Knowledge

သင်ရွေးချယ်လိုက်တဲ့ အကျႌဒီဇိုင်းကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

သင်ရွေးချယ်လိုက်တဲ့ အကျႌဒီဇိုင်းကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

နံပါတ် ၁

သင်က ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါကြောင့် သင့်ကိုစိတ်ရှုပ်ပြီး မပျော်ရွှင်ဖြစ်စေမယ့် အရာတွေကနေ ရှောင်ကြဉ်ပြီးနေတတ်ပါတယ်။ သင်ဟာ လူတိုင်းရဲ့အာရုံကို သင့်ဘက်ပါလာအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

နံပါတ် ၂

သင်ဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြောဆိုဆက်ဆံတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကောင်းစွာထိန်းချုပ်နိုင်တဲ့အတွက် ဘဝမှာအောင်မြင်မှုတွေကို ရရှိတတ်ပြီး လူတိုင်းနဲ့အဆင်ပြေပါတယ်။

နံပါတ် ၃

သင်ဟာ ကြုံတွေ့ရတဲ့အခြေအနေအမျိုးမျိုးကို မတုန်လှုပ်ပဲ လက်ခံနိုင်စွမ်းရှိပါတယ်။ သင့်ရဲ့စိတ်ခံစားချက်တွေက သင်ရောက်ရှိနေတဲ့ နေရာဒေသပေါ်မှုတည်ပြီး ပြောင်းလဲတတ်ပါတယ်။ စိတ်အခြေအနေကောင်းနေရင် ပျော်ပျော်နေတတ်ပေမယ့် များသောအားဖြင့် အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်နေတတ်ပါတယ်။

နံပါတ် ၄

သင့်အတွက် ပျော်ရွှင်မှုဆိုတာ တစ်ကူးတစ်ကလုပ်ယူနေစရာမလိုပဲ နေတတ်ရင် ပျော်စရာကြီးပဲလို့ တွေးထားပါတယ်။ ဘာမဟုတ်တဲ့ သေးငယ်တဲ့အရာလေးကအစ သင့်ကိုပျော်အောင်လုပ်ပေးတတ်ပြီး ဒီပျော်ရွှင်မှုတွေကိုလည်း အမြဲတန်ဖိုးထားပြီး စိတ်ထဲမှာ မှတ်ထားလေ့ရှိပါတယ်။

နံပါတ် ၅

သင့်မှာ လူတိုင်းအံ့သြတုန်လှုပ်သွားနိုင်တဲ့ စိတ်ကူးအကြံဉာဏ်ကောင်းတွေ ရှိနေတတ်ပါတယ်။ ပြောရမယ်ဆိုရင် သင်က ပွင့်ပွင့်လင်းလင်းနေတတ်ပြီး အကြံဉာဏ်ကောင်းတွေ ရှိနေတတ်တဲ့အပြင် ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိပါတယ်။

နံပါတ် ၆

သင်က အတွင်းစိတ်ရော၊ အပြင်ပန်းရော လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ ဒါ့အပြင် လူတိုင်းရဲ့အာရုံစိုက်တာမျိုးတွေကို မခံချင်ပဲ ကိုယ့်ဘာသာ အေးအေးချမ်းချမ်းနေချင်တဲ့ အကျင့်လေးရှိနေပါတယ်။

နံပါတ် ၇

သင်က ကိုယ်ဖြစ်ချင်တာကို ဘယ်လိုအနှောက်အယှက် အတားအဆီးပဲရှိရှိ ဖြစ်အောင်လုပ်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သင်လုပ်နေတဲ့အရာတွေအတွက် လူတွေရဲ့အတွေးအမြင်တွေကို ဂရုမစိုက်တတ်ပါဘူး။ ဒါ့အပြင် သင်ဟာ လူတွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ လူတစ်ချို့က သင့်ကို အပိုတွေလုပ်တယ် ထင်တတ်ပေမယ့် တစ်ချို့ကတော့ အဲဒီအချက်ကြောင့်ပဲ သင်ဟာဆွဲဆောင်မှုရှိနေတယ်လို့ ထင်နေကြပါတယ်။

နံပါတ် ၈

သင်ဟာ ရင့်ကျက်ပြီး ကြိုးစားတဲ့မိန်းကလေးတစ်ယောက်ပါ။ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာတောင် သင်ဟာ မတုန်လှုပ်ပဲ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် အမြဲနေတတ်ပါတယ်။

Credit

Zawgyi

သင္ေရြးခ်ယ္လိုက္တဲ့ အက်ႌဒီဇိုင္းကေျပာျပေပးမယ့္ သင့္ရဲ့စိတ္ေနစိတ္ထား

နံပါတ္ ၁

သင္က ေပ်ာ္ေပ်ာ္ေနတတ္တဲ့ မိန္းကေလးတစ္ေယာက္ပါ။ ဒါေၾကာင့္ သင့္ကိုစိတ္ရႈပ္ၿပီး မေပ်ာ္ရႊင္ျဖစ္ေစမယ့္ အရာေတြကေန ေရွာင္ၾကဥ္ၿပီးေနတတ္ပါတယ္။ သင္ဟာ လူတိုင္းရဲ့အာ႐ုံကို သင့္ဘက္ပါလာေအာင္ လုပ္ေဆာင္နိုင္စြမ္းရွိပါတယ္။

နံပါတ္ ၂

သင္ဟာ ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြေအာင္ ေျပာဆိုဆက္ဆံတတ္ပါတယ္။ ဒါ့အျပင္ ကိုယ့္ရဲ့စိတ္ခံစားခ်က္ေတြကို ေကာင္းစြာထိန္းခ်ဳပ္နိုင္တဲ့အတြက္ ဘဝမွာေအာင္ျမင္မႈေတြကို ရရွိတတ္ၿပီး လူတိုင္းနဲ႔အဆင္ေျပပါတယ္။

နံပါတ္ ၃

သင္ဟာ ၾကဳံေတြ႕ရတဲ့အေျခအေနအမ်ိဳးမ်ိဳးကို မတုန္လႈပ္ပဲ လက္ခံနိုင္စြမ္းရွိပါတယ္။ သင့္ရဲ့စိတ္ခံစားခ်က္ေတြက သင္ေရာက္ရွိေနတဲ့ ေနရာေဒသေပၚမႈတည္ၿပီး ေျပာင္းလဲတတ္ပါတယ္။ စိတ္အေျခအေနေကာင္းေနရင္ ေပ်ာ္ေပ်ာ္ေနတတ္ေပမယ့္ မ်ားေသာအားျဖင့္ ေအးေအးေဆးေဆးနဲ႔ တည္တည္ၿငိမ္ၿငိမ္ေနတတ္ပါတယ္။

နံပါတ္ ၄

သင့္အတြက္ ေပ်ာ္ရႊင္မႈဆိုတာ တစ္ကူးတစ္ကလုပ္ယူေနစရာမလိုပဲ ေနတတ္ရင္ ေပ်ာ္စရာႀကီးပဲလို႔ ေတြးထားပါတယ္။ ဘာမဟုတ္တဲ့ ေသးငယ္တဲ့အရာေလးကအစ သင့္ကိုေပ်ာ္ေအာင္လုပ္ေပးတတ္ၿပီး ဒီေပ်ာ္ရႊင္မႈေတြကိုလည္း အျမဲတန္ဖိုးထားၿပီး စိတ္ထဲမွာ မွတ္ထားေလ့ရွိပါတယ္။

နံပါတ္ ၅

သင့္မွာ လူတိုင္းအံ့ၾသတုန္လႈပ္သြားနိုင္တဲ့ စိတ္ကူးအႀကံဉာဏ္ေကာင္းေတြ ရွိေနတတ္ပါတယ္။ ေျပာရမယ္ဆိုရင္ သင္က ပြင့္ပြင့္လင္းလင္းေနတတ္ၿပီး အႀကံဉာဏ္ေကာင္းေတြ ရွိေနတတ္တဲ့အျပင္ ကိုယ့္ကိုယ္ကို အျမဲယုံၾကည္မႈရွိပါတယ္။

နံပါတ္ ၆

သင္က အတြင္းစိတ္ေရာ၊ အျပင္ပန္းေရာ လွပတဲ့မိန္းကေလးတစ္ေယာက္ပါ။ ဒါ့အျပင္ လူတိုင္းရဲ့အာ႐ုံစိုက္တာမ်ိဳးေတြကို မခံခ်င္ပဲ ကိုယ့္ဘာသာ ေအးေအးခ်မ္းခ်မ္းေနခ်င္တဲ့ အက်င့္ေလးရွိေနပါတယ္။

နံပါတ္ ၇

သင္က ကိုယ္ျဖစ္ခ်င္တာကို ဘယ္လိုအေႏွာက္အယွက္ အတားအဆီးပဲရွိရွိ ျဖစ္ေအာင္လုပ္တတ္တဲ့ မိန္းကေလးတစ္ေယာက္ပါ။ သင္လုပ္ေနတဲ့အရာေတြအတြက္ လူေတြရဲ့အေတြးအျမင္ေတြကို ဂ႐ုမစိုက္တတ္ပါဘူး။ ဒါ့အျပင္ သင္ဟာ လူေတြကို ဆြဲေဆာင္နိုင္စြမ္းရွိပါတယ္။ လူတစ္ခ်ိဳ႕က သင့္ကို အပိုေတြလုပ္တယ္ ထင္တတ္ေပမယ့္ တစ္ခ်ိဳ႕ကေတာ့ အဲဒီအခ်က္ေၾကာင့္ပဲ သင္ဟာဆြဲေဆာင္မႈရွိေနတယ္လို႔ ထင္ေနၾကပါတယ္။

နံပါတ္ ၈

သင္ဟာ ရင့္က်က္ၿပီး ႀကိဳးစားတဲ့မိန္းကေလးတစ္ေယာက္ပါ။ ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ေတြမွာေတာင္ သင္ဟာ မတုန္လႈပ္ပဲ ကိုယ့္ကိုယ္ကို ေပ်ာ္ရႊင္ေအာင္ အျမဲေနတတ္ပါတယ္။

Credit