ်ာက္သိၿပီးသားေတြမို႔ တျဖည္းျဖည္းသူနားလည္လာပါလိမ့္မယ္။

(၃) အခက္အခဲျပႆနာေတြ ကူေျဖရွင္းေပးပါ

သူၾကဳံေတြ႕လာတဲ့အခက္အခဲျပႆနာေလးေတြကို သင္ကကူညီေျဖရွင္းေပးပါ။တစ္ခုရွိတာက သင္ကမအားတဲ့ၾကားကသူ႔ကိုကူညီတာျဖစ္ေၾကာင္း

၊ သင့္အတြက္အဆင္မေျပတဲ့ၾကားက သူ႔အတြက္ႀကိဳးစားေပးတာျဖစ္ေၾကာင္း သူသိပါေစ။မဟုတ္ရင္ သူလိုအပ္တိုင္းေျပးလာတတ္တဲ့ လိုသုံးျဖစ္သြားနိုင္ပါတယ္

(၄) သူက သင့္အတြက္အေရးႀကီးေၾကာင္းျပပါ

သူဟာ သင့္သူငယ္ခ်င္းဆိုတာထက္ သင့္အတြက္ အေရးႀကီးတဲ့သူတစ္ေယာက္ျဖစ္ေၾကာင္း သူသိေအာင္ျပပါ။

ခင္မင္ရင္းႏွီးလို႔ထက္ အေရးႀကီးတဲ့သူတစ္ေယာက္မို႔ သူ႔အခက္အခဲေတြကိုကူညီေျဖရွင္းေပးတယ္ဆိုတာကို သူနားလည္ေအာင္ႀကိဳးစားရမွာပါ။

(၅) ကိုယ္ကလည္းသူ႔ကိုရင္ဖြင့္ပါ

သူ႔အခက္အခဲျပႆနာေတြကို ကူညီေျဖရွင္းေပးသလိုပဲ ကိုယ့္ရဲ့ အခက္အခဲေတြကိုလည္း သူ႔ကိုရင္ဖြင့္ပါ၊ သူ႔

အႀကံေတြေတာင္းပါ။သူေျပာတာတိုင္းလိုက္မလုပ္ဘူးဆိုရင္ေတာင္ သူ႔အႀကံေတြကိုအေလးထားေၾကာင္းျပသပါ။

(၆) သူနဲ႔ပတ္သက္လို႔အေသးစိတ္ေလးေတြမွတ္ထားပါ

သူ႔အႀကိဳက္ေတြ၊ သူ႔အမူအက်င့္ေတြနဲ႔ပတ္သက္လို႔ အေသးစိတ္ေလးေတြကိုမွတ္ထားပါ။အဲ့ဒီလို မွတ္ထားတာကို သူသိတဲ့အခါ သင့္ဘက္က သူငယ္ခ်င္းထက္ပိုေနၿပီဆိုတာ သူရိပ္မိပါလိမ့္မယ္။

(၇) တတ္နိုင္သေလာက္ရိုးသားပါ

သူငယ္ခ်င္းကို crush ရတာ ဘယ္လိုပုံစံနဲ႔ေရွ႕ဆက္ရမွန္းမသိေလာက္ေအာင္ကို တိုင္ပတ္ပါတယ္။ဒါေပမယ့္ ဘယ္ေလာက္ပဲကိုယ္ကမရိုးသားေနေပမယ့္ တတ္နိုင္သေလာက္

ရိုးသားစြာဆက္ဆံပါ။အေပၚကအခ်က္ေလးေတြကိုပဲလုပ္ၿပီး သူ႔ကိုတတ္နိုင္သေလာက္ရိုးရိုးသားသားဆက္ဆံပါ။မဟုတ္ရင္ ဖြင့္ေတာင္မေျပာလိုက္ရဘဲ သူငယ္ခ်င္းဆက္ဆံေရးေလးပ်က္စီးသြားနိုင္လို႔ပါ။

MAY THAZINHTOO