Local News

ကိုဗစ်ပထမလှိုင်းကတည်းက တိုင်းပြည်စီးပွားရေးကျဆင်းနေခြင်းဖြစ်ဟု စစ်ကောင်စီပြော

လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (စက်တင်ဘာ ၃၀ရက်) နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ရွှေဈေးဒေါ်လာဈေးနဲ့ ပတ်သက်ပြီး ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပြည်လည်လည်ပတ်ဖို့ ကျဆင်းလာတဲ့ စီးပွားရေးတွေ အဆင်ပြေစွာ စီစစ်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေနဲ့လည်း ဆောင်ရွက်လျက်ရှိပါတယ်။”လို့ ၎င်းကပြောပါတယ်။

လက်ရှိမှာ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေများ ရောင်းပေးတာတွေ ပြည်ပပို့ကုန်ရငွေများ အချိန်မှီပြန်လည်ဝင် ရောက်အောင် ဆောင်ရွက်ပေးတာတွေ ပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်မှုများကို အချိန်ကာလသတ်မှတ်ခြင်းနဲ့ ပိုကုန်မြင့်တင်ရေး ဆောင်ရွက်ခြင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

တစ်ချို့ကပြောကြတယ် ဗဟိုဘဏ်ကနေ ထုတ်ရောင်းနေတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းလိုအပ်ချက်မှာ လိုအပ်သလောက် ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတာ ရှိပါတယ်။ ဒါလည်း အဖြစ်မှန်တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဖြည့်ဆည်းပေးထားတာကတော့ နိုင်ငံမှာထွက်တဲ့ အခြေခံစားကုန်တွေပါ။ ကျွန်တော်တို့နိုင်ငံမှာ မထွက်တဲ့ ပြည်ပကနေ ဝယ်ယူပေးနေရတဲ့ ဟာကတော့ စက်သုံးဆီ၊ စားသုံးဆီ ဒါတွေနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်ပေးနေပါတယ်။

လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။လက်ရှိမှာ ရေရှည်လုပ်ငန်းစီမံချက်အနေနဲ့ ပြည်တွင်းဆီလုံလောက်ရေး ဆောင်ရွက် နေကြာင်း၊ ရေနံ နဲ့ ဓာတ်ငွေ့များက ပြည်တွင်းဖူလုံရေးအတွက် မဖြစ်နိုင်တာကြောင့် တင်သွင်းနေရဦးမှာဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်သွင်းမှုတွေကိုလည်း နည်းလမ်း ၂လမ်းနဲ့ ဖြေရှင်းဖို့လုပ်နေကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းခြင်းက ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ကတည်းက ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ ပိုပြီး ဆိုးလာတယ်။ နိုင်ငံရေးထိုးနှက်ချက်တွေလည်းပါပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ တာဝန်ယူထားတဲ့ အစိုးရကပဲ တာဝန်ယူရမှာပါ။ အသီးကတော့ မှည့်နေတာကြာပြီ။ ကြွေကျခါနီးလည်း ဖြစ်နေပြီ။

ကြွေကျတာတော့ ဒီအစိုးရလက်ထက်မှာ ကြွေကျတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ ကိုယ့်လက်ထဲမှာ ကြွေကျတာဖြစ်လို့ ကိုယ့်ဘာကိုယ် ပြန်ကောက်ပြီး ပြန်လည်ထူထောင်အောင်တော့ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးနေတယ်လို့ ကျနော်ပြောချင်ပါတယ်

ဒေါ်လာဈေးရွှေဈေးနဲ့ ပတ်သက်ပြီးလည်း ပထမလှိုင်းထဲက စီးပွားရေးကျဆင်းမှုတွေ ပြည်တွင်းထုတ်ကုန်များ လျော့နည်းပြီး ပြည်ပသွင်းကုန်တွေ များပြားလာတာ ရှိတယ်။ ဒုတိယလှိုင်းမှာလည်း ဒီလိုပါပဲ။ ဒီကြားထဲမှာ ပြည်ပထိုးနှက်ချက်များရှိပါတယ်။ ဘယ်လိုပဲပြောပြော အရင်ကလူတွေကို အပစ်တင်ပြောနေတာထက် မိမိလက်ထက်မှာ ဖြစ်တဲ့အတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိရမှာဖြစ်တယ်။

နိုင်ငံတော် အစိုးရအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံဖြေရှင်းနိုင်ရေး မဟုတ်ရင်တောင် အကောင်းဆုံး ဖြေရှင်းနိုင်ရေးကို ရှိသမျှအင်အားနဲ့ ဆောင်ရွက်နေတယ်။”လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပြီး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်အတွက် လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ထားသည် ဟူ၍လည်း ထုတ်ပြန် ပြောဆိုသွားသည်။အဆိုပါလုပ်ငန်းစဉ် ၃ ရပ်ထဲတွင် နံပါတ် (၁) သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ရေးဆောင်ရွက်ခြင်း၊ နံပါတ် (၂) တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေး အဖွဲ့များနှင့် ဆွေးနွေးခြင်းဟူ၍ ဖြစ်သည်။နံပါတ် (၃) အချက်တွင် NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား NCA လက်မှတ် ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊

နှစ်ဖက် သဘောတူညီချက်များရရှိရေးများ ဆောင်ရွက်ခြင်း ဟူ၍ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။လက်တွေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အာဏာသိမ်းသည့် လုပ်ရပ်အပေါ် လက်မခံနိုင်သဖြင့် ငြိမ်းချမ်းရေး

ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီး ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များသည်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်ခြင်း မရှိပါ။

Credit

Zawgyi

လက္ရွိျဖစ္ေပၚေနတဲ့ ေရႊေဈးေဒၚလာေဈးထက္ နိုင္ငံသာယာဝေျပာေရးနဲ႔ ဖူလုံေရးကို အဓိကထား ေဆာင္ရြက္မယ္လို႔ စစ္ေကာင္စီရဲ့ သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (စက္တင္ဘာ ၃၀ရက္) ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။

ေရႊေဈးေဒၚလာေဈးနဲ႔ ပတ္သက္ၿပီး ေရႊေဈးေဒၚလာေဈးထက္ နိုင္ငံသာယာဝေျပာေရးနဲ႔ ဖူလုံေရးကို အဓိကထား ေဆာင္ရြက္မယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြ ျပည္လည္လည္ပတ္ဖို႔ က်ဆင္းလာတဲ့ စီးပြားေရးေတြ အဆင္ေျပစြာ စီစစ္လည္ပတ္နိုင္ေရးအတြက္ နိုင္ငံေတာ္ အစိုးရအေနနဲ႔လည္း ေဆာင္ရြက္လ်က္ရွိပါတယ္။”လို႔ ၎ကေျပာပါတယ္။

လက္ရွိမွာ ေဒၚလာေဈး ျမင့္တက္လာမႈနဲ႔ ပတ္သက္ၿပီး ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ကေန နိုင္ငံျခားေငြမ်ား ေရာင္းေပးတာေတြ ျပည္ပပို႔ကုန္ရေငြမ်ား အခ်ိန္မွီျပန္လည္ဝင္ ေရာက္ေအာင္ ေဆာင္ရြက္ေပးတာေတြ ပို႔ကုန္ရေငြမ်ား လက္ဝယ္ကိုင္ေဆာင္မႈမ်ားကို အခ်ိန္ကာလသတ္မွတ္ျခင္းနဲ႔ ပိုကုန္ျမင့္တင္ေရး ေဆာင္ရြက္ျခင္း နည္းလမ္းေတြနဲ႔ ေဆာင္ရြက္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

တစ္ခ်ိဳ႕ကေျပာၾကတယ္ ဗဟိုဘဏ္ကေန ထုတ္ေရာင္းေနတဲ့ ေဒၚလာေတြဟာ ျပည္တြင္းလိုအပ္ခ်က္မွာ လိုအပ္သေလာက္ ျဖည့္ဆည္းမေပးနိုင္ဘူးဆိုတာ ရွိပါတယ္။ ဒါလည္း အျဖစ္မွန္တစ္ခုပါပဲ။ ကၽြန္ေတာ္တို႔အေနနဲ႔ ျဖည့္ဆည္းေပးထားတာကေတာ့ နိုင္ငံမွာထြက္တဲ့ အေျခခံစားကုန္ေတြပါ။ ကၽြန္ေတာ္တို႔နိုင္ငံမွာ မထြက္တဲ့ ျပည္ပကေန ဝယ္ယူေပးေနရတဲ့ ဟာကေတာ့ စက္သုံးဆီ၊ စားသုံးဆီ ဒါေတြနဲ႔ပတ္သက္ၿပီးလည္း ေဆာင္ရြက္ေပးေနပါတယ္။

လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။လက္ရွိမွာ ေရရွည္လုပ္ငန္းစီမံခ်က္အေနနဲ႔ ျပည္တြင္းဆီလုံေလာက္ေရး ေဆာင္ရြက္ ေနၾကာင္း၊ ေရနံ နဲ႔ ဓာတ္ေငြ႕မ်ားက ျပည္တြင္းဖူလုံေရးအတြက္ မျဖစ္နိုင္တာေၾကာင့္ တင္သြင္းေနရဦးမွာျဖစ္ေၾကာင္း၊ ယင္းကဲ့သို႔ တင္သြင္းမႈေတြကိုလည္း နည္းလမ္း ၂လမ္းနဲ႔ ေျဖရွင္းဖို႔လုပ္ေနေၾကာင္း ၎က ထပ္ေလာင္းေျပာပါတယ္။

တိုင္းျပည္ရဲ့စီးပြားေရးက်ဆင္းျခင္းက ကိုဗစ္ပထမလွိုင္း၊ ဒုတိယလွိုင္း ကတည္းက ျဖစ္ေနတာေပါ့။ ဒါေပမဲ့ ဒီအခ်ိန္မွာ ပိုၿပီး ဆိုးလာတယ္။ နိုင္ငံေရးထိုးႏွက္ခ်က္ေတြလည္းပါပါတယ္။ သို႔ေသာ္ ဘယ္လိုပဲျဖစ္ျဖစ္ အခုလက္ရွိ တာဝန္ယူထားတဲ့ အစိုးရကပဲ တာဝန္ယူရမွာပါ။ အသီးကေတာ့ မွည့္ေနတာၾကာၿပီ။ ေႂကြက်ခါနီးလည္း ျဖစ္ေနၿပီ။

ေႂကြက်တာေတာ့ ဒီအစိုးရလက္ထက္မွာ ေႂကြက်တာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ေႂကြက်သည္ျဖစ္ေစ၊ ေႂကြမက်သည္ျဖစ္ေစ ကိုယ့္လက္ထဲမွာ ေႂကြက်တာျဖစ္လို႔ ကိုယ့္ဘာကိုယ္ ျပန္ေကာက္ၿပီး ျပန္လည္ထူေထာင္ေအာင္ေတာ့ လုပ္ေပးရမယ့္ တာဝန္ရွိပါတယ္။ ဒီအတိုင္းပဲ လုပ္ေဆာင္ေပးေနတယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္

ေဒၚလာေဈးေရႊေဈးနဲ႔ ပတ္သက္ၿပီးလည္း ပထမလွိုင္းထဲက စီးပြားေရးက်ဆင္းမႈေတြ ျပည္တြင္းထုတ္ကုန္မ်ား ေလ်ာ့နည္းၿပီး ျပည္ပသြင္းကုန္ေတြ မ်ားျပားလာတာ ရွိတယ္။ ဒုတိယလွိုင္းမွာလည္း ဒီလိုပါပဲ။ ဒီၾကားထဲမွာ ျပည္ပထိုးႏွက္ခ်က္မ်ားရွိပါတယ္။ ဘယ္လိုပဲေျပာေျပာ အရင္ကလူေတြကို အပစ္တင္ေျပာေနတာထက္ မိမိလက္ထက္မွာ ျဖစ္တဲ့အတြက္ တာဝန္ယူမႈတာဝန္ခံမႈ ရွိရမွာျဖစ္တယ္။

နိုင္ငံေတာ္ အစိုးရအေနနဲ႔ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ အျပည့္အစုံေျဖရွင္းနိုင္ေရး မဟုတ္ရင္ေတာင္ အေကာင္းဆုံး ေျဖရွင္းနိုင္ေရးကို ရွိသမၽွအင္အားနဲ႔ ေဆာင္ရြက္ေနတယ္။”လို႔ ၎က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္ အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို ဆက္လက္ လုပ္ေဆာင္ၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို တိုးျမႇင့္ေဆာင္ရြက္သြားမည္ ျဖစ္ၿပီး

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တိုးျမႇင့္ေဆာင္ရြက္ရန္အတြက္ လုပ္ငန္းစဥ္ ၃ ရပ္ ခ်မွတ္ထားသည္ ဟူ၍လည္း ထုတ္ျပန္ ေျပာဆိုသြားသည္။အဆိုပါလုပ္ငန္းစဥ္ ၃ ရပ္ထဲတြင္ နံပါတ္ (၁) သက္ဆိုင္ရာတိုင္းရင္းသားမ်ား၊ သက္ဆိုင္သူမ်ား ကိုယ္တိုင္ပါဝင္ၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အက်ိဳးေဆာင္နိုင္ေရးႏွင့္ ျမႇင့္တင္ေရးေဆာင္ရြက္ျခင္း၊ နံပါတ္ (၂) တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ေကာ္မတီႏွင့္ EAO မ်ား တိုက္ရိုက္ေဆြးေႏြးျခင္း၊

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျမႇင့္တင္ေရး အဖြဲ႕မ်ားႏွင့္ ေဆြးေႏြးျခင္းဟူ၍ ျဖစ္သည္။နံပါတ္ (၃) အခ်က္တြင္ NCA လက္မွတ္ ေရးထိုးၿပီးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရး ပိုမိုခိုင္မာေအာင္ ေဆာင္ရြက္ျခင္း၊ NCA လက္မွတ္မထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအား NCA လက္မွတ္ ေရးထိုးနိုင္ေအာင္ ရည္ရြယ္လ်က္ ပစ္ခတ္တိုက္ခိုက္မႈ ေလ်ာ့နည္းလာေစေရး၊

ႏွစ္ဖက္ သေဘာတူညီခ်က္မ်ားရရွိေရးမ်ား ေဆာင္ရြက္ျခင္း ဟူ၍ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။လက္ေတြ႕တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ တနိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ သေဘာတူ စာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားသည္ အာဏာသိမ္းသည့္ လုပ္ရပ္အေပၚ လက္မခံနိုင္သျဖင့္ ၿငိမ္းခ်မ္းေရး

ေဆြးေႏြးမႈမ်ားကို ရပ္ဆိုင္းလိုက္ၿပီး ပဏာမအပစ္ရပ္စာခ်ဳပ္ (Bilateral) ခ်ဳပ္ဆိုနိုင္ရန္ ေဆြးေႏြးေနသည့္ ေျမာက္ပိုင္းမဟာမိတ္တပ္မ်ားသည္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈကို ဆက္လက္ လုပ္ေဆာင္ျခင္း မရွိပါ။

Credit