Knowledge

ကိုယ့်ကိုကိုယ်ချစ်တတ်ပြီး အမြဲဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်တဲ့အကျင့်လေးတွေ

ကိုယ့်ကိုကိုယ်ချစ်တတ်ပြီး အမြဲဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်တဲ့အကျင့်လေးတွေ

အမှန်အတိုင်းပဲ နေတတ်တယ်

ဟန်ဆောင်မှုကင်းတယ် တည်ငြိမ်တာတွေက ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေမှာ မြင်ရတတ်တဲ့အကျင့်တွေပါ။ ဦးဆောင်တတ်သူများဖြစ်ပြီး နောက်လိုက်လုပ်မယ့်အထဲ သူတို့မပါပါဘူး။ ဟန်ဆောင်ရတာကို မုန်းပြီး အရှိအတိုင်းပဲနေတတ်သူတွေပါ။

ကိုယ့်ကိုကိုယ်ဦးစားပေးတယ်

သင်က ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အချိန်အများစုက ကိုယ့်ကိုကိုယ်ပဲ ဦးစားပေးရပါမယ်။ အလွယ်ရတဲ့ မိန်းကလေးကို ဘယ်ကောင်လေးမှ တန်ဖိုးမထားကြပါဘူး။ သင့်ကိုယ်သင် ပထမဦးစားပေးလိုက်တာနဲ့ လူတွေက သင့်ရဲ့ယုံကြည်မှုကို တွေ့မြင်လာမှာပါ။ သင့်ကိုယ်သင် ဂရုစိုက်လာတာနဲ့အမျှ အခြားသူတွေကိုပါ ပိုဂရုစိုက်လာပါတယ်။

အရင်ကထက် ပိုတော်အောင်ကြိုးစားတယ်

ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ကြပါတယ်။ ဘဝအောင်မြင်ရေးပန်းတိုင်တွေချမှတ်တတ်ကြတယ်။ ရလာတဲ့အခွင့်အရေးကို အမိအရယူတတ်ပါတယ်။ အသစ်အသစ်တွေကို သင်ယူရင်း ကိုယ့်အရည်အချင်းတွေကို ရှာဖွေနေသူတွေဖြစ်ပါတယ်။

တာဝန်ယူစိတ်ရှိတယ်

ကိုယ်မကျေနပ်တဲ့ကိစ္စအတွက် ပြဿနာရှာနေမယ့်အစား ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက တာဝန်ယူမှုရှိကြပါတယ်။ သူတို့ရဲ့ အမှားတွေကို တာဝန်ယူတတ်ကြပါတယ်။ ဒါကြောင့် ပြဿနာကြုံလာတိုင်း ငြီးငြူမနေဘဲ ဖြေရှင်းတာက သင့်ကို ဆွဲဆောင်မှုရှိစေပါတယ်။

အားကစားလိုက်စားတယ်

အလှအပဆိုတာက ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုထိန်းသိမ်းတဲ့နေရာမှာ လေ့ကျင့်ခန်းက ခန္ဓာကိုယ်အတွင်းရော ပြင်ပအတွက်ပါ ကောင်းမွန်တဲ့ အရာတစ်ခုပါ။ သင့်ခန္ဓာကိုယ်ကျန်းမာရုံမက သင့်ရဲ့စိတ်ထဲမှာလည်း ယုံကြည်မှုတွေ မွေးဖွားစေပါတယ်။ သင်က အားကစားအခုမှ စလုပ်သူဆိုရင် ဘယ်လေ့ကျင့်ခန်း ဘယ်အားကစားနည်းက သင့်အတွက် သင့်တော်လဲဆိုတာ ရှာဖွေနိုင်ပါသေးတယ်။

ထက်မြက်တယ်

စကားဝိုင်းကောင်းကောင်းကို အစပျိုးနိုင်သူတွေက ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေပါ။ ဒီအမျိုးသမီးတွေက အကြောင်းအရာသစ်တွေကို အမြဲတစေ့ စိတ်ဝင်စားတတ်ပြီး ဗဟုသုတလည်း ကြွယ်ဝကြပါတယ်။

ဟာသဉာဏ်ရှိတယ်

မိန်းကလေးတစ်ယောက်မှာဟာသဉာဏ်ရှိဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမှ လူတိုင်းနဲ့ ပေါင်းရသင်းရလွယ်စေပါတယ်။ သင်ရောက်ပြီဆိုတာနဲ့ လူအားလုံးပျော်သွားကြတယ် အားတတ်သွားတယ်ဆိုရင်တော့ သင်က ဆွဲဆောင်မှုရှိလွန်းနေပါပြီ။

နားထောင်တတ်သူဖြစ်တယ်

စကားပြောကောင်းသလို ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက တစ်ပါးသူပြောတာကိုလည်း ဂရုတစိုက်နားထောင်ပေးတတ်ပါတယ်။ လူတွေက သူတို့ပြောစကားတွေကို နားထောင်ပေးသူတွေကို ချစ်ခင်လေးစားတတ်ကြပါတယ်။

အကောင်းမြင်စိတ်ရှိတယ်

သင်ဟာ အပြင်ပန်းလှရုံမက အကောင်းမြင်စိတ်ရှိခြင်းကလည်း သင့်ကို ဆွဲဆောင်မှုရှိသူဖြစ်စေပါတယ်။အပေါ်က အကျင့်အားလုံး မပိုင်ဆိုင်ခဲ့ရင်တောင် ကိုယ့်အတွက် ဒါတွေက အကျိုးဖြစ်ထွန်းရင် အတုယူသင့်ပါတယ်။

ဒီလိုအကျင့်တွေ ပိုင်ဆိုင်သူတစ်ယောက်က ချစ်ခင်သူများတာ မဆန်းပါဘူး။ ဒါကြောင့်လည်း ကိုယ့်ကို ချစ်တဲ့ ကောင်လေးတွေများပြားပြီး အမြဲခါချနေရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပါ။

Photo Source: Pinterest

Credit

Zawgyi

ကိုယ့္ကိုကိုယ္ခ်စ္တတ္ၿပီး အျမဲဆြဲေဆာင္မႈရွိတဲ့ အမ်ိဳးသမီးေတြမွာ ေတြ႕ရတတ္တဲ့အက်င့္ေလးေတြ

အမွန္အတိုင္းပဲ ေနတတ္တယ္

ဟန္ေဆာင္မႈကင္းတယ္ တည္ၿငိမ္တာေတြက ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသမီးေတြမွာ ျမင္ရတတ္တဲ့အက်င့္ေတြပါ။ ဦးေဆာင္တတ္သူမ်ားျဖစ္ၿပီး ေနာက္လိုက္လုပ္မယ့္အထဲ သူတို႔မပါပါဘူး။ ဟန္ေဆာင္ရတာကို မုန္းၿပီး အရွိအတိုင္းပဲေနတတ္သူေတြပါ။

ကိုယ့္ကိုကိုယ္ဦးစားေပးတယ္

သင္က ဆြဲေဆာင္မႈရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ အခ်ိန္အမ်ားစုက ကိုယ့္ကိုကိုယ္ပဲ ဦးစားေပးရပါမယ္။ အလြယ္ရတဲ့ မိန္းကေလးကို ဘယ္ေကာင္ေလးမွ တန္ဖိုးမထားၾကပါဘူး။ သင့္ကိုယ္သင္ ပထမဦးစားေပးလိုက္တာနဲ႔ လူေတြက သင့္ရဲ့ယုံၾကည္မႈကို ေတြ႕ျမင္လာမွာပါ။ သင့္ကိုယ္သင္ ဂ႐ုစိုက္လာတာနဲ႔အမၽွ အျခားသူေတြကိုပါ ပိုဂ႐ုစိုက္လာပါတယ္။

အရင္ကထက္ ပိုေတာ္ေအာင္ႀကိဳးစားတယ္

ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသမီးေတြက ကိုယ့္ကိုကိုယ္ပဲ အာ႐ုံစိုက္ၾကပါတယ္။ ဘဝေအာင္ျမင္ေရးပန္းတိုင္ေတြခ်မွတ္တတ္ၾကတယ္။ ရလာတဲ့အခြင့္အေရးကို အမိအရယူတတ္ပါတယ္။ အသစ္အသစ္ေတြကို သင္ယူရင္း ကိုယ့္အရည္အခ်င္းေတြကို ရွာေဖြေနသူေတြျဖစ္ပါတယ္။

တာဝန္ယူစိတ္ရွိတယ္

ကိုယ္မေက်နပ္တဲ့ကိစၥအတြက္ ျပႆနာရွာေနမယ့္အစား ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသမီးေတြက တာဝန္ယူမႈရွိၾကပါတယ္။ သူတို႔ရဲ့ အမွားေတြကို တာဝန္ယူတတ္ၾကပါတယ္။ ဒါေၾကာင့္ ျပႆနာၾကဳံလာတိုင္း ၿငီးျငဴမေနဘဲ ေျဖရွင္းတာက သင့္ကို ဆြဲေဆာင္မႈရွိေစပါတယ္။

အားကစားလိုက္စားတယ္

အလွအပဆိုတာက ထိန္းသိမ္းဖို႔ လိုအပ္ပါတယ္။ ဒီလိုထိန္းသိမ္းတဲ့ေနရာမွာ ေလ့က်င့္ခန္းက ခႏၶာကိုယ္အတြင္းေရာ ျပင္ပအတြက္ပါ ေကာင္းမြန္တဲ့ အရာတစ္ခုပါ။ သင့္ခႏၶာကိုယ္က်န္းမာ႐ုံမက သင့္ရဲ့စိတ္ထဲမွာလည္း ယုံၾကည္မႈေတြ ေမြးဖြားေစပါတယ္။ သင္က အားကစားအခုမွ စလုပ္သူဆိုရင္ ဘယ္ေလ့က်င့္ခန္း ဘယ္အားကစားနည္းက သင့္အတြက္ သင့္ေတာ္လဲဆိုတာ ရွာေဖြနိုင္ပါေသးတယ္။

ထက္ျမက္တယ္

စကားဝိုင္းေကာင္းေကာင္းကို အစပ်ိဳးနိုင္သူေတြက ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသမီးေတြပါ။ ဒီအမ်ိဳးသမီးေတြက အေၾကာင္းအရာသစ္ေတြကို အျမဲတေစ့ စိတ္ဝင္စားတတ္ၿပီး ဗဟုသုတလည္း ႂကြယ္ဝၾကပါတယ္။

ဟာသဉာဏ္ရွိတယ္

မိန္းကေလးတစ္ေယာက္မွာဟာသဉာဏ္ရွိဖို႔လည္း လိုအပ္ပါတယ္။ ဒီလိုမွ လူတိုင္းနဲ႔ ေပါင္းရသင္းရလြယ္ေစပါတယ္။ သင္ေရာက္ၿပီဆိုတာနဲ႔ လူအားလုံးေပ်ာ္သြားၾကတယ္ အားတတ္သြားတယ္ဆိုရင္ေတာ့ သင္က ဆြဲေဆာင္မႈရွိလြန္းေနပါၿပီ။

နားေထာင္တတ္သူျဖစ္တယ္

စကားေျပာေကာင္းသလို ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသမီးေတြက တစ္ပါးသူေျပာတာကိုလည္း ဂ႐ုတစိုက္နားေထာင္ေပးတတ္ပါတယ္။ လူေတြက သူတို႔ေျပာစကားေတြကို နားေထာင္ေပးသူေတြကို ခ်စ္ခင္ေလးစားတတ္ၾကပါတယ္။

အေကာင္းျမင္စိတ္ရွိတယ္

သင္ဟာ အျပင္ပန္းလွ႐ုံမက အေကာင္းျမင္စိတ္ရွိျခင္းကလည္း သင့္ကို ဆြဲေဆာင္မႈရွိသူျဖစ္ေစပါတယ္။အေပၚက အက်င့္အားလုံး မပိုင္ဆိုင္ခဲ့ရင္ေတာင္ ကိုယ့္အတြက္ ဒါေတြက အက်ိဳးျဖစ္ထြန္းရင္ အတုယူသင့္ပါတယ္။

ဒီလိုအက်င့္ေတြ ပိုင္ဆိုင္သူတစ္ေယာက္က ခ်စ္ခင္သူမ်ားတာ မဆန္းပါဘူး။ ဒါေၾကာင့္လည္း ကိုယ့္ကို ခ်စ္တဲ့ ေကာင္ေလးေတြမ်ားျပားၿပီး အျမဲခါခ်ေနရတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ေနတာပါ။

Photo Source: Pinterest

Credit