Knowledge
သင်ရွေးချယ်လိုက်တဲ့ နတ်သမီးက ပြောပြမယ့် သင့်ရဲ့လတ်တလောလိုအပ်ချက်
သင်ရွေးချယ်လိုက်တဲ့ နတ်သမီးက ပြောပြမယ့် သင့်ရဲ့လတ်တလောလိုအပ်ချက်
ခရမ်းရောင်နတ်သမီး
မိမိကိုယ်ကို ရင့်ကျက်လာအောင် လက်ရှိနေရာထက် တိုးတက်လာအောင် လေ့လာသင်ယူစရာရှိတာတွေကို သင်ယူဖို့ အချိန်ရောက်နေပါပြီ။ လတ်တလော ကြုံနေရတဲ့ အဖြစ်အပျက်တွေကိုလည်း လက်လွတ်စပယ် သတိမပြုဘဲ မနေလိုက်ပါနဲ့။ ထိုအဖြစ်အပျက်တွေကနေ သင်လက်ရှိ ဘာလုပ်ဖို့ လိုအပ်နေလဲဆိုတာ ပိုသိသွားစေနိုင်လို့ပါ။
အပြာရောင်နတ်သမီး
လက်ရှိအခိုက်အတန့်တွေကိုပဲ အာရုံစိုက်ပါ။ သင့်အတွက် အရေးကြီးတာတွေအတွက်ပဲ အချိန်ကုန်ခံပါ။ အတိတ်အကြောင်းတွေးလိုက်၊ အနာဂတ်အကြောင်း ပူပန်လိုက်၊ အသေးအဖွဲကိစ္စတွေအတွက် အတွေးလွန်လိုက် ဖြစ်နေတာတွေကို ရပ်လိုက်ပါ။ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ပြီး ကောင်းအောင်ကြိုးစားနေရင် သင်ဒီထက် ပိုအဆင်ပြေလာပါလိမ့်မယ်။
အနီရောင်နတ်သမီး
သင်ဟာ အနာဂတ်အတွက် တွေးပြီး အရမ်းပူပန်နေတဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ လိုနေပါတယ်။ ပျော်ပျော်နေလိုက်ပါ။ ချုပ်တည်းထားတဲ့ စိတ်တွေကို နည်းနည်းဖြေလျှော့ပေးလိုက်ပါ။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေအပေါ် ပြန်ကောင်းပေးပြီး ဘဝရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို လက်လွှတ်မခံဘဲ တက်တက်ကြွကြွနေသင့်ပါတယ်။
credit to shwemom
Zawgyi
ခရမ်းရောင်နတ်သမီး
အပြာရောင်နတ်သမီး
အနီရောင်နတ်သမီး
credit to shwemom