Local News

အင်းသားများ ကုန်းပေါ်ပြောင်းနေဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

အင်းလေးကန်၏ အရွယ်အစားမှာ ယခင်ကထက် ရေလွှမ်းမိုးမှု လျော့နည်းလာသဖြင့် ရေဖုံးလွှမ်းဧရိယာပေါ်တွင် လူဦးရေပမာဏတိုးမြှင့်မှု

မရှိစေရေး ကုန်းပေါ်တွင်တဖြည်းဖြည်း ပြောင်းရွှေ့နေနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည

အောက်တိုဘာလ ၂ရက်က တောင်ကြီးမြို့နယ်ရှိ အေးသာယာစက်မှုဇုန်သို့ သွားရောက်စဉ် ၎င်း၏ နောက်လိုက်နောက်ပါများကို

ပြောကြားရာတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။အင်းလေးကန်၏ အရွယ်အစားသည် ရှေးယခင်ကရှိခဲ့သည်ထက် ရေဖုံးလွှမ်းမှုပမာဏ လျော့နည်းလာသည်ကို

သတိပြုရန်လိုကြောင်း၊ ရေဖုံးလွှမ်းဧရိယာပေါ်တွင် နေထိုင်သည့် လူဦးရေပမာဏ ထပ်မံတိုးမြှင့်မှု မရှိစေရေးနှင့် ရေပေါ်မှတဆင့် ရေစပ်၊ ရေစပ်မှတဆင့်ကုန်းပေါ်သို့

တဖြည်းဖြည်းပြောင်းရွှေ့နေထိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျွန်းမျှောလုပ်ကိုင်မှုကိုလည်း လျှော့ချရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသည်။

အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ကလောမြို့တပ်နယ်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ဆုံရာ၌ တပ်မတော်တွင် အခြေခံ သင်တန်းများ တက်ရောက်ပြီး သည်နှင့် မိမိကိုယ်ကို ထိန်းကြောင်းဆောင်ရွက်ကြရပြီး လိုက်နာရန် လိုအပ်သည်များကို

လိုက်နာ၍ စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း စစ်ခေါင်း ဆောင်က ပြောသည်။

ထို့ပြင် အုပ်ချုပ်ရေးနှင့် ပတ်သက်၍ မိမိကိုယ်ကို ထိန်း သိမ်းသကဲ့သို့ လက်အောက် ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို

မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ လက်အောက်၏ လိုအပ်ချက်ကို မိမိဖြေရှင်း၍ ရသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းပေးနိုင်ရေး စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ထိုသို့ လုပ်ဆောင်ပြီး စစ်စည်းကမ်းကောင်းမွန်၍ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကောင်းမွန်ခိုင်မြဲလာမည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

စစ်ခေါင်းဆောင်က နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ် ကြောင်း၊ ထိုလမ်းကြောင်းသည် ပြည်သူက ရွေးချယ်ထားခြင်း ဖြစ်သည့်အတွက်

တိုင်းပြည်နှင့် ပြည်သူ ကာ ကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်အနေ ဖြင့် မျက်ကွယ်ပြု၍ မရဘဲ ခိုင်ခိုင်မာမာဖြစ်တည်ရေး ထိန်းသိမ်း ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊

တပ်မတော်အနေဖြင့် ပြည်သူတရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး အတွက် ဖော်ဆောင်ပေးခဲ့ပြီး

၂၀၁၂ ခုနှစ်တွင် ရွေး ကောက်ပွဲ ဥပဒေအချို့ကို ပြင်ဆင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး လုပ်ဆောင်ပေးခဲ့ကြောင်း ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်ကြီးမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တောင်ကြီး၊ အေးသာယာ၊ ကလော စသည့်အနီးတဝိုက်မြို့များတွင် လှည့်လည်ကာ

ဆွေးနွေးဟောပြောမှုများပြုလုပ်သည်။ထိုသို့ ပြုလုပ်ရာတွင် ၎င်းအစဉ်အစိုက်ပြောဆိုလေ့ရှိသည့် လျှပ်စစ်ရထားနှင့် မြေအောက်ရထားဖောက်လုပ်ရန် အကြောင်းကိုမူ ထည့်သွင်းပြောဆိုသည်ကို မတွေ့ရတော့ပေ။

Credit

Zawgyi

အင္းေလးကန္၏ အရြယ္အစားမွာ ယခင္ကထက္ ေရလႊမ္းမိုးမႈ ေလ်ာ့နည္းလာသျဖင့္ ေရဖုံးလႊမ္းဧရိယာေပၚတြင္ လူဦးေရပမာဏတိုးျမႇင့္မႈ မရွိေစေရး ကုန္းေပၚတြင္တျဖည္းျဖည္း ေျပာင္းေရႊ႕ေနနိုင္ေရး ေဆာင္ရြက္ရန္လိုေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာသည

ေအာက္တိုဘာလ ၂ရက္က ေတာင္ႀကီးၿမိဳ႕နယ္ရွိ ေအးသာယာစက္မႈဇုန္သို႔ သြားေရာက္စဥ္ ၎၏ ေနာက္လိုက္ေနာက္ပါမ်ားကို ေျပာၾကားရာတြင္ ထည့္သြင္းေျပာဆိုျခင္းျဖစ္သည္။အင္းေလးကန္၏ အရြယ္အစားသည္ ေရွးယခင္ကရွိခဲ့သည္ထက္ ေရဖုံးလႊမ္းမႈပမာဏ ေလ်ာ့နည္းလာသည္ကို

သတိျပဳရန္လိုေၾကာင္း၊ ေရဖုံးလႊမ္းဧရိယာေပၚတြင္ ေနထိုင္သည့္ လူဦးေရပမာဏ ထပ္မံတိုးျမႇင့္မႈ မရွိေစေရးႏွင့္ ေရေပၚမွတဆင့္ ေရစပ္၊ ေရစပ္မွတဆင့္ကုန္းေပၚသို႔ တျဖည္းျဖည္းေျပာင္းေရႊ႕ေနထိုင္ေရး ေဆာင္ရြက္ရန္လိုေၾကာင္း၊ ကၽြန္းေမၽွာလုပ္ကိုင္မႈကိုလည္း ေလၽွာ့ခ်ရန္လိုေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ထည့္သြင္းေျပာၾကားသည္။

ေအာက္တိုဘာ ၂ ရက္ ေန႔လယ္ပိုင္းတြင္ ကေလာၿမိဳ႕တပ္နယ္ခန္းမ၌ ေတြ႕ဆုံခဲ့ျခင္းျဖစ္ၿပီး ထိုသို႔ ေတြ႕ဆုံရာ၌ တပ္မေတာ္တြင္ အေျခခံ သင္တန္းမ်ား တက္ေရာက္ၿပီး သည္ႏွင့္ မိမိကိုယ္ကို

ထိန္းေၾကာင္းေဆာင္ရြက္ၾကရၿပီး လိုက္နာရန္ လိုအပ္သည္မ်ားကို လိုက္နာ၍ ေစာင့္ထိန္းသင့္သည္မ်ားကို ေစာင့္ထိန္းျခင္းသည္ မိမိကိုယ္ကို ထိန္းသိမ္းေဆာင္ရြက္ျခင္းပင္ ျဖစ္ေၾကာင္း စစ္ေခါင္း ေဆာင္က ေျပာသည္။

ထို႔ျပင္ အုပ္ခ်ဳပ္ေရးႏွင့္ ပတ္သက္၍ မိမိကိုယ္ကို ထိန္း သိမ္းသကဲ့သို႔ လက္ေအာက္ ငယ္သားမ်ားကိုလည္း ထိန္းသိမ္းကာ ရသင့္ရထိုက္သည့္ အခြင့္အေရးမ်ားကို မွန္မွန္ကန္ကန္ျဖင့္ ျဖည့္ဆည္းေပးရမည္ ျဖစ္ေၾကာင္း၊ လက္ေအာက္၏ လိုအပ္ခ်က္ကို မိမိေျဖရွင္း၍ ရသည့္ နည္းလမ္းေပါင္းစုံျဖင့္ ေျဖရွင္းေပးနိုင္ေရး စဥ္းစား ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊

ထိုသို႔ လုပ္ေဆာင္ၿပီး စစ္စည္းကမ္းေကာင္းမြန္၍ အုပ္ခ်ဳပ္ေထာက္ပံ့မႈမ်ား ေကာင္းမြန္မည္ဆိုပါက စိတ္ဓာတ္ပိုင္းဆိုင္ရာတြင္လည္း ေကာင္းမြန္ခိုင္ျမဲလာမည္ ျဖစ္ေၾကာင္း ေျပာဆိုသြားသည္။

စစ္ေခါင္းေဆာင္က နိုင္ငံေတာ္သည္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလၽွာက္လွမ္းေနျခင္းျဖစ္ ေၾကာင္း၊ ထိုလမ္းေၾကာင္းသည္ ျပည္သူက ေရြးခ်ယ္ထားျခင္း ျဖစ္သည့္အတြက္

တိုင္းျပည္ႏွင့္ ျပည္သူ ကာ ကြယ္ေရး တာဝန္ထမ္းေဆာင္ေနသည့္ တပ္မေတာ္အေန ျဖင့္ မ်က္ကြယ္ျပဳ၍ မရဘဲ ခိုင္ခိုင္မာမာျဖစ္တည္ေရး ထိန္းသိမ္း ေဆာင္ရြက္ရန္ တာဝန္ရွိေၾကာင္း၊

တပ္မေတာ္အေနျဖင့္ ျပည္သူတရပ္လုံး၏ ဆႏၵျဖစ္သည့္ ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလၽွာက္လွမ္းနိုင္ေရး အတြက္ ေဖာ္ေဆာင္ေပးခဲ့ၿပီး ၂၀၁၂ ခုႏွစ္တြင္ ေရြး ေကာက္ပြဲ ဥပေဒအခ်ိဳ႕ကို ျပင္ဆင္၍ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီကို ေရြးေကာက္ပြဲတြင္ ပါဝင္နိုင္ေရး လုပ္ေဆာင္ေပးခဲ့ေၾကာင္း ေျပာသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရွိေနျခင္းျဖစ္ၿပီး ေတာင္ႀကီး၊ ေအးသာယာ၊ ကေလာ စသည့္အနီးတဝိုက္ၿမိဳ႕မ်ားတြင္ လွည့္လည္ကာ

ေဆြးေႏြးေဟာေျပာမႈမ်ားျပဳလုပ္သည္။ထိုသို႔ ျပဳလုပ္ရာတြင္ ၎အစဥ္အစိုက္ေျပာဆိုေလ့ရွိသည့္ လၽွပ္စစ္ရထားႏွင့္ ေျမေအာက္ရထားေဖာက္လုပ္ရန္ အေၾကာင္းကိုမူ ထည့္သြင္းေျပာဆိုသည္ကို မေတြ႕ရေတာ့ေပ။

Credit