Knowledge

ပုံလေးတွေက ပြောပြပေးမယ့် သင့်အတွက် တစ်နေ့တာ ဗေဒင်ခန့်မှန်းချက်များ

ပုံလေးတွေက ပြောပြပေးမယ့် သင့်အတွက် တစ်နေ့တာ ဗေဒင်ခန့်မှန်းချက်များ

(၁) အသဲပုံ

ဒီနေ့မှာ သင်ဟာ နှလုံးသားရေးရာနဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်မှာပါ။ ကိုယ်ချစ်ရတဲ့သူကို အချိန်ပေးပြီး ပျော်ရွှင်စရာလေးတွေဖန်တီးပါ။ သင်ဟာ ဒီနေ့မှာ ဆန့်ကျင်ဘက်လိင်တွေကို အလွန်ကို ဆွဲဆောင်နေပါလိမ့်မယ်။

(၂) ပိုက်ဆံအိတ်

ဒီနေ့မှာ ငွေကုန်ကြေးကျ အရမ်းများပါလိမ့်မယ်။ ဒါကြောင့် ပိုက်ဆံတွေကို ပိုက်ဆံအိတ်ထဲမှာ လိုအပ်တာထက်ပိုပြီး မထည့်သွားဖို့ အကြံပေးချင်ပါတယ်။ ဒါမှ သင့်အနေနဲ့ မလိုလားအပ်တဲ့နေရာတွေမှာ ပိုက်ဆံသုံးခြင်းကို ရှောင်ကြဉ်နိုင်မှာပါ။

ဒီနေ့မှာ ငွေကြေးနဲ့ပတ်သတ်ပြီး စာချုပ်စာတမ်းချုပ်ဆိုရမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ရလေအောင် စာရွက်စာတမ်းတွေကို သေချာသတိထားဖတ်ဖို့ သတိပေးချင်ပါတယ်။ ဒါ့အပြင် တစ်ခုခုဝယ်ယူတဲ့နေရာမှာလည်း နှစ်ခါပြန်စဉ်းစားဖို့ သတိပေးချင်ပါတယ်။

(၃) ခွေး

ဒီနေ့မှာ သင်ဟာ ယုံကြည်အားကိုးရတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်စီကနေ အကူအညီတွေနဲ့အကြံဉာဏ်တွေကို ရရှိပါလိမ့်မယ်။ သူ့ရဲ့အကူအညီနဲ့အကြံပေးချက်တွေကြောင့် သင်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိတ်ဆွေဟာ သင်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာတောင် သင့်ဘေးမှာ အမြဲရှိနေပေးပါလိမ့်မယ်။

(၄) မီး

ဒီနေ့မှာ သင်ဟာ စိတ်ခံစားချက်တွေ အရမ်းပြင်းထန်နေတဲ့အတွက် မိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့ စီးပွားရေးကိစ္စတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဖြစ်နိုင်ရင် စိတ်အေးအေးနဲ့စိတ်ရှည်ရှည်ထားဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်တွေကို လျော့ချနိုင်ဖို့အတွက် ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ့်ရဲ့စိတ်ကိုအနားပေးသင့်ပါတယ်။

(၅) လမင်း

ဒီနေ့မှာ လျှို့ဝှက်ချက်တွေဟာ အနှေးနဲ့အမြန် ပေါ်ပေါက်လာမှာပါ။ တစ်နည်းအားဖြင့် သင်မတရားခံနေရတဲ့ ကိစ္စတွေရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေ ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေ့မှာ သင်ဟာ သင့်ကိုစွပ်စွဲပြောဆိုနေတဲ့ကိစ္စတွေနဲ့ အတင်းအဖျင်းကိစ္စတွေကနေ လွတ်မြောက်မှာဖြစ်ပြီး သင့်ကိုမနာလိုနေတဲ့လူတွေကိုလည်း အောင်မြင်စွာ အနိုင်ယူနိုင်ပါလိမ့်မယ်။

(၆) ငှက်

ဒီနေ့မှာ သင်ဟာ ပျော်ရွှင်စရာကိစ္စရပ်တွေနဲ့ အံ့သြစရာကောင်းတဲ့အဖြစ်အပျက်တွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အချိန်အတော်ကြာ အဆက်ပြတ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပြန်လည်ဆုံစည်းရမှာပါ။

ဒီနေ့မှာ သင့်ကိုအကြံပေးချင်တာက အသေးအဖွဲကိစ္စရပ်လေးတွေကအစ လျစ်လျူမရှူပဲ အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်။ ဒီကိစ္စရပ်လေးတွေက အနာဂတ်မှာ သင့်ကို အဆုံးအဖြတ်ပေးနိုင်မယ့် ကိစ္စရပ်တွေ ဖြစ်လာနိုင်တာမို့လို့ပါ။

credit to lotaya

Zawgyi

ပုံေလးေတြက ေျပာျပေပးမယ့္ သင့္အတြက္ တစ္ေန႔တာ ေဗဒင္ခန႔္မွန္းခ်က္မ်ား

(၁) အသဲပုံ

ဒီေန႔မွာ သင္ဟာ ႏွလုံးသားေရးရာနဲ႔ပတ္သတ္တဲ့ ကိစၥရပ္ေတြကို ေျဖရွင္းနိုင္မွာပါ။ ကိုယ္ခ်စ္ရတဲ့သူကို အခ်ိန္ေပးၿပီး ေပ်ာ္ရႊင္စရာေလးေတြဖန္တီးပါ။ သင္ဟာ ဒီေန႔မွာ ဆန႔္က်င္ဘက္လိင္ေတြကို အလြန္ကို ဆြဲေဆာင္ေနပါလိမ့္မယ္။

(၂) ပိုက္ဆံအိတ္

ဒီေန႔မွာ ေငြကုန္ေၾကးက် အရမ္းမ်ားပါလိမ့္မယ္။ ဒါေၾကာင့္ ပိုက္ဆံေတြကို ပိုက္ဆံအိတ္ထဲမွာ လိုအပ္တာထက္ပိုၿပီး မထည့္သြားဖို႔ အႀကံေပးခ်င္ပါတယ္။ ဒါမွ သင့္အေနနဲ႔ မလိုလားအပ္တဲ့ေနရာေတြမွာ ပိုက္ဆံသုံးျခင္းကို ေရွာင္ၾကဥ္နိုင္မွာပါ။

ဒီေန႔မွာ ေငြေၾကးနဲ႔ပတ္သတ္ၿပီး စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုရမယ္ဆိုရင္ မလိုလားအပ္တဲ့ျပႆနာေတြ မျဖစ္ရေလေအာင္ စာရြက္စာတမ္းေတြကို ေသခ်ာသတိထားဖတ္ဖို႔ သတိေပးခ်င္ပါတယ္။ ဒါ့အျပင္ တစ္ခုခုဝယ္ယူတဲ့ေနရာမွာလည္း ႏွစ္ခါျပန္စဥ္းစားဖို႔ သတိေပးခ်င္ပါတယ္။

(၃) ေခြး

ဒီေန႔မွာ သင္ဟာ ယုံၾကည္အားကိုးရတဲ့ မိတ္ေဆြသူငယ္ခ်င္းတစ္ေယာက္စီကေန အကူအညီေတြနဲ႔အႀကံဉာဏ္ေတြကို ရရွိပါလိမ့္မယ္။ သူ႔ရဲ့အကူအညီနဲ႔အႀကံေပးခ်က္ေတြေၾကာင့္ သင္ဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်နိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီမိတ္ေဆြဟာ သင္အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ေနတဲ့အခ်ိန္မွာေတာင္ သင့္ေဘးမွာ အျမဲရွိေနေပးပါလိမ့္မယ္။

(၄) မီး

ဒီေန႔မွာ သင္ဟာ စိတ္ခံစားခ်က္ေတြ အရမ္းျပင္းထန္ေနတဲ့အတြက္ မိမိရဲ့ကိုယ္ေရးကိုယ္တာနဲ႔ စီးပြားေရးကိစၥေတြကို ထိခိုက္ေစနိုင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ ျဖစ္နိုင္ရင္ စိတ္ေအးေအးနဲ႔စိတ္ရွည္ရွည္ထားဖို႔ အႀကံေပးခ်င္ပါတယ္။ ဒါ့အျပင္ စိတ္ခံစားခ်က္ေတြကို ေလ်ာ့ခ်နိုင္ဖို႔အတြက္ ကိုယ္ကာယေလ့က်င့္ခန္းေတြလုပ္ၿပီး ကိုယ့္ရဲ့စိတ္ကိုအနားေပးသင့္ပါတယ္။

(၅) လမင္း

ဒီေန႔မွာ လၽွို႔ဝွက္ခ်က္ေတြဟာ အေႏွးနဲ႔အျမန္ ေပၚေပါက္လာမွာပါ။ တစ္နည္းအားျဖင့္ သင္မတရားခံေနရတဲ့ ကိစၥေတြရဲ့ ေနာက္ကြယ္ကျဖစ္ရပ္မွန္ေတြ ေပၚလာမွာျဖစ္ပါတယ္။ ဒီေန႔မွာ သင္ဟာ သင့္ကိုစြပ္စြဲေျပာဆိုေနတဲ့ကိစၥေတြနဲ႔ အတင္းအဖ်င္းကိစၥေတြကေန လြတ္ေျမာက္မွာျဖစ္ၿပီး သင့္ကိုမနာလိုေနတဲ့လူေတြကိုလည္း ေအာင္ျမင္စြာ အနိုင္ယူနိုင္ပါလိမ့္မယ္။

(၆) ငွက္

ဒီေန႔မွာ သင္ဟာ ေပ်ာ္ရႊင္စရာကိစၥရပ္ေတြနဲ႔ အံ့ၾသစရာေကာင္းတဲ့အျဖစ္အပ်က္ေတြ ၾကဳံေတြ႕ရမွာျဖစ္ပါတယ္။ အခ်ိန္အေတာ္ၾကာ အဆက္ျပတ္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လည္း ျပန္လည္ဆုံစည္းရမွာပါ။

ဒီေန႔မွာ သင့္ကိုအႀကံေပးခ်င္တာက အေသးအဖြဲကိစၥရပ္ေလးေတြကအစ လ်စ္လ်ဴမရႉပဲ အထူးဂ႐ုစိုက္ဖို႔ မွာခ်င္ပါတယ္။ ဒီကိစၥရပ္ေလးေတြက အနာဂတ္မွာ သင့္ကို အဆုံးအျဖတ္ေပးနိုင္မယ့္ ကိစၥရပ္ေတြ ျဖစ္လာနိုင္တာမို႔လို႔ပါ။

credit to lotaya