Knowledge

သင် ဖြတ်သွားလိုတဲ့ တံခါးကဖော်ပြမယ့် သင့်အကြောင်း

သင် ဖြတ်သွားလိုတဲ့ တံခါးကဖော်ပြမယ့် သင့်အကြောင်း

သင် နံပါတ် (၁) တံခါးကိုရွေးချယ်ခဲ့ရင်

သင်က အပျော်အပါးကိုနှစ်သက်သူဖြစ်ပြီး အရာရာတိုင်းကို သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးပဲဖြစ်စေချင်တဲ့သူဖြစ်တယ်။ လူတွေအပေါ်မှာ ပြုစုစောင့်ရှောက်တတ်ပြီး ဘဝထဲက စည်းစိမ်သေးသေးလေးကအစ သဘောကျခံစားတတ်သူဖြစ်တယ်။ တခြားသော ယဉ်ကျေးမှုတွေကို လေ့လာဖို့နဲ့

ခရီးထွက်ရတာကိုလည်းအလွန်နှစ်သက်တဲ့သူဖြစ်တယ်။ လူတိုင်းအတွက် တကယ့်အကောင်းဆုံးတွေကိုပဲပေးဆပ်လိုပြီး နွေးထွေးမှုရှိတဲ့ အသိုက်အမြုံ၊ ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးတည်ဆောက်လိုတယ်။ သင် အကူအညီ၊ အထောက်အပံလိုအပ်နေတယ်လို့ ခံစားနေရတာတွေရှိရင် ဘယ်သူ့ကိုမဆို အကူအညီတောင်းနိုင်တာကို သတိရပါ။

နံပါတ် (၂) တံခါးကိုရွေးချယ်ခဲ့ရင်

သင်ရဲ့ ပျော်ရွှင်မြူးကြွတဲ့ ပင်ကိုစရိုက်က သင့်အား ငယ်ရွယ်ပျိုမျစ်နေစေပါတယ်။ သင်ဟာ သာမန်အားဖြင့် အပူအပင်မထားတတ်သော်လည်း မိမိကိုယ်ကို ယုံကြည်မှုနည်းနေတတ်တယ်၊ ဘဝထဲက သတ်သတ်မှတ်မှတ်ဖြစ်သော အရာတွေနဲ့ ပတ်သက်ရင် စိုးရိမ်ပူပန်မှုတွေရှိတယ်။ သင်ဟာ စနစ်မကျဘူး။

ရှုပ်ထွေးတဲ့ အခက်အခဲပြဿနာတွေကို ဘယ်ကနေဘယ်လိုစပြီး ဖြေရှင်းရမလဲတောင် မသိနိုင်ဖြစ်နေတတ်တယ်။ သင်ဟာ မာနကြီးတဲ့ သူတစ်ယောက်ဖြစ်တယ်၊ ကိုယ့်ကိုကိုယ် အခုထက်ပိုပြီး ချစ်တတ်အောင်၊ တန်ဖိုးထားတတ်အောင် လေ့လာဖို့လည်းလိုအပ်နေတယ်။

ကိုယ့်အကြောင်းကို ထုတ်ဖော်ပြသမှုတွေထဲမှ ကိုယ့်ရဲ့ စစ်မှန်မှုတွေကို ရှာဖွေသင့်တယ်။ သင့်ကို အကူအညီပေးနိုင်သူတွေ အနားမှာ အများကြီးရှိပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်က အကူအညီတွေကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုတာကို သိစေပါ။ လူတွေကို လက်ခံတတ်တာလာတာနဲ့ အမျှ ဘဝကလည်း ပိုမို အဆင်ပြေအေးချမ်းမှုတွေရှိလာမှာပါ။

နံပါတ် (၃) တံခါးကိုရွေးချယ်ခဲ့ရင်

သင်ဟာ တစ်မူထူးခြားတဲ့ ပင်ကိုစရိုက်ရှိပြီး ဒီအရာကပဲ အမြဲအရာကိစ္စတွေကိုဖြစ်မြောက်စေပါတယ်။ သင်ဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ ပြောင်မြောက်တဲ့သူဖြစ်ပြီး ဒါနဲ့ပဲ ခြိုးခြံခြွေတာသော နေထိုင်မှုမှာ ဂုဏ်ယူနေရသူဖြစ်တယ်။ ရှုပ်ထွေးတဲ့ ဘဝမှာ အခြေခံကျကျ ရှင်သန်လိုတဲ့သူဖြစ်တယ်။

တခြားသူတွေကို အကူအညီပေးဖို့ နှစ်သက်သဘောကျတဲ့သူဖြစ်တယ်။ ကာယစွမ်းဖြင့် ဖြစ်စေ၊ ဉာဏစွမ်းဖြင့်ဖြစ်စေ အကူအညီပေးဖို့ အမြဲအသင့်ရှိနေလေ့ရှိတယ်။ ဒီလိုဘဝတစ်ခုကို ပိုင်ဆိုင်ထားတာ အင်မတန် မြင့်မြတ်တယ်ဆိုတာ အမှတ်ရပါ။ သင့်ကိုယ်သင် အံသြဖွယ်ရာကောင်းသူအဖြစ် သတ်မှတ်မယ်ဆိုလည်း အဆင်ပြေတယ်။ တကယ်လည်း လူထူးကိုး

နံပါတ် (၄) တံခါးကိုရွေးချယ်ခဲ့ရင်

သင်ဟာ ရှေးကျတဲ့ စိတ်ဝိညာဉ်ရှိသူဖြစ်ပြီး အနည်းငယ် မူယာမူရာရှိတတ်တယ်။ အလွန်အနုပညာအရည်အသွေးရှိသူဖြစ်ပြီး စာတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ တခြားသောနည်းလမ်းတွေနဲ့ကိုယ့်အကြောင်းကိုယ်ဖော်ပြတတ်တယ်။ သင်ဟာ အလွန် ပွင့်လင်းဖော်ရွေနေတတ်သလို၊

တိတ်ဆိတ်စွာနဲ့ သီးသန့်နေတတ်သူလည်းဖြစ်တယ်။ အမြဲလိုလို သတိချပ်နေပြီး ကိုယ့်အတွေးတွေနဲကိုယ် တစ်ခါတလေမှာ ဒုက္ခရောက်နေတတ်တယ်။ သင့်ကို ဘယ်သူကမှ တကယ်နားမလည်ပေးနိုင်ဘူးလိုထင်နေတတ်တယ်။ သင့်ခံစားမှုတွေ၊ ကိုယ့်အကြောင်းတွေကို ဖွင့်ဟ ဖော်ပြပြီး

မျှဝေမယ်ဆိုရင် အခုထက်ပိုပြီး ခံစားမှုတွေဟာ ပိုပြီးထူးခြားကောင်းမွန်လာပါလိမ့်မယ်။ သင်ဟာ ဘယ်သောအခါမှ အပြစ်၊ အနာအဆာတွေနဲ့ မကင်းနိုင်ဘူးဆိုတာကို လက်ခံနိုင်ရမယ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ကြံ့ကြံ့ခိုင်နိုင်အောင် အားထုတ်သင့်ပါတယ်။ လူတွေက သူတို့ရဲ့ ခံစားချက်တွေကို သင့်နဲ့အတူမျှဝေဖို့ ဆန္ဒတွေရှိနေပြီး သင့်ကိုလည်း ထိုနည်း၄င်းရှိစေချင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

Credit

Zawgyi

သင္ ျဖတ္သြားလိုတဲ့ တံခါးကေဖာ္ျပမယ့္ သင့္အေၾကာင္း

သင္ နံပါတ္ (၁) တံခါးကိုေရြးခ်ယ္ခဲ့ရင္

သင္က အေပ်ာ္အပါးကိုႏွစ္သက္သူျဖစ္ၿပီး အရာရာတိုင္းကို သက္သက္သာသာနဲ႔ ေပါ့ေပါ့ပါးပါးပဲျဖစ္ေစခ်င္တဲ့သူျဖစ္တယ္။ လူေတြအေပၚမွာ ျပဳစုေစာင့္ေရွာက္တတ္ၿပီး ဘဝထဲက စည္းစိမ္ေသးေသးေလးကအစ သေဘာက်ခံစားတတ္သူျဖစ္တယ္။ တျခားေသာ ယဥ္ေက်းမႈေတြကို ေလ့လာဖို႔နဲ႔

ခရီးထြက္ရတာကိုလည္းအလြန္ႏွစ္သက္တဲ့သူျဖစ္တယ္။ လူတိုင္းအတြက္ တကယ့္အေကာင္းဆုံးေတြကိုပဲေပးဆပ္လိုၿပီး ေႏြးေထြးမႈရွိတဲ့ အသိုက္အျမဳံ၊ ပတ္ဝန္းက်င္တစ္ခုကိုဖန္တီးတည္ေဆာက္လိုတယ္။ သင္ အကူအညီ၊ အေထာက္အပံလိုအပ္ေနတယ္လို႔ ခံစားေနရတာေတြရွိရင္ ဘယ္သူ႔ကိုမဆို အကူအညီေတာင္းနိုင္တာကို သတိရပါ။

နံပါတ္ (၂) တံခါးကိုေရြးခ်ယ္ခဲ့ရင္

သင္ရဲ့ ေပ်ာ္ရႊင္ျမဴးႂကြတဲ့ ပင္ကိုစရိုက္က သင့္အား ငယ္ရြယ္ပ်ိဳမ်စ္ေနေစပါတယ္။ သင္ဟာ သာမန္အားျဖင့္ အပူအပင္မထားတတ္ေသာ္လည္း မိမိကိုယ္ကို ယုံၾကည္မႈနည္းေနတတ္တယ္၊ ဘဝထဲက သတ္သတ္မွတ္မွတ္ျဖစ္ေသာ အရာေတြနဲ႔ ပတ္သက္ရင္ စိုးရိမ္ပူပန္မႈေတြရွိတယ္။ သင္ဟာ စနစ္မက်ဘူး။

ရႈပ္ေထြးတဲ့ အခက္အခဲျပႆနာေတြကို ဘယ္ကေနဘယ္လိုစၿပီး ေျဖရွင္းရမလဲေတာင္ မသိနိုင္ျဖစ္ေနတတ္တယ္။ သင္ဟာ မာနႀကီးတဲ့ သူတစ္ေယာက္ျဖစ္တယ္၊ ကိုယ့္ကိုကိုယ္ အခုထက္ပိုၿပီး ခ်စ္တတ္ေအာင္၊ တန္ဖိုးထားတတ္ေအာင္ ေလ့လာဖို႔လည္းလိုအပ္ေနတယ္။

ကိုယ့္အေၾကာင္းကို ထုတ္ေဖာ္ျပသမႈေတြထဲမွ ကိုယ့္ရဲ့ စစ္မွန္မႈေတြကို ရွာေဖြသင့္တယ္။ သင့္ကို အကူအညီေပးနိုင္သူေတြ အနားမွာ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ သင္ကိုယ္တိုင္က အကူအညီေတြကို လက္ခံဖို႔ ဆႏၵရွိတယ္ဆိုတာကို သိေစပါ။ လူေတြကို လက္ခံတတ္တာလာတာနဲ႔ အမၽွ ဘဝကလည္း ပိုမို အဆင္ေျပေအးခ်မ္းမႈေတြရွိလာမွာပါ။

နံပါတ္ (၃) တံခါးကိုေရြးခ်ယ္ခဲ့ရင္

သင္ဟာ တစ္မူထူးျခားတဲ့ ပင္ကိုစရိုက္ရွိၿပီး ဒီအရာကပဲ အျမဲအရာကိစၥေတြကိုျဖစ္ေျမာက္ေစပါတယ္။ သင္ဟာ ျပႆနာေတြကို ေျဖရွင္းရာမွာ ေျပာင္ေျမာက္တဲ့သူျဖစ္ၿပီး ဒါနဲ႔ပဲ ၿခိဳးၿခံေႁခြတာေသာ ေနထိုင္မႈမွာ ဂုဏ္ယူေနရသူျဖစ္တယ္။ ရႈပ္ေထြးတဲ့ ဘဝမွာ အေျခခံက်က် ရွင္သန္လိုတဲ့သူျဖစ္တယ္။

တျခားသူေတြကို အကူအညီေပးဖို႔ ႏွစ္သက္သေဘာက်တဲ့သူျဖစ္တယ္။ ကာယစြမ္းျဖင့္ ျဖစ္ေစ၊ ဉာဏစြမ္းျဖင့္ျဖစ္ေစ အကူအညီေပးဖို႔ အျမဲအသင့္ရွိေနေလ့ရွိတယ္။ ဒီလိုဘဝတစ္ခုကို ပိုင္ဆိုင္ထားတာ အင္မတန္ ျမင့္ျမတ္တယ္ဆိုတာ အမွတ္ရပါ။ သင့္ကိုယ္သင္ အံၾသဖြယ္ရာေကာင္းသူအျဖစ္ သတ္မွတ္မယ္ဆိုလည္း အဆင္ေျပတယ္။ တကယ္လည္း လူထူးကိုး

နံပါတ္ (၄) တံခါးကိုေရြးခ်ယ္ခဲ့ရင္

သင္ဟာ ေရွးက်တဲ့ စိတ္ဝိညာဥ္ရွိသူျဖစ္ၿပီး အနည္းငယ္ မူယာမူရာရွိတတ္တယ္။ အလြန္အႏုပညာအရည္အေသြးရွိသူျဖစ္ၿပီး စာေတြ၊ ကဗ်ာေတြ၊ သီခ်င္းေတြ၊ တျခားေသာနည္းလမ္းေတြနဲ႔ကိုယ့္အေၾကာင္းကိုယ္ေဖာ္ျပတတ္တယ္။ သင္ဟာ အလြန္ ပြင့္လင္းေဖာ္ေရြေနတတ္သလို၊

တိတ္ဆိတ္စြာနဲ႔ သီးသန႔္ေနတတ္သူလည္းျဖစ္တယ္။ အျမဲလိုလို သတိခ်ပ္ေနၿပီး ကိုယ့္အေတြးေတြနဲကိုယ္ တစ္ခါတေလမွာ ဒုကၡေရာက္ေနတတ္တယ္။ သင့္ကို ဘယ္သူကမွ တကယ္နားမလည္ေပးနိုင္ဘူးလိုထင္ေနတတ္တယ္။ သင့္ခံစားမႈေတြ၊ ကိုယ့္အေၾကာင္းေတြကို ဖြင့္ဟ ေဖာ္ျပၿပီး

မၽွေဝမယ္ဆိုရင္ အခုထက္ပိုၿပီး ခံစားမႈေတြဟာ ပိုၿပီးထူးျခားေကာင္းမြန္လာပါလိမ့္မယ္။ သင္ဟာ ဘယ္ေသာအခါမွ အျပစ္၊ အနာအဆာေတြနဲ႔ မကင္းနိုင္ဘူးဆိုတာကို လက္ခံနိုင္ရမယ္၊ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ႀကံ့ႀကံ့ခိုင္နိုင္ေအာင္ အားထုတ္သင့္ပါတယ္။ လူေတြက သူတို႔ရဲ့ ခံစားခ်က္ေတြကို သင့္နဲ႔အတူမၽွေဝဖို႔ ဆႏၵေတြရွိေနၿပီး သင့္ကိုလည္း ထိုနည္း၄င္းရွိေစခ်င္တယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။

Credit