Local News

ကရင်ပြည်နယ်တွင် စစ်ကောင်စီယဉ်တန်းကို

ကရင်ပြည်နယ်တွင် စစ်ကောင်စီယဉ်တန်းကို KNU/KNLA တပ်က RPG ဖြင့်ထုပြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၃ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်၊ ဖာပွန်-ကမမောင်းလမ်းပိုင်းတွင် အင်အားတိုးချဲ့လာသော

စစ်ကောင်စီယာဉ်တန်းကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNU/KNLA က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်

စက်တင်ဘာလ ၃၀ ရက်နေ့ ဖာပွန်-ကမမောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်များကို KNLA က ကြားဖြတ်တိုက်ခိုက်မှု တိုက်ပွဲ ၆ ကြိမ်အနက် လုပ်ဆောင်ခဲ့ပြီးယခု ဗီဒီယိုမှာ ကြားဖြတ် တိုက်ပွဲ ၁ ခု၏ မြင်ကွင်းဗီဒီယို ဖြစ်သည်ဟု KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်

စက်တင်ဘာ ၃၀ ရက်တွင် စစ်ကောင်စီ စကခ ၈၊ ခမရ ၄၀၈ တပ်ရင်းနှင့် KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ ကြား တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၃ ဦးသေဆုံးကာ၊ တပ်ရင်းမှူး ၂ ဦး အပါအဝင် ၃၀ ခန့် ဒဏ်ရာရကြောင်း တပ်မဟာ ၅ မူတြော်သတင်းစဉ်ကယနေ့ထုတ်ပြန်ထားသည်

Credit

Zawgyi






Credit