Knowledge

ဂျပန်အနုပညာပန်းချီလေးက ပြောပြပေးမယ့် သင့်အကြောင်း

ဂျပန်အနုပညာပန်းချီလေးက ပြောပြပေးမယ့် သင့်အကြောင်း

ဒီနေ့မှာတော့ ဂျပန်အနုပညာပန်းချီလေးတွေကတစ်ဆင့် သင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြပေးသွားမှာပါ။ ပေးထားတဲ့

ပန်းချီလေးတွေထဲက အနှစ်သက်ဆုံး တစ်ခုကိုရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်ရအောင်နော်။

နံပါတ် ၁

သင်ဟာ ဉာဏ်ပညာထက်မြက်ပြီး ကမ္ဘာကြီးနဲ့ပတ်သက်ပြီး သိလိုစိတ်ပြင်းပြသူ တစ်ဦးဖြစ်တဲ့အတွက် မိမိတတ်နိုင်သလောက်

စူးစမ်းလေ့လာမှုတွေ ပြုလုပ်တတ်သူတစ်ယောက်ပါ။ တစ်ယောက်တည်းနေရတာကို အထူးနှစ်သက်ပြီး အစွဲအလမ်းတွေ၊ နှောင်ကြိုးတွေက သင့်ကိုစိတ်အနှောင့်အရှက်

ဖြစ်စေတဲ့အရာတွေလို့ သတ်မှတ်ထားပါတယ်။ ဆိတ်ငြိမ်တဲ့ တစ်နေရာမှာ တစ်ယောက်တည်းထိုင်ပြီး စူးစမ်းလေ့လာမှုတွေ၊ တွေးခေါ်မှုတွေ

လုပ်လေ့ရှိပါတယ်။ အမြော်အမြင်ရှိပြီး စဉ်းစားတွေးခေါ်တတ်တဲ့အပြင် ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့အတွက် လူတိုင်းကို သနားကြင်နာစွာ ပြောဆိုဆက်ဆံတတ်ပါတယ်။

နံပါတ် ၂

သင်ဟာ ဟာဉာဏ်အပြည့်ရှိပြီး တက်တက်ကြွကြွနဲ့ ပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ယောက်ပါ။ ဒါ့အပြင် အကောင်းမြင်စိတ်ရှိတဲ့အပြင်

ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲရယ်မောနေသူတစ်ယောက်ပေါ့။ ပျော်ပျော်ရွှင်ရွှင်နေရဖို့က သင့်ဘဝရဲ့ တာဝန်တစ်ခုလို့ ခံယူထားတဲ့အတွက် ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး

သူတစ်ပါးကိုလည်း အမြဲပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပါတယ်။ အမြဲတတ်ကြွလန်းဆန်းနေတဲ့အတွက် ဘယ်အရာကမှ သင့်ကိုစိတ်ပျက်အောင်၊

ဝမ်းနည်းအောင်၊ စိတ်အားငယ်အောင် မလုပ်နိုင်ပါဘူး။ ရိုးသားဖြောင့်မတ်စွာ ဘဝကို ဖြတ်သန်းပြီး အားကစားမှာလည်း ထူးချွန်သူတစ်ယောက်ပေါ့။

နံပါတ် ၃

သင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း နေထိုင်တတ်သူတစ်ယောက်ပါ။ ရန်ပွဲတွေ၊ အငြင်းပွားမှုတွေကို မနှစ်သက်ပဲ လူတိုင်းကို

အေးချမ်းနေစေချင်တာ သင့်ဆန္ဒပါ။ တခြားလူတွေကို ပျော်ရွှင်ပြီး စိတ်ချမ်းသာအောင် အမြဲလုပ်ဆောင်ပေးတတ်ပြီး မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့

အားကိုးအားထားရသူတစ်ယောက်ပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ သင်ဟာ လူတိုင်းနဲ့

လိုက်လျောညီထွေဖြစ်အောင် ပြုမှုနေထိုင် ပြောဆိုတတ်ပါတယ်။ ဘယ်အရာကိုမဆို ကြိုတင်ခန့်မှန်းပြီး လုပ်ဆောင်တတ်တာက သင့်အားသာချက်ပါ။

credit to lotaya_quiz

Zawgyi

ဂ်ပန္အႏုပညာပန္းခ်ီေလးက ေျပာျပေပးမယ့္ သင့္အေၾကာင္း

ဒီေန႔မွာေတာ့ ဂ်ပန္အႏုပညာပန္းခ်ီေလးေတြကတစ္ဆင့္ သင္ဟာ ဘယ္လိုလူစားမ်ိဳးလဲဆိုတာ ေျပာျပေပးသြားမွာပါ။

ေပးထားတဲ့ ပန္းခ်ီေလးေတြထဲက အႏွစ္သက္ဆုံး တစ္ခုကိုေရြးခ်ယ္ၿပီး အေျဖကိုေလ့လာၾကည့္ရေအာင္ေနာ္။

နံပါတ္ ၁

သင္ဟာ ဉာဏ္ပညာထက္ျမက္ၿပီး ကမၻာႀကီးနဲ႔ပတ္သက္ၿပီး သိလိုစိတ္ျပင္းျပသူ တစ္ဦးျဖစ္တဲ့အတြက္ မိမိတတ္နိုင္သေလာက္ စူးစမ္းေလ့လာမႈေတြ

ျပဳလုပ္တတ္သူတစ္ေယာက္ပါ။ တစ္ေယာက္တည္းေနရတာကို အထူးႏွစ္သက္ၿပီး အစြဲအလမ္းေတြ၊ ေႏွာင္ႀကိဳးေတြက သင့္ကိုစိတ္အေႏွာင့္အရွက္

ျဖစ္ေစတဲ့အရာေတြလို႔ သတ္မွတ္ထားပါတယ္။ ဆိတ္ၿငိမ္တဲ့ တစ္ေနရာမွာ တစ္ေယာက္တည္းထိုင္ၿပီး စူးစမ္းေလ့လာမႈေတြ၊ ေတြးေခၚမႈေတြ

လုပ္ေလ့ရွိပါတယ္။ အေျမာ္အျမင္ရွိၿပီး စဥ္းစားေတြးေခၚတတ္တဲ့အျပင္ ၾကင္နာတတ္တဲ့ႏွလုံးသားရွိတဲ့အတြက္ လူတိုင္းကို သနားၾကင္နာစြာ ေျပာဆိုဆက္ဆံတတ္ပါတယ္။

နံပါတ္ ၂

သင္ဟာ ဟာဉာဏ္အျပည့္ရွိၿပီး တက္တက္ႂကြႂကြနဲ႔ ပြင့္ပြင့္လင္းလင္း ေနတတ္သူတစ္ေယာက္ပါ။ ဒါ့အျပင္ အေကာင္းျမင္စိတ္ရွိတဲ့အျပင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔

အျမဲရယ္ေမာေနသူတစ္ေယာက္ေပါ့။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရဖို႔က သင့္ဘဝရဲ့ တာဝန္တစ္ခုလို႔ ခံယူထားတဲ့အတြက္ ကိုယ္တိုင္လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္ၿပီး

သူတစ္ပါးကိုလည္း အျမဲေပ်ာ္ရႊင္ေအာင္ ဖန္တီးေပးေလ့ရွိပါတယ္။ အျမဲတတ္ႂကြလန္းဆန္းေနတဲ့အတြက္ ဘယ္အရာကမွ သင့္ကိုစိတ္ပ်က္ေအာင္၊

ဝမ္းနည္းေအာင္၊ စိတ္အားငယ္ေအာင္ မလုပ္နိုင္ပါဘူး။ ရိုးသားေျဖာင့္မတ္စြာ ဘဝကို ျဖတ္သန္းၿပီး အားကစားမွာလည္း ထူးခၽြန္သူတစ္ေယာက္ေပါ့။

နံပါတ္ ၃

သင္ဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေအးေအးခ်မ္းခ်မ္း ေနထိုင္တတ္သူတစ္ေယာက္ပါ။ ရန္ပြဲေတြ၊ အျငင္းပြားမႈေတြကို မႏွစ္သက္ပဲ လူတိုင္းကို

ေအးခ်မ္းေနေစခ်င္တာ သင့္ဆႏၵပါ။ တျခားလူေတြကို ေပ်ာ္ရႊင္ၿပီး စိတ္ခ်မ္းသာေအာင္ အျမဲလုပ္ေဆာင္ေပးတတ္ၿပီး မိသားစုနဲ႔ မိတ္ေဆြအေပါင္းအသင္းေတြရဲ့

အားကိုးအားထားရသူတစ္ေယာက္ေပါ့။ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြနဲ႔ ျပည့္ႏွက္ေနတဲ့ ဒီကမၻာႀကီးမွာ သင္ဟာ လူတိုင္းနဲ႔

လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပဳမႈေနထိုင္ ေျပာဆိုတတ္ပါတယ္။ ဘယ္အရာကိုမဆို ႀကိဳတင္ခန႔္မွန္းၿပီး လုပ္ေဆာင္တတ္တာက သင့္အားသာခ်က္ပါ။

credit to lotaya_quiz