Knowledge

ဝေးဝေးရှောင်သင့်တဲ့ ယောကျ်ားမပီသတဲ့ သူတွေရဲ့ အကျင့်စရိုက်များ

ဝေးဝေးရှောင်သင့်တဲ့ ယောကျ်ားမပီသတဲ့ သူတွေရဲ့ အကျင့်စရိုက်များ

ယောကျ်ားတိုင်းဟာ ယောကျ်ား မပီသဘူးဆိုတာ မိန်းကလေး တော်တော်များများ နားလည်ကြမှာပါ။ယောကျ်ား တစ်ယောက်ဟာ သင့်ဆီမှာ ကျတော့ မကောင်းဘူး၊ သူများတွေဆီမှာ ကျတော့ ကောင်းတယ်ဆိုတာ

မျိုးတွေဟာ ယောကျ်ား မပီသခြင်းရဲ့ လက္ခဏာတွေပါ။ခုဖော်ပြပေး မှာကတော့ ယောကျ်ားဖြစ်ပြီး ယောကျ်ား မပီသတဲ့ သူတွေရဲ့ အကျင့်စရိုက်တွေပဲ ဖြစ်ပါတယ်။ဒီလိုယောကျ်ားတွေကိုတော့ ဝေးဝေးရှောင်သင့် ပါတယ်နော်

(1) ဒီလိုယောကျ်ားတွေဟာ အမြဲတမ်း ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်တဲ့သူတွေပါ။

ကိုယ်အဆင်ပြေဖို့၊ ကိုယ်ကြည့်ကောင်းနေဖို့၊ ကိုယ်သာယာနေဖို့ ကလွဲပြီးကျန်တဲ့သူတွေအတွက် လုံးဝစဉ်းစားပေးတတ်တဲ့ သူတွေ မဟုတ်ပါဘူး ။

(2) ဘယ်တော့မှ သူတစ်ပါးကို အကြံဉာဏ် တောင်းမှာ မဟုတ်ပါဘူး။

သင့်ရဲ့အကြံဉာဏ်တွေဟာ သူ့အတွက် အသုံးလည်း မဝင်သလို၊ ဂရုလည်း စိုက်မှာ မဟုတ်ပါဘူး။လုပ်ချင်ရာ လုပ်မယ့် သူတွေ ဖြစ်ပါတယ်

(3) ဒီလိုယောကျ်ားတွေဟာ အကျပ်ကိုင်တတ်တဲ့ သူတွေပါ။

တစ်ဖက်လူရဲ့ပျော့ကွက်ကို ကောင်းမွန်စွာ နားလည်ပြီး ဘယ်လို ခြယ်လှယ် ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ သူတွေပါ။အားနည်းချက်ကို ခုတုံးလုပ်ပြီး ခိုင်းစား တတ်တဲ့နေရာမှာ နှစ်ယောက် မရှိပါဘူး

(4) ဒီလို လူတွေဟာ လူတွေရဲ့ ထင်မြင် ယူဆချက်၊ ဝေဖန်မှုတွေကို အရမ်းဂရုစိုက်တဲ့သူတွေပါ။

လူထင်ကြီး ခံချင်တဲ့နေရာ မှာလည် းနှစ်ယောက် မရှိပါဘူး။ ငါတော်၊ ငါတတ်ဆိုတဲ့ ပုံစံကို အမြဲဖမ်း ထားတဲ့ သူတွေပါ

(5) ဒီလိုယောကျ်ားတွေဟာ မျက်နှာ ၂ခုရှိတဲ့သူတွေပါ။

လူများရှေ့မှာတော့ အရမ်းကို သဘောကောင်း မနောကောင်း၊ စိတ်ထား မွန်မြတ်ပြီးခင်မင် နှစ်လို ဖွယ်ကောင်းသလို အတွင်းမှာကျတော့ လုံးဝ ရွံစရာကောင်းလောက်အောင်ကို အော်ဂလီဆန် ရပြန် ပါတယ်။

(6) ဒီလိုလူတွေဟာ လုံးဝကို Drama King တွေပါ။

လူတစ်ဖက်သား သနားအောင်၊ အားတုံ့အားနာဖြစ်အောင် အရမ်းပြောတတ် သူတွေပါ။ဥပမာ Ready Made ပစ္စည်းတစ်ခုခုကိုဝယ်လာပြီး တစ်ညလုံး ကိုယ်တိုင် မနားပဲ လုပ်ထားတာ စသဖြင့် မျက်ရည်ချူ တတ်တဲ့သူတွေပေါ့

(7) ချစ်သူရည်းစား ထားတဲ့ အခါမှာလည်း မကြာခဏ အဆက်ဖြတ်လိုက်၊ မကြာခဏ ပြန်ဆက်သွယ် လိုက်လုပ် တတ်တဲ့ သူတွေပါ။

တစ်ဖက်လူရဲ့ခံစားချက်ကို လုံးဝအလေးမထားပဲ နာကျင်အောင် လုပ်နေရတာကို ပျော်မွေ့နေတဲ့ သူတွေ ဖြစ်ပါတယ် ။

Credit

Zawgyi

ေဝးေဝးေရွာင္သင့္တဲ့ ေယာက်္ားမပီသတဲ့ သူေတြရဲ့ အက်င့္စရိုက္မ်ား

ေယာက်္ားတိုင္းဟာ ေယာက်္ား မပီသဘူးဆိုတာ မိန္းကေလး ေတာ္ေတာ္မ်ားမ်ား နားလည္ၾကမွာပါ။ေယာက်္ား တစ္ေယာက္ဟာ သင့္ဆီမွာ က်ေတာ့ မေကာင္းဘူး၊ သူမ်ားေတြဆီမွာ က်ေတာ့ ေကာင္းတယ္ဆိုတာ

မ်ိဳးေတြဟာ ေယာက်္ား မပီသျခင္းရဲ့ လကၡဏာေတြပါ။ခုေဖာ္ျပေပး မွာကေတာ့ ေယာက်္ားျဖစ္ၿပီး ေယာက်္ား မပီသတဲ့ သူေတြရဲ့ အက်င့္စရိုက္ေတြပဲ ျဖစ္ပါတယ္။ဒီလိုေယာက်္ားေတြကိုေတာ့ ေဝးေဝးေရွာင္သင့္ ပါတယ္ေနာ္

(1) ဒီလိုေယာက်္ားေတြဟာ အျမဲတမ္း ကိုယ့္ကိုယ္ကိုပဲ ဂ႐ုစိုက္တဲ့သူေတြပါ။

ကိုယ္အဆင္ေျပဖို႔၊ ကိုယ္ၾကည့္ေကာင္းေနဖို႔၊ ကိုယ္သာယာေနဖို႔ ကလြဲၿပီးက်န္တဲ့သူေတြအတြက္ လုံးဝစဥ္းစားေပးတတ္တဲ့ သူေတြ မဟုတ္ပါဘူး ။

(2) ဘယ္ေတာ့မွ သူတစ္ပါးကို အႀကံဉာဏ္ ေတာင္းမွာ မဟုတ္ပါဘူး။

သင့္ရဲ့အႀကံဉာဏ္ေတြဟာ သူ႔အတြက္ အသုံးလည္း မဝင္သလို၊ ဂ႐ုလည္း စိုက္မွာ မဟုတ္ပါဘူး။လုပ္ခ်င္ရာ လုပ္မယ့္ သူေတြ ျဖစ္ပါတယ္

(3) ဒီလိုေယာက်္ားေတြဟာ အက်ပ္ကိုင္တတ္တဲ့ သူေတြပါ။

တစ္ဖက္လူရဲ့ေပ်ာ့ကြက္ကို ေကာင္းမြန္စြာ နားလည္ၿပီး ဘယ္လို ျခယ္လွယ္ ရမလဲဆိုတာ ေကာင္းေကာင္းသိတဲ့ သူေတြပါ။အားနည္းခ်က္ကို ခုတုံးလုပ္ၿပီး ခိုင္းစား တတ္တဲ့ေနရာမွာ ႏွစ္ေယာက္ မရွိပါဘူး

(4) ဒီလို လူေတြဟာ လူေတြရဲ့ ထင္ျမင္ ယူဆခ်က္၊ ေဝဖန္မႈေတြကို အရမ္းဂ႐ုစိုက္တဲ့သူေတြပါ။

လူထင္ႀကီး ခံခ်င္တဲ့ေနရာ မွာလည္ းႏွစ္ေယာက္ မရွိပါဘူး။ ငါေတာ္၊ ငါတတ္ဆိုတဲ့ ပုံစံကို အျမဲဖမ္း ထားတဲ့ သူေတြပါ

(5) ဒီလိုေယာက်္ားေတြဟာ မ်က္ႏွာ ၂ခုရွိတဲ့သူေတြပါ။

လူမ်ားေရွ႕မွာေတာ့ အရမ္းကို သေဘာေကာင္း မေနာေကာင္း၊ စိတ္ထား မြန္ျမတ္ၿပီးခင္မင္ ႏွစ္လို ဖြယ္ေကာင္းသလို အတြင္းမွာက်ေတာ့ လုံးဝ ရြံစရာေကာင္းေလာက္ေအာင္ကို ေအာ္ဂလီဆန္ ရျပန္ ပါတယ္။

(6) ဒီလိုလူေတြဟာ လုံးဝကို Drama King ေတြပါ။

လူတစ္ဖက္သား သနားေအာင္၊ အားတုံ႔အားနာျဖစ္ေအာင္ အရမ္းေျပာတတ္ သူေတြပါ။ဥပမာ Ready Made ပစၥည္းတစ္ခုခုကိုဝယ္လာၿပီး တစ္ညလုံး ကိုယ္တိုင္ မနားပဲ လုပ္ထားတာ စသျဖင့္ မ်က္ရည္ခ်ဴ တတ္တဲ့သူေတြေပါ့

(7) ခ်စ္သူရည္းစား ထားတဲ့ အခါမွာလည္း မၾကာခဏ အဆက္ျဖတ္လိုက္၊ မၾကာခဏ ျပန္ဆက္သြယ္ လိုက္လုပ္ တတ္တဲ့ သူေတြပါ။

တစ္ဖက္လူရဲ့ခံစားခ်က္ကို လုံးဝအေလးမထားပဲ နာက်င္ေအာင္ လုပ္ေနရတာကို ေပ်ာ္ေမြ႕ေနတဲ့ သူေတြ ျဖစ္ပါတယ္ ။

Credit