Local News

သံလွင်မြစ်နှင့် ကျောက္မီးသွေးတို့အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ရန် မင်းအောင်လှိုင်ပြောကြား

သံလွင်မြစ်နှင့် ကျောက်္မီးသွေးတို့အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ရန် သောင်းကျန်းသူအာဏာသိမ်း စစ်ခေါင်းဆောင်ပြာကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ယမန်နေ့ အောက်တိုဘာလ ၁ ရက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ရောက်ရှိစဉ်

အာဏာသိမ်းစစ်ခေါင်းဆောင်က ရှမ်းပြည်နယ်အတွင်း သဘာဝရဲ့အရင်းအမြစ်များစွာရှိရာ သံလွင်မြစ်ရေအားလျှပ်စစ်နှင့်

ကျောက်မီးသွေးတို့ကို အသုံးပြုခါ လိုအပ်နေသော လျှပ်စစ်ဓာတ်အားထုတ်ယူလို့ရကြောင်းပြောကြားခဲ့ပါသည်အဆိုပါ သံလွင်မြစ်ရေအားလျှပ်စစ်နှင့်

ကျောက်မီးသွေးများအသုံးပြု၍ လျှပ်စစ်ထုတ်ယူမှုကို ယခင် ဦးသိန်းစိန်အစိုးရလက်ထက် တရုတ်နိုင်ငံနှင့်ပူပေါင်း၍

ဆယ်နှစ်ကျော်ကာလအတွင်း စီမံကိန်း (၆)ခု တည်ဆောက်ရန်ကြိုးပမ်းခဲ့ပြီး မြစ်ကြောင်းတစ်လျှောက်နေထိုင်သော ပြည်သူများအပါအဝင်

နိုင်ငံရေးအဖွဲ့အစည်း ၁၃၀ ကျော်က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးနိုင်တာကြောင့် လက်မှတ်ရေးထိုးကန့်ကွက်တောင်းဆို ခဲ့ကြဖူးပါသည်။

သို့သော် စစ်ခေါင်းဆောင် ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိစဉ်မှာတော့ စစ်ကောင်စီမှခန့်အပ်ထားသော အစိုးရအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြစဉ် ယခုလိုရေအားလျှပ်စစ်ထုတ်ယူလို့ ရနိုင်ကြောင်းကို ထပ်မံပြောကြခဲ့တာလည်းဖြစ်ပါသည်။

Credit

Zawgyi








Credit