Knowledge

ကတ်လေးတွေကနေတဆင့် သင့်ကိုဘယ်လိုအကြံတွေ ပေးချင်နေလဲဆိုတာ ပြောပြမယ်

ကတ်လေးတွေကနေတဆင့် သင့်ကိုဘယ်လိုအကြံတွေ ပေးချင်နေလဲဆိုတာ ပြောပြမယ်

နံပါတ် ၁

ကတ်လေးက ပြောထားတာကတော့ သင်ဟာ နေမင်းလို တောက်ပတဲ့ကိုယ်ရောင်ကိုယ်ဝါတွေ ရှိသူတစ်ယောက်ဖြစ်ပြီး သင့်ဘဝမှာ အပြုံးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် သင့်စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်ရင်း ဇဝေဇဝါတွေ ဖြစ်နေတတ်ပါတယ်။

တစ်ခါတစ်လေ သင့်ကိုဘယ်သူမှ နားလည်မပေးဘူးဆိုပြီး ခံစားနေရတတ်ပါတယ်။ ဒီကတ်လေးကတစ်ဆင့် နတ်ဘုရားတစ်ပါးက သင့်ကိုအကြံပေးချင်တာကတော့ ဒီနေ့ဒီအချိန်ထိ သင်ဆိုတဲ့လူတစ်ယောက် ဖြစ်လာအောင် ကူညီပံ့ပိုးပေးခဲ့တဲ့ ကျေးဇူးရှိသူတွေကို မမေ့လျော့သင့်ပဲ

ကိုယ်တတ်နိုင်သလောက် ပြန်ကူညီဖေးမသင့်တယ် ဆိုတာပါပဲ။ သင့်ဘဝမှာ အောင်မြင်မှုတွေရှိသလို ကျရှုံးမှုတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအရာတွေကြောင့် ခံစားမနေပဲ မိမိလုပ်သင့်လုပ်ထိုက်တာကို လုပ်သွားဖို့လည်း အကြံပေးထားပါသေးတယ်။

နံပါတ် ၂

သင်ဟာ သင့်ဘဝမှာ သင်ဖြစ်ချင်တာမှန်သမျှကို ဖန်တီးနိုင်စွမ်းရှိသလို မလိုချင်တဲ့အရာတွေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ ဒီကတ်လေးကတစ်ဆင့် နတ်ဘုရားတစ်ပါးက သင့်ကိုအကြံပေးချင်တာကတော့ သင့်ကိုယ်သင် ယုံကြည်ချက်ရှိဖို့ပါ။ နောက်တစ်ချက်က သင်ဟာ ဘယ်တော့မှ အထီးကျန်တာမျိုး

ခံစားရမှာမဟုတ်ပဲ သင်ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး သင့်ကိုချစ်ခင်နှစ်သက်ပေးမယ့် လူတွေရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် သင့်ကိုယ်သင်ယုံကြည်ပြီး သင့်ရဲ့နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဒဏ်ရာတွေကို လက်နက်တစ်ခုလို အသုံးချပြီး သင့်ယုံကြည်ချက်တွေကို ရဲရဲဝံ့ဝံ့ ဖန်တီးလိုက်ပါတော့နော်

နံပါတ် ၃

ဒီကတ်လေးကတစ်ဆင့် နတ်ဘုရားတစ်ပါးက သင့်ကိုအကြံပေးချင်တာကတော့ စိတ်ရှည်သည်းခံဖို့ပါပဲ။ သင့်အနေနဲ့ အချိန်မတန်သေးလို့ မဖြစ်လာသေးတဲ့ အရာတစ်ခုအပေါ်

စိတ်ပျက်အားငယ်မနေပဲ မိမိလုပ်စရာရှိတာ ဆက်လုပ်ပြီး စိတ်ရှည်သည်းခံစွာ စောင့်ဖို့လိုအပ်နေပါတယ်။ သင့်အနေနဲ့ စိတ်ရှည်သည်းခံတဲ့ စိတ်လေးသာ မွေးမြူလိုက်မယ်ဆိုရင် သင့်ဘဝမှာ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်မှုတွေက အနောက်က လိုက်ပါလာမှာပါ။

lotaya_quiz

Zawgyi

ကတ္ေလးေတြကေနတဆင့္ သင့္ကိုဘယ္လိုအႀကံေတြ ေပးခ်င္ေနလဲဆိုတာ ေျပာျပမယ္

နံပါတ္ ၁

ကတ္ေလးက ေျပာထားတာကေတာ့ သင္ဟာ ေနမင္းလို ေတာက္ပတဲ့ကိုယ္ေရာင္ကိုယ္ဝါေတြ ရွိသူတစ္ေယာက္ျဖစ္ၿပီး သင့္ဘဝမွာ အျပဳံးေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ ဒါေပမယ့္ သင့္စိတ္ထဲမွာေတာ့ ကိုယ့္ကိုယ္ကို ေမးခြန္းေတြထုတ္ရင္း ဇေဝဇဝါေတြ ျဖစ္ေနတတ္ပါတယ္။

တစ္ခါတစ္ေလ သင့္ကိုဘယ္သူမွ နားလည္မေပးဘူးဆိုၿပီး ခံစားေနရတတ္ပါတယ္။ ဒီကတ္ေလးကတစ္ဆင့္ နတ္ဘုရားတစ္ပါးက သင့္ကိုအႀကံေပးခ်င္တာကေတာ့ ဒီေန႔ဒီအခ်ိန္ထိ သင္ဆိုတဲ့လူတစ္ေယာက္ ျဖစ္လာေအာင္ ကူညီပံ့ပိုးေပးခဲ့တဲ့ ေက်းဇူးရွိသူေတြကို မေမ့ေလ်ာ့သင့္ပဲ

ကိုယ္တတ္နိုင္သေလာက္ ျပန္ကူညီေဖးမသင့္တယ္ ဆိုတာပါပဲ။ သင့္ဘဝမွာ ေအာင္ျမင္မႈေတြရွိသလို က်ရႈံးမႈေတြလည္း ရွိနိုင္ပါတယ္။ ဒါေၾကာင့္ ဒီအရာေတြေၾကာင့္ ခံစားမေနပဲ မိမိလုပ္သင့္လုပ္ထိုက္တာကို လုပ္သြားဖို႔လည္း အႀကံေပးထားပါေသးတယ္။

နံပါတ္ ၂

သင္ဟာ သင့္ဘဝမွာ သင္ျဖစ္ခ်င္တာမွန္သမၽွကို ဖန္တီးနိုင္စြမ္းရွိသလို မလိုခ်င္တဲ့အရာေတြကို ေျပာင္းလဲပစ္နိုင္စြမ္း ရွိပါတယ္။ ဒီကတ္ေလးကတစ္ဆင့္ နတ္ဘုရားတစ္ပါးက သင့္ကိုအႀကံေပးခ်င္တာကေတာ့ သင့္ကိုယ္သင္ ယုံၾကည္ခ်က္ရွိဖို႔ပါ။ ေနာက္တစ္ခ်က္က သင္ဟာ ဘယ္ေတာ့မွ အထီးက်န္တာမ်ိဳး

ခံစားရမွာမဟုတ္ပဲ သင္ခ်လိုက္တဲ့ ဆုံးျဖတ္ခ်က္ေတြေပၚမူတည္ၿပီး သင့္ကိုခ်စ္ခင္ႏွစ္သက္ေပးမယ့္ လူေတြရွိေနတယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ သင့္ကိုယ္သင္ယုံၾကည္ၿပီး သင့္ရဲ့နာက်င္မႈေတြ၊ ေပ်ာ္ရႊင္မႈေတြနဲ႔ ဒဏ္ရာေတြကို လက္နက္တစ္ခုလို အသုံးခ်ၿပီး သင့္ယုံၾကည္ခ်က္ေတြကို ရဲရဲဝံ့ဝံ့ ဖန္တီးလိုက္ပါေတာ့ေနာ္

နံပါတ္ ၃

ဒီကတ္ေလးကတစ္ဆင့္ နတ္ဘုရားတစ္ပါးက သင့္ကိုအႀကံေပးခ်င္တာကေတာ့ စိတ္ရွည္သည္းခံဖို႔ပါပဲ။ သင့္အေနနဲ႔ အခ်ိန္မတန္ေသးလို႔ မျဖစ္လာေသးတဲ့ အရာတစ္ခုအေပၚ

စိတ္ပ်က္အားငယ္မေနပဲ မိမိလုပ္စရာရွိတာ ဆက္လုပ္ၿပီး စိတ္ရွည္သည္းခံစြာ ေစာင့္ဖို႔လိုအပ္ေနပါတယ္။ သင့္အေနနဲ႔ စိတ္ရွည္သည္းခံတဲ့ စိတ္ေလးသာ ေမြးျမဴလိုက္မယ္ဆိုရင္ သင့္ဘဝမွာ ေအာင္ျမင္မႈေတြနဲ႔ ေပ်ာ္ရႊင္မႈေတြက အေနာက္က လိုက္ပါလာမွာပါ။

lotaya_quiz