Knowledge

ထိုင်တဲ့ပုံစံ အနေအထားကိုကြည့်ပြီး ပြောနိုင်တဲ့ သင့်အကြောင်း

ထိုင်တဲ့ပုံစံ အနေအထားကိုကြည့်ပြီး ပြောနိုင်တဲ့ သင့်အကြောင်း

Position A

အချို့ လူ တွေဟာ ဒီလိုပုံစံထိုင်လေ့ရှိပြီး သူတို့မှာ ဦးဆောင်လိုစိတ် ရှိကြပါတယ် ။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ပါတယ် ။

ပျင်းရိတတ်သူများ မဟုတ်ကြသလို လွယ်လွယ် ပြောင်းရွှေ့ ၊ ပြောင်းလဲတတ်ကြပါတယ်။

အတွေးတစ်ခုကိုလည်း ထပ်ခါထပ်ခါ တွေးလေ့သိပ်မရှိကြပါဘူး ။ ဒါ့အပြင် ဖန်တီးနိုင်မှုစွမ်းအားလည်း ကောင်းတတ်သလို နှစ်လိုဖွယ်ကောင်းတဲ့

သူတွေလည်း ဖြစ်ကြပါတယ် ။ အနည်းငယ် ကလေး ဆန်လေ့ရှိကြပြီး တစ်ခါတစ်လေ ကိုယ့်ဘာသာ ဘာပြောလိုက်မိလဲဆိုတာကိုတောင် မသိကြပါဘူး။

Position B

သူတို့ကတော့ စိတ်ကူးယဉ်ဆန်သူတွေပါ ။ သူတို့မှာ တကယ့် စိတ်ကူးအိပ်မက် တွေ အများကြီးရှိပြီး လက်တွေ့အကောင်အထည်

ဖော်နိုင်အောင်လည်း ကြိုးစားချင်သူတွေပါ။ တစ်ခါတစ်လေမှာ တကယ်အံ့သြဖွယ်ကောင်းတဲ့ စိတ်ကူးသစ်တွေ သူတို့မှာ ရှိနေတတ််ပါတယ် ။

ခရီးသွားခြင်းကို ကြိုက်နှစ်သက်ပြီး ပေါင်းသင်းရလွယ်ကူတဲ့ သူတွေပါ ။ လုပ်စရာရှိတဲ့အလုပ်ကို ပိတ်ရက်တွေ ၊ ဖွင့်ရက်တွေ ၊ အခြားအကြောင်းပြချက်တွေနဲ့ စောင့်မနေဘဲ မဆိုင်းမတွ လုပ်တတ်သူတွေပါ။

မကောင်းဘူး ၊ မကြိုက်ဘူးထင်လျှင် ဘာမဆို ပြောင်းလဲပစ်ဖို့ ဝန်မလေးတဲ့သူတွေပေါ့ ..ဥပမာ – အလုပ် ၊ နေရာ ၊ လက်တွဲဖော် ၊ အတွေးအခေါ် စသဖြင့် ပေါ့ ။ သူတို့ ဟာ သာမန်တော့ မဟုတ်ကြပါဘူး။

Position C

ဒီလို မကြာခဏ ထိုင်တတ်တဲ့ သူတွေကတော့ သူတို့ အတွက် ဘယ်ဟာက အကောင်းဆုံးလဲ ၊ သက်တောင့်သက်သာအဖြစ်ဆုံးလဲ

ဆိုတာကို သိကြပါတယ် ။ ပိတ်ရက် လိုနေ့မျိုးတွေကို shopping ထွက်ခြင်း ၊ Spa သွားခြင်းတွေနဲ့ ကုန်ဆုံးတတ်တဲ့ သူတွေမဟုတ်ပါဘူး ။

သူတို့ အတွက် အကြိုက်ဆုံး ၊ အသင့်လျော်ဆုံး ဖြစ်မယ့် ရေမွှေး (သို့) ခရင်မ် တစ်မျိုးမျိးကို ရွေးချယ်ဝယ်ယူရင်တော့ အချိန်ကြာကြာနဲ့

စိတ်ရှည်ရှည် ရွေးကောင်းရွေးနိုင်ပါတယ် ။ စိတ်ပြောင်းလဲလွယ်တတ်ပြီး ဇီဇာကြောင်တတ်တာကြောင့် သူတို့ရဲ့ အချစ်ရေးကိစ္စကလည်း နည်းနည်းတော့ ရှုပ်ထွေးမှာပါ

ချစ်သူရှိလျှင် ဇီဇာကြောင်တတ်တာကြောင့် မကြာခဏ ပြဿနာတတ်လေ့ ရှိသလို ချစ်သူ မရှိသူဆိုလျှင်လည်

း စိတ်ကြိုက်မတွေ့နိုင်ဘဲ အရွေးလွန်နေကြတာပါ သူတို့တွေရဲ့ အဓိကအားနည်းချက်ကတော့ ကိစ္စ ၊ တစ်စုံတစ်ခုတည်းပေါ်မှာ အာရုံမထား ၊ မစူးစိုက်နိုင်ခြင်းပါပဲ။

Position D

ဒီလို အနေအထားအတိုင်း ထိုင်လေ့ရှိတဲ့သူတွေက ကိုယ်တိုင်လည်း နောက်ကျတာကို မကြိုက်သလို နောက်ကျတတ်တဲ့

သူမျိးကိုလည်း မနှစ်သက်ကြပါဘူး ။ သူတို့ ဟာ တော်တယ် ၊ ဉာဏ်ကောင်းတယ် ၊ ထိခိုက်လွယ်တဲ့စိတ်မျိုး ရှိကြပါတယ် ။

ချိုမြိန်တဲ့ လိမ်ညာခြင်းထက် ခါးသက်တဲ့ အမှန်တရားက ပိုပြီးကောင်းမွန်တယ်လို့ ယူဆလေ့ရှိပါတယ် ။ သူတို့ဟာ စိတ်ခံစားချက်ကို

လူပုံအလယ် ထုတ်ပြတတ်တဲ့သူတွေကိုလည်း မနှစ်သက်ကြပါဘူး ။ (ဥပမာ စုံတွဲများ လူကြားထဲ ပလူးခြင်း ၊ ရန်ဖြစ်အော်ဟစ်ခြင်းတွေကို အော်ဂလီဆန် တတ်ကြပါတယ်

အရာရာကို သပ်သပ်ရပ်ရပ် လုပ်ဆောင်တတ်ပြီး သပ်ရပ်မှုကိုလည်း သဘောကျတတ်သူတွေပါ။ သူတို့ဟာ သူတို့ရဲ့ အခက်အခဲ ၊

အဆင်မပြေမှုတွေကို မလိုအပ်ပဲ အခြားလူတွေကို မသိစေပါဘူး ။ ရင့်ကျက်သူတွေလို့လည်း ပြောလို့ရပါတယ်။

Position E

ဒီလိုထိုင်တဲ့လူကတော့ နည်းနည်းရှားမယ်ထင်ပါတယ်။ ဒီပုံစံအနေအထားအတိုင်း ထိုင်တတ်တဲ့ သူတွေဟာ ဆင်ခြင်တုံတရားကို လက်ကိုင်ထားတဲ့သူတွေပါ ။ ကိစ္စတစ်ခုကို ဘယ်တော့မှ မစဉ်းစား၊မဆင်ခြင်ဘဲ ပြုလုပ်လေ့ မရှိပါဘူး ။

အိမ်ထောင်တစ်ခုပြုလျှင်တောင် အနည်းဆုံး ပညာရေးဆုံးခန်းတိုင်ပြီး အလုပ်အကိုင်ရမှ ပြုလေ့ရှိပါတယ် ။

ရည်မှန်းချက်အိပ်မက်တွေရှိပြီး လက်တွေ့မှာလည်း အမှန်တကယ် အကောင်အထည် ဖော်ကြပါတယ် ။ မှန်တယ်ထင်ရင် ဘာမှ ဂရုမစိုက်ပဲ ပြုမူပြောဆိုတတ်ပါတယ်။

သူတို့ရဲ့ အနက်ရှိုင်းဆုံး အတွင်းစိတ်မှာ အနည်းငယ်သော မလုံခြုံမှုကို ခံစားနေရလေ့ရှိတတ်ကြပြီး သူတို့နဲ့ ပတ်သတ်တဲ့ ဆန့်ကျင်ဘက် ဝေဖန်ချက်တွေကိုလည်း မကြာခဏ ကြုံတွေ့ရင်ဆိုင်ရလေ့ ရှိပါတယ်

CHAN ( ရွှေအင်းလေး)

Credit

Zawgyi

ထိုင္တဲ့ပုံစံ အေနအထားကိုၾကည့္ၿပီး ေျပာနိုင္တဲ့ သင့္္အေၾကာင္း

Position A

အခ်ိဳ႕ လူ ေတြဟာ ဒီလိုပုံစံထိုင္ေလ့ရွိၿပီး သူတို႔မွာ ဦးေဆာင္လိုစိတ္ ရွိၾကပါတယ္ ။ ေပါင္းသင္းဆက္ဆံေရးလည္း

ေကာင္းမြန္ပါတယ္ ။ ပ်င္းရိတတ္သူမ်ား မဟုတ္ၾကသလို လြယ္လြယ္ ေျပာင္းေရႊ႕ ၊ ေျပာင္းလဲတတ္ၾကပါတယ္ ။

အေတြးတစ္ခုကိုလည္း ထပ္ခါထပ္ခါ ေတြးေလ့သိပ္မရွိၾကပါဘူး ။ ဒါ့အျပင္ ဖန္တီးနိုင္မႈစြမ္းအားလည္း ေကာင္းတတ္သလို ႏွစ္လိုဖြယ္ေကာင္

းတဲ့သူေတြလည္း ျဖစ္ၾကပါတယ္ ။ အနည္းငယ္ ကေလး ဆန္ေလ့ရွိၾကၿပီး တစ္ခါတစ္ေလ ကိုယ့္ဘာသာ ဘာေျပာလိုက္မိလဲဆိုတာကိုေတာင္ မသိၾကပါဘူး။

Position B

သူတို႔ကေတာ့ စိတ္ကူးယဥ္ဆန္သူေတြပါ ။ သူတို႔မွာ တကယ့္ စိတ္ကူးအိပ္မက္ ေတြ အမ်ားႀကီးရွိၿပီး လက္ေတြ႕အေကာင္အထည္

ေဖာ္နိုင္ေအာင္လည္း ႀကိဳးစားခ်င္သူေတြပါ။ တစ္ခါတစ္ေလမွာ တကယ္အံ့ၾသဖြယ္ေကာင္းတဲ့ စိတ္ကူးသစ္ေတြ သူတို႔မွာ ရွိေနတတ္္ပါတယ္ ။

ခရီးသြားျခင္းကို ႀကိဳက္ႏွစ္သက္ၿပီး ေပါင္းသင္းရလြယ္ကူတဲ့ သူေတြပါ ။ လုပ္စရာရွိတဲ့အလုပ္ကို ပိတ္ရက္ေတြ ၊ ဖြင့္ရက္ေတြ ၊

အျခားအေၾကာင္းျပခ်က္ေတြနဲ႔ ေစာင့္မေနဘဲ မဆိုင္းမတြ လုပ္တတ္သူေတြပါ။

မေကာင္းဘူး ၊ မႀကိဳက္ဘူးထင္လၽွင္ ဘာမဆို ေျပာင္းလဲပစ္ဖို႔ ဝန္မေလးတဲ့သူေတြေပါ့ ..ဥပမာ – အလုပ္ ၊ ေနရာ ၊ လက္တြဲေဖာ္ ၊ အေတြးအေခၚ စသျဖင့္ ေပါ့ ။ သူတို႔ ဟာ သာမန္ေတာ့ မဟုတ္ၾကပါဘူး။

Position C

ဒီလို မၾကာခဏ ထိုင္တတ္တဲ့ သူေတြကေတာ့ သူတို႔ အတြက္ ဘယ္ဟာက အေကာင္းဆုံးလဲ ၊ သက္ေတာင့္သက္သာအျဖစ္ဆုံးလဲ

ဆိုတာကို သိၾကပါတယ္ ။ ပိတ္ရက္ လိုေန႔မ်ိဳးေတြကို shopping ထြက္ျခင္း ၊ Spa သြားျခင္းေတြနဲ႔ ကုန္ဆုံးတတ္တဲ့ သူေတြမဟုတ္ပါဘူး ။

သူတို႔ အတြက္ အႀကိဳက္ဆုံး ၊ အသင့္ေလ်ာ္ဆုံး ျဖစ္မယ့္ ေရေမႊး (သို႔) ခရင္မ္ တစ္မ်ိဳးမ်ိးကို ေရြးခ်ယ္ဝယ္ယူရင္ေတာ့ အခ်ိန္ၾကာၾကာနဲ႔

စိတ္ရွည္ရွည္ ေရြးေကာင္းေရြးနိုင္ပါတယ္ ။ စိတ္ေျပာင္းလဲလြယ္တတ္ၿပီး ဇီဇာေၾကာင္တတ္တာေၾကာင့္ သူတို႔ရဲ့ အခ်စ္ေရးကိစၥကလည္း နည္းနည္းေတာ့ ရႈပ္ေထြးမွာပါ ။

ခ်စ္သူရွိလၽွင္ ဇီဇာေၾကာင္တတ္တာေၾကာင့္ မၾကာခဏ ျပႆနာတတ္ေလ့ ရွိသလို ခ်စ္သူ မရွိသူဆိုလၽွင္လည္း စိတ္ႀကိဳက္မေတြ႕နိုင္ဘဲ

အေရြးလြန္ေနၾကတာပါ သူတို႔ေတြရဲ့ အဓိကအားနည္းခ်က္ကေတာ့ ကိစၥ ၊ တစ္စုံတစ္ခုတည္းေပၚမွာ အာ႐ုံမထား ၊ မစူးစိုက္နိုင္ျခင္းပါပဲ။

Position D

ဒီလို အေနအထားအတိုင္း ထိုင္ေလ့ရွိတဲ့သူေတြက ကိုယ္တိုင္လည္း ေနာက္က်တာကို မႀကိဳက္သလို ေနာက္က်တတ္တဲ့ သူမ်ိးကိုလည္း

မႏွစ္သက္ၾကပါဘူး ။ သူတို႔ ဟာ ေတာ္တယ္ ၊ ဉာဏ္ေကာင္းတယ္ ၊ ထိခိုက္လြယ္တဲ့စိတ္မ်ိဳး ရွိၾကပါတယ္ ။

ခ်ိဳၿမိန္တဲ့ လိမ္ညာျခင္းထက္ ခါးသက္တဲ့ အမွန္တရားက ပိုၿပီးေကာင္းမြန္တယ္လို႔ ယူဆေလ့ရွိပါတယ္ ။ သူတို႔ဟာ စိတ္ခံစားခ်က္ကို လူပုံအလယ္

ထုတ္ျပတတ္တဲ့သူေတြကိုလည္း မႏွစ္သက္ၾကပါဘူး ။ (ဥပမာ စုံတြဲမ်ား လူၾကားထဲ ပလူးျခင္း ၊ ရန္ျဖစ္ေအာ္ဟစ္ျခင္းေတြကို ေအာ္ဂလီဆန္ တတ္ၾကပါတယ္

အရာရာကို သပ္သပ္ရပ္ရပ္ လုပ္ေဆာင္တတ္ၿပီး သပ္ရပ္မႈကိုလည္း သေဘာက်တတ္သူေတြပါ။ သူတို႔ဟာ သူတို႔ရဲ့ အခက္အခဲ ၊ အဆင္မေျပမႈေတြကို မလိုအပ္ပဲ အျခားလူေတြကို မသိေစပါဘူး ။ ရင့္က်က္သူေတြလို႔လည္း ေျပာလို႔ရပါတယ္။

Position E

ဒီလိုထိုင္တဲ့လူကေတာ့ နည္းနည္းရွားမယ္ထင္ပါတယ္။ ဒီပုံစံအေနအထားအတိုင္း ထိုင္တတ္တဲ့ သူေတြဟာ ဆင္ျခင္တုံတရားကို လက္ကိုင္ထားတဲ့သူေတြပါ ။ ကိစၥတစ္ခုကို ဘယ္ေတာ့မွ မစဥ္းစား၊မဆင္ျခင္ဘဲ ျပဳလုပ္ေလ့ မရွိပါဘူး ။

အိမ္ေထာင္တစ္ခုျပဳလၽွင္ေတာင္ အနည္းဆုံး ပညာေရးဆုံးခန္းတိုင္ၿပီး အလုပ္အကိုင္ရမွ ျပဳေလ့ရွိပါတယ္ ။ ရည္မွန္းခ်က္အိပ္မက္ေတြရွိၿပီး

လက္ေတြ႕မွာလည္း အမွန္တကယ္ အေကာင္အထည္ ေဖာ္ၾကပါတယ္ ။ မွန္တယ္ထင္ရင္ ဘာမွ ဂ႐ုမစိုက္ပဲ ျပဳမူေျပာဆိုတတ္ပါတယ္။

သူတို႔ရဲ့ အနက္ရွိုင္းဆုံး အတြင္းစိတ္မွာ အနည္းငယ္ေသာ မလုံျခဳံမႈကို ခံစားေနရေလ့ရွိတတ္ၾကၿပီး သူတို႔နဲ႔ ပတ္သတ္တဲ့ ဆန႔္က်င္ဘက္

ေဝဖန္ခ်က္ေတြကိုလည္း မၾကာခဏ ၾကဳံေတြ႕ရင္ဆိုင္ရေလ့ ရွိပါတယ္

CHAN ( ေရႊအင္းေလး)

Credit