Knowledge

သင်ရွေးချယ်လိုက်တဲ့ ငှက်လေးတွေကပြောပြပေးမယ့် သင့်ရဲ့အကျင့်စရိုက်များ

သင်ရွေးချယ်လိုက်တဲ့ ငှက်လေးတွေကပြောပြပေးမယ့် သင့်ရဲ့အကျင့်စရိုက်များ

(၁) ချိုးငှက်

ချိုးငှက်လေးတွေက “ငြိမ်းချမ်းခြင်းနဲ့ကြင်နာခြင်း” ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်စားပြုပါတယ်။ ချိုးငှက်လေးကို ရွေးချယ်မိတယ်ဆိုရင်တော့ သင်ဟာ ကိုယ့်တာဝန်ကိုသိတဲ့လူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းတစ်ဖက်သားကို ကူညီဖို့အဆင်သင့်ဖြစ်နေသူပါ။

အေးအေးဆေးဆေးနေတတ်ပြီး ရိုးသားဖြောင့်မက်တဲ့ အကျင့်စရိုက်ရှိပါတယ်။ တစ်ဖက်သားရဲ့ယုံကြည်မူကို အလွယ်တကူရတက်တဲ့အပြင် သူတို့တွေရဲ့ဆန္ဒတွေကိုလည်း လေးစားတတ်ပါသေးတယ်။ သင့်ရဲ့မကောင်းတဲ့အချက်ကတော့ အယုံလွယ်တဲ့အတွက် ခဏခဏအလိမ်ခံရတတ်ပါတယ်။

(၂) ဇီးကွက်

ဇီးကွက်လေးတွေက “ဉာဏ်ပညာ” ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်စားပြုပါတယ်။ ဇီးကွက်လေးကို ရွေးချယ်မိတယ်ဆိုရင်တော့ သင်ဟာ ဉာဏ်ပညာထက်မြတ်ပြီး ဝေဖန်ပိုင်းခြားမှုအားကောင်းတဲ့ လူတစ်ယောက်ပါ။ သူများတွေ မဖြေရှင်းနိုင်တဲ့ကိစ္စရပ်တွေကို အလွယ်တကူဖြေရှင်းနိုင်ပြီး

ကိစ္စတစ်ခုကို အသေးစိတ်ကအစ ဂရုစိုက်တတ်သူ တစ်ဦးပါ။ ဒါ့အပြင် မျှမျှတတ စဉ်းစားတွေးခေါ်တတ်ပြီး စူးစမ်းလိုစိတ်ရှိပါတယ်။ သင့်ရဲ့မကောင်းတဲ့အချက်တွေကတော့ လူအများကြီးနဲ့ဆက်ဆံပြီးလုပ်ဆောင်ရတာကို မကြိုက်တတ်တဲ့အပြင် အပြစ်ရှာပြီး ဝေဖန်တတ်တဲ့အကျင့်လေးရှိပါတယ်။

(၃) ဒေါင်း

ဒေါင်းလေးတွေကတော့ “ဂုဏ်ကျက်သရေ” ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်စားပြုပါတယ်။ ဒေါင်းလေးကို ရွေးချယ်မိတယ်ဆိုရင်တော့ သင်ဟာ ပွင့်ပွင်းလင်းလင်းနေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဖန်တီးမူအားကောင်းတဲ့အပြင် လူတွေကိုဆွဲဆောင်နိုင်တဲ့အတွက်

မိတ်ဆွေအပေါင်းအသင်းတွေ အလွယ်တကူဖန်တီးနိုင်ပါတယ်။ သင့်ရဲ့မကောင်းတဲ့အချက်တွေကတော့ ခွန်အားကိုအသုံးပြုရမယ့် အလုပ်တွေကို မလုပ်နိုင်တဲ့အပြင် အချိန်ကိုမလေးစားတတ်ပါဘူး။ ဒါ့အပြင် တစ်ခါတစ်ရံ စိတ်အပြောင်းအလဲအရမ်းမြန်တဲ့ အကျင့်ရှိပါတယ်။

(၄) လင်းယုံငှက်

လင်းယုံငှက်လေးတွေကတော့ “ခွန်အား” ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်စားပြုပါတယ်။ လင်းယုံငှက်လေးကို ရွေးချယ်မိတယ်ဆိုရင်တော့ သင်ဟာ ရဲရင့်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးရဲတဲ့စိတ်ဓာတ်ရှိပြီး

ရိုးသားဖြောင့်မက်တဲ့စိတ်ထားရှိပါတယ်။ သင့်ရဲ့မကောင်းတဲ့အချက်တွေကတော့ ခေါင်းမာတတ်ပြီး အရှုံးကို ရင်ဆိုင်ဖို့ကြောက်ရွံ့တတ်ပါတယ်။ ဒါ့အပြင် တစ်ဖက်သားအပေါ်ဂရုမစိုက်ဘဲ ကိုယ်ဖြစ်ချင်တာတွေကိုပဲ အာရုံထားပြီး လုပ်ဆောင်တတ်တဲ့စိတ်ထားရှိပါတယ်။

Credit

Zawgyi


(၁) ချိုးငှက်



(၂) ဇီးကွက်



(၃) ဒေါင်း



(၄) လင်းယုံငှက်



Credit