Knowledge

သင့် Crush ကို အပြီးတိုင် မေ့ပစ်လိုက်ဖို့ ဖော်ပြနေတဲ့ အခြေအနေ(၄)မျိုး

ပျိုမေတော်တော်များများမှာ crush လို့ နာမ်စားသုံးလေ့ရှိတဲ့ တိတ်တခိုးချစ်နေရသူဆို ရှိစမြဲပါပဲ။crush ဆိုတာများသောအားဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲမှာပဲ တိတ်တခိုး ရှိနေတတ်တဲ့ ကောင်လေးတစ်ယောက်ပါပဲ။

ပျိုမေတော်တော်များများဟာ သူတို့ရဲ့ crush လေးတွေနဲ့ ပတ်သတ်ပြီး အမြဲလိုလို စိတ်ခံစားမှု ပြင်းထန်တတ်ကြပါတယ်။မသက်ဆိုင်ရရင်ပဲဖြစ်ဖြစ်၊ မပိုင်ဆိုင်ရရင်ပဲဖြစ်ဖြစ် အမြဲလိုလို သူတို့တွေရဲ့ စိတ်ထဲ ဒါမှမဟုတ် သူတို့ရဲ့ crush အနားက မထွက်သွားနိုင်ကြပါဘူး

ဒါပေမယ့် ကိုယ်နဲ့ မသက်ဆိုရတဲ့ လူတစ်ယောက်ကို အချိန်တော်တော်ကြာ စိတ်ထဲမှာ ထားထားဖို့ဆိုတာ ရေရှည်မှာ ကိုယ်ပဲပင်ပန်းရမှာပါ။ဒါ့ကြောင့် ဘယ်လို အခြေအနေမျိုးတွေမှာ သင့် crush ကို မေ့ပစ်လိုက်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။၁။ သင်သူ့ကြောင့် အမြဲလိုလို ပူဆွေးပြီး ငိုနေရတာမျိုး။မိန်းကလေးတစ်ယောက်ဟာ မျက်ရည်ကျလွယ်ပါတယ်။ ဒါပေမယ့် ကျတဲ့မျက်ရည်ဟာ တန်ဖိုးရှိဖို့လိုပါတယ်။ကိုယ့်နဲ့ ဘာမှမသက်ဆိုင်ပဲ ကိုယ့်ချစ်သူ မဟုတ်တဲ့၊

ကိုယ့်စိတ်ကူးထဲက crush တစ်ယောက်အတွက် မျက်ရည်မကျသင့်ပါဘူး။ တစ်ကယ်လို့သင့်ရဲ့ crush လုပ်ရပ်တွေက သင့်ကို အမြဲတစေမျက်ရည်ကျနေတယ်ဆိုရင်တော့ သင့် crush အနားက ထွက်သွားတာအကောင်းဆုံးပါပဲ။

၂။ ကိုယ်နဲ့ သူနဲ့ အစစအရာရာ မတူညီမှန်း သိလာရတဲ့ အချိန်။မိန်းကလေးတစ်ယောက်ဟာ ယောကျာ်းလေးတစ်ယောက်အပေါ် အလွယ်တကူ တိတ်တခိုး ချစ်မိတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူ့အကြောင်းကို သေသေချာချာ မစဉ်းစားပဲ သူ့ရဲ့အပြုအမူအပြောအဆိုနဲ့ ၊

ရုပ်ရည်ပေါ်မှာပဲ ယစ်မူးသွားတတ်လို့ပါ။ဒါပေမယ့် သင့်ရဲ့ crush အကြောင်းကို သေသေချာချာ သိလာရပြီး နောက်ပိုင်းမှာ သင့် crush က သင်နဲ့ အစစအရာရာ မူညီတာတွေ၊ စိတ်ကူးတွေ ရည်မှန်းချက်တွေ မကိုက်ညီတာမျိုးတွေ ရှိလာပြီဆိုရင်တော့ သင့်ရဲ့ crush ကို မေ့လိုက်တာ အကောင်းဆုံးပါပဲ။၃။ သင်ရှိနေမှန်းသိသိရက်နဲ့ နောက်တစ်ယောက်နဲ့ တွဲသွားတာမျိုး။တစ်ကယ်လို့ သင်ရဲ့ crush ဟာ

တစ်ခြားမိန်းကလေးတစ်ယောက်ယောက်နဲ့ ချစ်သူဖြစ်ပြီး အဲဒီမိန်းကလေးအပေါ် seriousခံစားပြီး ချစ်နေရင်တော့ အကောင်းဆုံးဟာ၊သင်သူ့အနားက ထွက်သွားလိုက်တာပါပဲ။ သင့်ရဲ့ crush အနားမှာ သင်ဆက်ရှိနေပြီးတော့ သင့်ကြောင့်နဲ့ သူတို့အတွဲပြတ်သွားခဲ့ရင်တောင်မှ သင့်ရဲ့ crush ဆီက ယုံကြည်မှုကို သင်လုံးဝရနိုင်မှာ မဟုတ်ပါဘူး။

၄။ ကိုယ်နဲ့ပတ်သတ်ပြီး အရေးတယူ ဂရုစိုက်ပဲနေတာမျိုး။သင့် crush အနားမှာ သင်ဟာ သူ့ကို ချစ်တဲ့အတွက် တောက်လျှောက်ရှိနေမှာပါ။ဒါပေမယ့် သင့် crush ကတော့ သင်ရှိမှန်းတောင် မသိတဲ့အပြင် သင်ဘယ်သူလဲဆိုတာကို၊မသိတဲ့ အချိန်မျိုးကျရင် သူ့ရဲ့အနားက လုံးဝထွက်သွားလိုက်ပါ။ ယောကျာ်းလေးတစ်ချို့ဟာ သူတို့ကို မိန်းကလေးတစ်ယောက် crush နေတယ်ဆိုတာ သိတဲ့အချိန်မျိုးကျရင် မိန်းကလေးတွေထက်တောင် ပိုချေတတ်ကြပါတယ်။

Credit Original