Local News

အောက်တိုဘာ လကုန်ပိုင်းကစပြီး အခြေခံပညာကျောင်းများပြန်ဖွင့်ရန် စီစဉ်နေ

ယမန်နေ့ စက်တင်ဘာ (၃၀)ရက် က ကျင်းပပြုလုပ်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း

အစည်းအဝေးက အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ယခုအချိန်ကာလမှာ ကိုဗစ်ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်းမှာ ယခင်ကလောက် မပြင်းထန်တော့ပဲ

ရောဂါပိုးကူးစက်မှု ရာခိုင်နှုန်းက ၈ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများရဲ့ စာသင်နှစ် တစ်နှစ် နစ်နာမှုမရှိစေရေး အမြန်ဆုံးကျောင်းပြန်လည် တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊

ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆိုပါအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ကျောင်းများပြန်လည် ဖွင့်လှစ်ရာမှာ ကျောင်းသား ၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မခံရစေဖို့နဲ့

ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ရန် ရည်ရွယ်ပြီး အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်မှာ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆွေးနွေး ဆောင်ရွက်လျက် ရှိပါတယ်။” ၎င်းက ထပ်မံ ပြောပါတယ်။

ယင်းကဲ့သို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာမှာ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးသွားရန်လိုကြောင်း၊

ကာကွယ်ဆေးထိုးနှံ ပြီးစီးမှသာလျှင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနဲ့ ဆရာ၊ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါ ကြောင်း၊ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ အမြန်ဆုံးပြီးမြောက် အောင်မြင်ရေးနှင့် စာရင်းဇယားများမှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် ဆွေးနွေးပေးသွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

Credit From Popular Journal

Zawgyi

ယမန္ေန႔ စက္တင္ဘာ (၃၀)ရက္ က က်င္းပျပဳလုပ္ခဲ့တဲ့ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန၊ အလယ္တန္း၊ အထက္တန္း အသက္(၁၂)ႏွစ္ႏွင့္အထက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ကိုဗစ္-၁၉ ကူးစက္ျမန္ေရာဂါ ကာကြယ္ေဆးထိုးႏွံေပးနိုင္ေရး လုပ္ငန္းညႇိႏွိုင္း

အစည္းအေဝးက ေအာက္တိုဘာလ ေက်ာင္းပိတ္ရက္ရွည္ ကာလအလြန္မွာ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္နိုင္ရန္ ေဆာင္ရြက္လ်က္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ယခုအခ်ိန္ကာလမွာ ကိုဗစ္ေရာဂါပိုးကူးစက္ျပန႔္ပြားမႈႏႈန္းမွာ ယခင္ကေလာက္ မျပင္းထန္ေတာ့ပဲ

ေရာဂါပိုးကူးစက္မႈ ရာခိုင္ႏႈန္းက ၈ ရာခိုင္ႏႈန္းနဲ႔ ၇ ရာခိုင္ႏႈန္းခန႔္အထိ က်ဆင္းလာတဲ့အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားရဲ့ စာသင္ႏွစ္ တစ္ႏွစ္ နစ္နာမႈမရွိေစေရး အျမန္ဆုံးေက်ာင္းျပန္လည္ တက္ေရာက္နိုင္ရန္ စဥ္းစားေဆာင္ရြက္လ်က္ရွိတယ္လို႔ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယ ဥကၠ႒၊

ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက အဆိုပါအစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။ေက်ာင္းမ်ားျပန္လည္ ဖြင့္လွစ္ရာမွာ ေက်ာင္းသား ၊ ေက်ာင္းသူေတြကို ကိုဗစ္-၁၉ေရာဂါ ကူးစက္မႈ မခံရေစဖို႔နဲ႔

က်န္းက်န္းမာမာျဖင့္ စာေပသင္ၾကားနိုင္ရန္ ရည္ရြယ္ၿပီး ေအာက္တိုဘာလ ေက်ာင္းပိတ္ရက္ရွည္ ကာလအလြန္မွာ ျပန္လည္ဖြင့္လွစ္နိုင္ေအာင္ ေဆြးေႏြး ေဆာင္ရြက္လ်က္ ရွိပါတယ္။” ၎က ထပ္မံ ေျပာပါတယ္။

ယင္းကဲ့သို႔ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာမွာ အေျခခံပညာ အလယ္တန္းနဲ႔ အထက္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အားလုံးကို ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး အျပည့္အဝ ထိုးႏွံေပးသြားရန္လိုေၾကာင္း၊

ကာကြယ္ေဆးထိုးႏွံ ၿပီးစီးမွသာလၽွင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘမ်ားနဲ႔ ဆရာ၊ ဆရာမမ်ား အျပန္အလွန္ ယုံၾကည္စိတ္ခ်စြာျဖင့္ ပညာသင္ၾကားနိုင္မည္ျဖစ္ပါ ေၾကာင္း၊ကာကြယ္ေဆးထိုးႏွံမႈ လုပ္ငန္းမ်ား အျမန္ဆုံးၿပီးေျမာက္ ေအာင္ျမင္ေရးႏွင့္ စာရင္းဇယားမ်ားမွန္ကန္ေစေရးတို႔အတြက္ သက္ဆိုင္ရာ က႑အလိုက္ ပူးေပါင္းေဆာင္ရြက္ ေဆြးေႏြးေပးသြားရန္ လိုအပ္ေၾကာင္း ၎ကေျပာၾကားခဲ့ပါတယ္။

Credit From Popular Journal