အိန္ဒိယနိုင်ငံမှကိုဗစ်ကာကွယ်ဆေးများဒုတိယအသုတ်အနေဖြင့်ဖေဖော်ဝါရီလပထမပတ်အတွင်းရောက်ရှိမည်ဟုတပ်မတော်အာဏာသိမ်းယူခြင်းမပြုခင်ကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပြီးဖြစ်ရာဖေဖော်ဝါရီလ၂ရက်(ယနေ့)တွင်၊
ရောက်ရှိလာသော်လည်းလေယာဉ်ဆင်းသက်ခွင့်မရသဖြင့်လှည့်ပြန်သွားရသည်ဟုလူမှုကွန်ရက်တွင်သတင်းများပျံ့နှံ့လျက်ရှိသည်။သို့ဖြစ်ရာကာကွယ်ဆေးများရောက်ရှိခြင်းရှိ/မရှိနှင့်ပတ်သက်သည့်လက်ရှိအခြေအနေကိုသိရှိနိုင်ရန်အတွက်၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကိုဧရာဝတီသတင်းဌာနကဆက်သွယ်မေးမြန်းထားပါသည်။
မေး။။ကာကွယ်ဆေးထပ်မံရရှိဖို့ကဒီရက်ထဲမှာဖြစ်နေတော့အဲဒီအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုရှိပါသလဲ။ဖြေ။။ကာကွယ်ဆေးကရက်အတိအကျတွေတော့မသိပါဘူး။သို့သော်ကျမတို့သိထားတဲ့အရဆိုရင်ကာကွယ်ဆေးကအိန္ဒိယက၂သန်းသည်ဖေဖော်ဝါရီ၁၀ရက်ရောက်မယ်လို့ကျမတို့သိထားတာဖြစ်ပါတယ်။ကျမတို့ဝယ်တဲ့သန်း၃၀ထဲက၂သန်းရောက်မှာဖြစ်ပါတယ်။
ပြီးရင်တော့ဖေဖော်ဝါရီ၂၉လောက်မှာတော့WHO (COVAX) အဖွဲ့ကနေပြီးတော့ကာကွယ်ဆေးပထမအသုတ်ရောက်မယ်လို့ဒီလိုပဲသိထားပါတယ်။အဲဒါပဲသိပါတယ်။ကျန်တဲ့ရက်တွေမှာရောက်တဲ့ကိစ္စတွေမသိပါဘူး။
မေး။။အိန္ဒိယကကာကွယ်ဆေးတွေလာပို့ပေမယ့်လေယာဉ်ဆင်းခွင့်မရလပြန်လှည့်သွားရတယ်လို့သတင်းတွေပျံ့နေတာလည်းတွေ့ရတော့အဲဒီအခြေအနေကိုရောဘယ်လိုကြားမိ၊သိထားပါလဲရှင့်။ဖြေ။။ဘာမှမကြားမိပါဘူး။ကျမတို့နဂိုသိတဲ့စာရင်းထဲမှာလည်းဒီနေ့ကာကွယ်ဆေးရောက်မယ်ဆိုတာမပါပါဘူး။
Credit
Zawgyi Version
အိန္ဒိယနိုင်ငံမှကိုဗစ်ကာကွယ်ဆေးများဒုတိယအသုတ်အနေဖြင့်ဖေဖော်ဝါရီလပထမပတ်အတွင်းရောက်ရှိမည်ဟုတပ်မတော်အာဏာသိမ်းယူခြင်းမပြုခင်ကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပြီးဖြစ်ရာဖေဖော်ဝါရီလ၂ရက်(ယနေ့)တွင်၊
ရောက်ရှိလာသော်လည်းလေယာဉ်ဆင်းသက်ခွင့်မရသဖြင့်လှည့်ပြန်သွားရသည်ဟုလူမှုကွန်ရက်တွင်သတင်းများပျံ့နှံ့လျက်ရှိသည်။သို့ဖြစ်ရာကာကွယ်ဆေးများရောက်ရှိခြင်းရှိ/မရှိနှင့်ပတ်သက်သည့်လက်ရှိအခြေအနေကိုသိရှိနိုင်ရန်အတွက်၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကိုဧရာဝတီသတင်းဌာနကဆက်သွယ်မေးမြန်းထားပါသည်။
မေး။။ကာကွယ်ဆေးထပ်မံရရှိဖို့ကဒီရက်ထဲမှာဖြစ်နေတော့အဲဒီအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုရှိပါသလဲ။ဖြေ။။ကာကွယ်ဆေးကရက်အတိအကျတွေတော့မသိပါဘူး။သို့သော်ကျမတို့သိထားတဲ့အရဆိုရင်ကာကွယ်ဆေးကအိန္ဒိယက၂သန်းသည်၊
ဖေဖော်ဝါရီ၁၀ရက်ရောက်မယ်လို့ကျမတို့သိထားတာဖြစ်ပါတယ်။ကျမတို့ဝယ်တဲ့သန်း၃၀ထဲက၂သန်းရောက်မှာဖြစ်ပါတယ်။ပြီးရင်တော့ဖေဖော်ဝါရီ၂၉လောက်မှာတော့WHO (COVAX) အဖွဲ့ကနေပြီးတော့ကာကွယ်ဆေးပထမအသုတ်ရောက်မယ်လို့ဒီလိုပဲသိထားပါတယ်။အဲဒါပဲသိပါတယ်။ကျန်တဲ့ရက်တွေမှာရောက်တဲ့ကိစ္စတွေမသိပါဘူး။
မေး။။အိန္ဒိယကကာကွယ်ဆေးတွေလာပို့ပေမယ့်လေယာဉ်ဆင်းခွင့်မရလို့ပြန်လှည့်သွားရတယ်လို့သတင်းတွေပျံ့နေတာလည်းတွေ့ရတော့အဲဒီအခြေအနေကိုရောဘယ်လိုကြားမိ၊သိထားပါလဲရှင့်။ဖြေ။။ဘာမှမကြားမိပါဘူး။ကျမတို့နဂိုသိတဲ့စာရင်းထဲမှာလည်းဒီနေ့ကာကွယ်ဆေးရောက်မယ်ဆိုတာမပါပါဘူး။
Credit