Local News

ဗဟိုဘဏ်နဲ့ စက်သုံးဆီလုပ်ငန်းရှင်ကြားထဲမှာ လည်စင်းခံနေကြရတဲ့ ပြည်သူတွေဘဝ

ဗဟိုဘဏ်နဲ့ စက်သုံးဆီလုပ်ငန်းရှင်ကြားထဲမှာ လည်စင်းခံနေကြရတဲ့ ပြည်သူတွေဘဝ

ဗဟိုဘဏ်က စက်သုံးဆီအသင်းနဲ့ပူးပေါင်းပြီး လုပ်ငန်းအချို့ထံ ကန်ဒေါ်လာသန်းချီကို ပြင်ပပေါက်ဈေးထက်လျှော့ရောင်းပြီး ဆီဈေးချရောင်းခိုင်းထားပေမယ့် ပြင်ပဈေးကွက်မှာ 92 Ron တစ်လီတာက ကျပ် (၁၅၀၀)အထက်ကိုရောက်ရှိနေတာဖြစ်ပါတယ်

စက်သုံးဆီအသင်းနဲ့ ပူးပေါင်းရောင်းချနေတဲ့ဆိုင်အချို့ရဲ့ 92 Ron အပါအဝင်စက်သုံးဆီအမျိုးအစားတွေရဲ့တစ်လီတာပျမ်းမျှ ဈေးနှုန်းက ကျပ် (၁၁၀၀) ခန့်သာရှိနေပြီး အဆိုပါဈေးနှုန်းနဲ့

စက်တင်ဘာ (၂၂)ရက်နေ့မှ စတင်ကာနိုင်ငံတစ်ဝှမ်းကအရောင်းဆိုင် (၂၁၃) ဆိုင်က ယနေ့အထိ 92 Ron လီတာ (၆.၃)သန်း၊ ဒီဇယ်လီတာ (၆.၂)သန်းနဲ့ (ပရီမီယံ) ဒီဇယ်လီတာ (၅.၇)သန်းကျော် ရောင်းချပေးထားတယ်လိုသိရပါတယ်

ပြည်ပဈေးကွက်မှာစက်သုံးဆီအမျိုးအစားအားလုံးရဲ့ဈေးနှုန်းတွေက တစ်လီတာကို ကျပ်(၁၅၀၀)အထက်ကိုရောက်ရှိနေပြီး ဒီဈေးနှုန်းတွေက ဖေဖော်ဝါရီလနောက်ပိုင်း (၈)လအတွင်း (၁၀၀)ရာခိုင်နှုန်းကျော်အထိမြင့်တက်လာတာလည်းဖြစ်ပါတယ်

ဖေဖော်ဝါရီလ (၂)ရက်နေ့က ကျပ်(၆၆၀)ကျပ်ရှိခဲ့တဲ့ 92 Ron တစ်လီတာဈေးက ယခုအခါ (၁၅၅၅)ကျပ်ကို ရောက်ရှိလာပြီး တစ်လီတာ (၇၅၀)ကျပ်သာ ရှိခဲ့တဲ့ 95 Ron တစ်လီတာကလည်း ယခုအခါ (၁၅၇၅)ကျပ်အထိ တဟုန်းထိုးမြင့်တက်လာခဲ့တာဖြစ်ပါတယ်

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီဈေးနှုန်းကျဆင်းစေဖို့ရည်ရွယ်ပြီး ပြင်ပပေါက်ဈေးတစ်ဒေါ်လာ ကျပ် (၂၀၀၀)အထက်ရှိနေချိန်အမေရိကန်ဒေါ်လာသန်း(၄၀)ကို ပျမ်းမျှငွေလဲနှုန်း (၁၇၅၀)ကျပ်နဲ့ ပြီးခဲ့တဲ့လအတွင်းရောင်းချပေးခဲ့ပါတယ်

မြန်မာနိုင်ငံအနေနဲ့တစ်နှစ်ကို ပြည်ပကစက်သုံးဆီတန်ချိန် (၆)သန်းခန့် တင်သွင်းနေရပြီး လက်ရှိဘဏ္ဍာနှစ် (၇)လအတွင်းစက်သုံးဆီတန်ချိန် (၂.၇)သန်းတင်သွင်းထားတယ်လို့သိရပါတယ်

အဆိုပါတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ (၁.၂)ဘီလီယံကိုအသုံးပြုထားရပြီး ဒီပမာဏက ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တန်ချိန် (၁)သန်းခန့်၊တန်ဖိုးအားဖြင့် ဒေါ်လာ (၆၆၃)သန်းကျော်လျှော့ချတင်သွင်းထားတယ်လို့သိရပါတယ်

Ref:BETV Business

Credit

Zawgyi

ဗဟိုဘဏ္နဲ႔ စက္သုံးဆီလုပ္ငန္းရွင္ၾကားထဲမွာ လည္စင္းခံေနၾကရတဲ့ ျပည္သူေတြဘဝ

ဗဟိုဘဏ္က စက္သုံးဆီအသင္းနဲ႔ပူးေပါင္းၿပီး လုပ္ငန္းအခ်ိဳ႕ထံ ကန္ေဒၚလာသန္းခ်ီကို ျပင္ပေပါက္ေဈးထက္ေလၽွာ့ေရာင္းၿပီး ဆီေဈးခ်ေရာင္းခိုင္းထားေပမယ့္ ျပင္ပေဈးကြက္မွာ 92 Ron တစ္လီတာက က်ပ္ (၁၅၀၀)အထက္ကိုေရာက္ရွိေနတာျဖစ္ပါတယ္

စက္သုံးဆီအသင္းနဲ႔ ပူးေပါင္းေရာင္းခ်ေနတဲ့ဆိုင္အခ်ိဳ႕ရဲ့ 92 Ron အပါအဝင္စက္သုံးဆီအမ်ိဳးအစားေတြရဲ့တစ္လီတာပ်မ္းမၽွ ေဈးႏႈန္းက က်ပ္ (၁၁၀၀) ခန႔္သာရွိေနၿပီး အဆိုပါေဈးႏႈန္းနဲ႔

စက္တင္ဘာ (၂၂)ရက္ေန႔မွ စတင္ကာနိုင္ငံတစ္ဝွမ္းကအေရာင္းဆိုင္ (၂၁၃) ဆိုင္က ယေန႔အထိ 92 Ron လီတာ (၆.၃)သန္း၊ ဒီဇယ္လီတာ (၆.၂)သန္းနဲ႔ (ပရီမီယံ) ဒီဇယ္လီတာ (၅.၇)သန္းေက်ာ္ ေရာင္းခ်ေပးထားတယ္လိုသိရပါတယ္

ျပည္ပေဈးကြက္မွာစက္သုံးဆီအမ်ိဳးအစားအားလုံးရဲ့ေဈးႏႈန္းေတြက တစ္လီတာကို က်ပ္(၁၅၀၀)အထက္ကိုေရာက္ရွိေနၿပီး ဒီေဈးႏႈန္းေတြက ေဖေဖာ္ဝါရီလေနာက္ပိုင္း (၈)လအတြင္း (၁၀၀)ရာခိုင္ႏႈန္းေက်ာ္အထိျမင့္တက္လာတာလည္းျဖစ္ပါတယ္

ေဖေဖာ္ဝါရီလ (၂)ရက္ေန႔က က်ပ္(၆၆၀)က်ပ္ရွိခဲ့တဲ့ 92 Ron တစ္လီတာေဈးက ယခုအခါ (၁၅၅၅)က်ပ္ကို ေရာက္ရွိလာၿပီး တစ္လီတာ (၇၅၀)က်ပ္သာ ရွိခဲ့တဲ့ 95 Ron တစ္လီတာကလည္း ယခုအခါ (၁၅၇၅)က်ပ္အထိ တဟုန္းထိုးျမင့္တက္လာခဲ့တာျဖစ္ပါတယ္

ဗဟိုဘဏ္အေနနဲ႔ စက္သုံးဆီေဈးႏႈန္းက်ဆင္းေစဖို႔ရည္ရြယ္ၿပီး ျပင္ပေပါက္ေဈးတစ္ေဒၚလာ က်ပ္ (၂၀၀၀)အထက္ရွိေနခ်ိန္အေမရိကန္ေဒၚလာသန္း(၄၀)ကို ပ်မ္းမၽွေငြလဲႏႈန္း (၁၇၅၀)က်ပ္နဲ႔ ၿပီးခဲ့တဲ့လအတြင္းေရာင္းခ်ေပးခဲ့ပါတယ္

ျမန္မာနိုင္ငံအေနနဲ႔တစ္ႏွစ္ကို ျပည္ပကစက္သုံးဆီတန္ခ်ိန္ (၆)သန္းခန႔္ တင္သြင္းေနရၿပီး လက္ရွိဘ႑ာႏွစ္ (၇)လအတြင္းစက္သုံးဆီတန္ခ်ိန္ (၂.၇)သန္းတင္သြင္းထားတယ္လို႔သိရပါတယ္

အဆိုပါတင္သြင္းမႈအတြက္ အေမရိကန္ေဒၚလာ (၁.၂)ဘီလီယံကိုအသုံးျပဳထားရၿပီး ဒီပမာဏက ၿပီးခဲ့တဲ့ႏွစ္ ကာလတူနဲ႔ ႏွိုင္းယွဥ္မယ္ဆိုရင္ တန္ခ်ိန္ (၁)သန္းခန႔္၊တန္ဖိုးအားျဖင့္ ေဒၚလာ (၆၆၃)သန္းေက်ာ္ေလၽွာ့ခ်တင္သြင္းထားတယ္လို႔သိရပါတယ္

Ref:BETV Business

Credit