Local News

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်…..

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိပုဒ်မအမှု ၄ ခုထဲက ရွှေနဲ့ဒေါ်လာတွေပေးခဲ့တဲ့အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြသက်သေအဖြစ် စစ်ကောင်စီစွဲဆိုချက်ဟာ ခိုင်မာကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က “သူ (ဒေါ်အောင်ဆန်းစုကြည်) ကတော့ All Absurd လို့ပြောတာပဲ။ သူပြောတဲ့စကားအတိအကျပဲ။ သောကြာနေ့က သက်သေထွက်ချက်အပေါ် သူက အဲ့လိုပဲပြောတယ်။ ရွှေတွေဒေါ်လာတွေ ပေးတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်လို့ ဘာပြောစရာရှိလဲလို့ ကျနော်မေးတဲ့ဟာ All Absurd တဲ့။ ဒါပဲပြောသွားတာ။”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တစ်ပတ်မှာ သုံးရက်အထိ ရုံးချိန်းတွေ ဆက်တိုက်ချိန်းဆိုနေရတာကြောင့် ပင်ပန်းနေပြီး တချို့အမှုတွေကို တစ်ပတ်ခြားတစ်ခါခေါ်ဖို့ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အချိန်တွေဟာ တစ်ပတ်မှာ ၃ ရက် ရုံးချိန်းသွားရပြီး ကျန်တဲ့ရက်တွေမှာလည်း အမှုအတွက်ပြင်ဆင်တာတွေနဲ့ပဲ အချိန်ကုန်တဲ့သဘော သက်ရောက်နေတာပါ။ တရားရုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်ကို အောက်တိုဘာ ၁၁ ရက်နေ့ရုံးချိန်းကြရင် အဆုံးအဖြတ်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော် “သူကတရားရုံးကို လျှောက်လွှာတင်တယ်။ တပတ်ခြားတစ်ခါချိန်းပေးဖို့။ သူက သူ့ကျန်းမာရေးအခြေအနေကို အကြောင်းပြတယ်။ အခုက အမှုတွေက တနင်္လာကနေ သောကြာနေ့အထိ ဆက်တိုက်ဖြစ်နေပြီဗျ။ ရုံးဖွင့်ရက်တွေအကုန်လုံးကို ရုံးကိုလာနေရတယ်ဗျာ။ သူပင်ပန်းတယ်ပေါ့ အဲ့ဒါကိုပြောတာပါ။”လို့ ပြောပါတယ်။

ဒီနေ့မနက် နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပေါ် တရားစွဲဆိုထားတဲ့ သဘာဝဘေးဥပဒေပုဒ်မအမှုတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတွေကို စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုစုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။

Photo Credit Wikimedia commons

Source DVB

Credit

Zawgyi

ေရႊနဲ႔ ေဒၚလာေတြ အဂတိလိုက္စားခဲ့တယ္ဆိုၿပီး ဦးၿဖိဳးမင္းသိန္းရဲ့ ထြက္ဆိုခ်က္ေတြ အားလုံးဟာ အဓိပၸာယ္မဲ့တယ္ (All Absurd) လို႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ ေအာက္တိုဘာ ၄ ရက္ေန႔႐ုံးခ်ိန္းမွာ တုံ႔ျပန္ေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁ ရက္ေန႔က နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲဆိုထားတဲ့ အဂတိပုဒ္မအမႈ ၄ ခုထဲက ေရႊနဲ႔ေဒၚလာေတြေပးခဲ့တဲ့အမႈအတြက္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက တရားလိုျပသက္ေသအျဖစ္ စစ္ေကာင္စီစြဲဆိုခ်က္ဟာ ခိုင္မာေၾကာင္း တရား႐ုံးမွာ ထြက္ဆိုခဲ့တာပါ။

နိုင္ငံ့ေခါင္းေဆာင္ေတြရဲ့ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က “သူ (ေဒၚေအာင္ဆန္းစုၾကည္) ကေတာ့ All Absurd လို႔ေျပာတာပဲ။ သူေျပာတဲ့စကားအတိအက်ပဲ။ ေသာၾကာေန႔က သက္ေသထြက္ခ်က္အေပၚ သူက အဲ့လိုပဲေျပာတယ္။ ေရႊေတြေဒၚလာေတြ ေပးတယ္ဆိုတဲ့အမႈနဲ႔ ပတ္သက္လို႔ ဘာေျပာစရာရွိလဲလို႔ က်ေနာ္ေမးတဲ့ဟာ All Absurd တဲ့။ ဒါပဲေျပာသြားတာ။”လို႔ ေျပာပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဟာ တစ္ပတ္မွာ သုံးရက္အထိ ႐ုံးခ်ိန္းေတြ ဆက္တိုက္ခ်ိန္းဆိုေနရတာေၾကာင့္ ပင္ပန္းေနၿပီး တခ်ိဳ႕အမႈေတြကို တစ္ပတ္ျခားတစ္ခါေခၚဖို႔ တရား႐ုံးကို ေတာင္းဆိုခဲ့ပါတယ္။

အတိုင္ပင္ခံပုဂၢိဳလ္ရဲ့အခ်ိန္ေတြဟာ တစ္ပတ္မွာ ၃ ရက္ ႐ုံးခ်ိန္းသြားရၿပီး က်န္တဲ့ရက္ေတြမွာလည္း အမႈအတြက္ျပင္ဆင္တာေတြနဲ႔ပဲ အခ်ိန္ကုန္တဲ့သေဘာ သက္ေရာက္ေနတာပါ။ တရား႐ုံးကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ေတာင္းဆိုခ်က္ကို ေအာက္တိုဘာ ၁၁ ရက္ေန႔႐ုံးခ်ိန္းၾကရင္ အဆုံးအျဖတ္ေပးမယ္လို႔ တုံ႔ျပန္ထားပါတယ္။

ေရွ႕ေန ဦးခင္ေမာင္ေဇာ္ “သူကတရား႐ုံးကို ေလၽွာက္လႊာတင္တယ္။ တပတ္ျခားတစ္ခါခ်ိန္းေပးဖို႔။ သူက သူ႔က်န္းမာေရးအေျခအေနကို အေၾကာင္းျပတယ္။ အခုက အမႈေတြက တနလၤာကေန ေသာၾကာေန႔အထိ ဆက္တိုက္ျဖစ္ေနၿပီဗ်။ ႐ုံးဖြင့္ရက္ေတြအကုန္လုံးကို ႐ုံးကိုလာေနရတယ္ဗ်ာ။ သူပင္ပန္းတယ္ေပါ့ အဲ့ဒါကိုေျပာတာပါ။”လို႔ ေျပာပါတယ္။

ဒီေန႔မနက္ ေနျပည္ေတာ္ ဇမၺဴသီရိအထူးတရား႐ုံးမွာ နိုင္ငံေတာ္သမၼတနဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ အေပၚ တရားစြဲဆိုထားတဲ့ သဘာဝေဘးဥပေဒပုဒ္မအမႈေတြကို ဆက္လက္စစ္ေဆးခဲ့ပါတယ္။ မြန္းလြဲပိုင္းမွာေတာ့ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အေပၚ စြဲဆိုထားတဲ့ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မနဲ႔ ဆက္သြယ္ေရးဥပေဒပုဒ္မေတြကို စစ္ေဆးခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစတင္ၿပီး စစ္ေကာင္စီက ပုဒ္မ ၆ ခုနဲ႔ တရားစြဲခဲ့ၿပီး ဇြန္လ ၉ ရက္ေန႔မွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ နဲ႔ အမႈထပ္ဖြင့္ခဲ့ပါတယ္။

ဇူလိုင္ ၁၂ ရက္ေန႔ ႐ုံးခ်ိန္းမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ အဂတိပုဒ္မ အမႈေလးခုနဲ႔ထပ္မံစြဲဆိုခဲ့တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ရင္ဆိုင္ေနရတဲ့ အမႈစုစုေပါင္း ၁၁ မႈအထိ ရွိေနပါတယ္။

Photo Credit Wikimedia commons

Source DVB

Credit