Knowledge

သင်သွားလိုတဲ့ လမ်းတစ်ခုကို ရွေးချယ်ပြီး သင့်ရဲ့ ဘဝပုံရိပ်ကို ရှာဖွေကြည့်ပါ

သင်သွားလိုတဲ့ လမ်းတစ်ခုကို ရွေးချယ်ပြီး သင့်ရဲ့ ဘဝပုံရိပ်ကို ရှာဖွေကြည့်ပါ

(၁) ကွေ့ကောက်ကောက်လမ်းမ

သင်က စိတ်ရှည်သည်းခံတတ်သူတစ်ယောက်ဖြစ်တယ်။ သင့်ရဲ့ လုံ့လဝိရိယကောင်းမွန်မှုကြောင့် မထင်မှတ်ထားတဲ့အကျိုးကျေးဇူးတွေ ခံစားရလေ့ရှိတယ်။ တချို့ကတော့ သင့်ကို မပြတ်သားဘူး။ တွေဝေတတ်တယ်လို့ ထင်ကြပေမဲ့ သင်ကတော့ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံဖို့လမ်းကိုပဲ

ရွေးလေ့ရှိတယ်။ ဆုံးဖြတ်ချက်တွေချဖို့ရှိလာရင်လည်း ဘေးလူတွေရဲ့အမြင်ထက် ကိုယ့်အတွင်းစိတ်က လာတဲ့ စိတ်ကူးနောက်ကိုပဲ လိုုက်လေ့ရှိပြီးအဲ့ဒီအတွက် ဖြစ်လာမယ့်အကျိုးဆက်ကိုလည်း ကျေနပ်စွာ ခံယူတတ်သူတစ်ယောက်ဖြစ်ပါတယ်။

(၂) ဖြောင့်ဖြူးသောလမ်းမ

သင်ဟာ ဘဝတစ်လျှောက်မှာအတက်အကျ၊အကွေ့အကောက်တွေနဲ့ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရမှုတွေကို ဖြတ်သန်းလာပြီးပြီဖြစ်လို့အေးဆေးတည်ငြိမ်ပြီး ချောမွေ့ပြေပြစ်တဲ့ ဘဝလမ်းမျိုးကိုသာ ရွေးချယ်လိုသူတစ်ယောက်ဖြစ်တယ်။ ဘဝမှာ စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေလည်းအတော်အသင့် ရှိခဲ့ပြီးဖြစ်သလို၊

ကြေကွဲဝမ်းနည်းဖွယ် ဇာတ်လမ်းမျိုးစုံကိုလည်း ကြုံခဲ့ဖူးပြီမို့ နောက်ဆုံးမှာအေးငြိမ်းတည်ငြိမ်မှုကိုသာ လိုချင်တော့တာပဲဖြစ်တယ်။ တခြားသူတွေက ဒီလမ်းဟာ ပျင်းဖို့ကောင်းတယ်လို့ ထင်နိုင်ပေမယ့်လည်း သင့်အတွက်တော့အခြေအနေတိုင်းမှာ ပျော်ရွှင်အောင်နေတတ်ပြီဆိုတာကို သူတို့မသိကြသေးတာပဲဖြစ်ပါတယ်။

(၃) ကြမ်းတမ်းတဲ့လမ်း

သင်က ကျဉ်းထဲကြပ်ထဲကျရောက်ပြီး ခက်ခဲတဲ့ရွေးချယ်မှုတွေ လုပ်ရတာ သဘောကျသူဖြစ်ပါလိမ့်မယ်။ စွန့်စားရတာကိုမှ နှစ်သက်ပြီး ဘာပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ ပုံသေအစီအစဉ်မရှိတာက သင့်ရဲ့ စတိုင်ပါပဲ။ တခါတလေတော့လည်းအဲ့ဒီစတိုင်ကြောင့်ပဲ ဒုက္ခခဏခဏ ရောက်ရပါသေးတယ်။ ဒါပေမဲ့ ကြုံခဲ့ရသမျှက သင့်အတွက် ဘဝသင်ခန်းစာတွေပဲမို့အဲ့ဒီဒုက္ခတွေကပဲ ယနေ့သင်ဆိုတာကို ဖြစ်လာစေတာပါပဲ။

Credit to lotaya

Zawgyi

သင္သြားလိုတဲ့ လမ္းတစ္ခုကို ေရြးခ်ယ္ၿပီး သင့္ရဲ့ ဘဝပုံရိပ္ကို ရွာေဖြၾကည့္ပါ

(၁) ေကြ႕ေကာက္ေကာက္လမ္းမ

သင္က စိတ္ရွည္သည္းခံတတ္သူတစ္ေယာက္ျဖစ္တယ္။ သင့္ရဲ့ လုံ႔လဝိရိယေကာင္းမြန္မႈေၾကာင့္ မထင္မွတ္ထားတဲ့အက်ိဳးေက်းဇူးေတြ ခံစားရေလ့ရွိတယ္။ တခ်ိဳ႕ကေတာ့ သင့္ကို မျပတ္သားဘူး။ ေတြေဝတတ္တယ္လို႔ ထင္ၾကေပမဲ့ သင္ကေတာ့ စိတ္ရွည္ရွည္နဲ႔ ျဖည္းျဖည္းမွန္မွန္ေအာင္ပြဲခံဖို႔လမ္းကိုပဲ

ေရြးေလ့ရွိတယ္။ ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ရွိလာရင္လည္း ေဘးလူေတြရဲ့အျမင္ထက္ ကိုယ့္အတြင္းစိတ္က လာတဲ့ စိတ္ကူးေနာက္ကိုပဲ လိုုက္ေလ့ရွိၿပီးအဲ့ဒီအတြက္ ျဖစ္လာမယ့္အက်ိဳးဆက္ကိုလည္း ေက်နပ္စြာ ခံယူတတ္သူတစ္ေယာက္ျဖစ္ပါတယ္။

(၂) ေျဖာင့္ျဖဴးေသာလမ္းမ

သင္ဟာ ဘဝတစ္ေလၽွာက္မွာအတက္အက်၊အေကြ႕အေကာက္ေတြနဲ႔ ပင္ပင္ပန္းပန္း ႐ုန္းကန္ခဲ့ရမႈေတြကို ျဖတ္သန္းလာၿပီးၿပီျဖစ္လို႔ေအးေဆးတည္ၿငိမ္ၿပီး ေခ်ာေမြ႕ေျပျပစ္တဲ့ ဘဝလမ္းမ်ိဳးကိုသာ ေရြးခ်ယ္လိုသူတစ္ေယာက္ျဖစ္တယ္။ ဘဝမွာ စိတ္လႈပ္ရွားစရာအေတြ႕အၾကဳံေတြလည္းအေတာ္အသင့္ ရွိခဲ့ၿပီးျဖစ္သလို၊

ေၾကကြဲဝမ္းနည္းဖြယ္ ဇာတ္လမ္းမ်ိဳးစုံကိုလည္း ၾကဳံခဲ့ဖူးၿပီမို႔ ေနာက္ဆုံးမွာေအးၿငိမ္းတည္ၿငိမ္မႈကိုသာ လိုခ်င္ေတာ့တာပဲျဖစ္တယ္။ တျခားသူေတြက ဒီလမ္းဟာ ပ်င္းဖို႔ေကာင္းတယ္လို႔ ထင္နိုင္ေပမယ့္လည္း သင့္အတြက္ေတာ့အေျခအေနတိုင္းမွာ ေပ်ာ္ရႊင္ေအာင္ေနတတ္ၿပီဆိုတာကို သူတို႔မသိၾကေသးတာပဲျဖစ္ပါတယ္။

(၃) ၾကမ္းတမ္းတဲ့လမ္း

သင္က က်ဥ္းထဲၾကပ္ထဲက်ေရာက္ၿပီး ခက္ခဲတဲ့ေရြးခ်ယ္မႈေတြ လုပ္ရတာ သေဘာက်သူျဖစ္ပါလိမ့္မယ္။ စြန႔္စားရတာကိုမွ ႏွစ္သက္ၿပီး ဘာၿပီးရင္ ဘာဆက္လုပ္မယ္ဆိုတဲ့ ပုံေသအစီအစဥ္မရွိတာက သင့္ရဲ့ စတိုင္ပါပဲ။ တခါတေလေတာ့လည္းအဲ့ဒီစတိုင္ေၾကာင့္ပဲ ဒုကၡခဏခဏ ေရာက္ရပါေသးတယ္။ ဒါေပမဲ့ ၾကဳံခဲ့ရသမၽွက သင့္အတြက္ ဘဝသင္ခန္းစာေတြပဲမို႔အဲ့ဒီဒုကၡေတြကပဲ ယေန႔သင္ဆိုတာကို ျဖစ္လာေစတာပါပဲ။

Credit to lotaya