Local News

မကြာခင် ရန်ကုန်ကိုလာတော့မှာဖြစ်ကြောင်းကို ဓာတ်ပုံနှင့်တကွ သက်သေပြပြီး ပြောပြလိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုများတွငပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။အခုလိုပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ ကဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်များမှတစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို

လေးစားအားကျနေကြတာ ဖြစ်ပါတယ်။တိကျတဲ့ သတင်းအချက်များကိုလည်း အားလုံးကို ပြန်လည်ဝေမျှပေးလေ့ရှိရာ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့Facebook Story တွင် ပုံလေးနှစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး အပြတ်အသတ်ကို မိုက်နေတဲ့ မင်းမော်ကွန်းရဲ့ပုံရိပ်တစ်ချို့ဖြစ်ပါတယ်။သူကလည်းပြေးလာချင်တယ်ရန်ကုန်ရန်ကုန်ကိုလာမယ်ဆိုတဲ့Captionတွေနဲ့အတူ ရေးသားဝေမျှထားတာကိုလည်း မြင်တွေ့ရပါတယ်။

မင်းမော်ကွန်းကတော့ တောထဲတစ်နေရာမှာ နေထိုင်နေရတာတောင် သူ့ရဲ့ ပုံစံကတော့ ခန့်ညားနေဆဲပါပဲနော်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုလို့ရအောင်မင်းမော်ကွန်းရဲ့ပုံလေးတွေကိုတင်ဆက်ပေးလိုက် ရပါတယ်နော်

Credit

Zawgyi






Credit