Knowledge

သင့်နှုတ်ခမ်းနီပုံစံက ပြောပြနေတဲ့ သင့်ရဲ့စိတ်နေစိတ်ထား

သင့်နှုတ်ခမ်းနီပုံစံက ပြောပြနေတဲ့ သင့်ရဲ့စိတ်နေစိတ်ထား

မိန်းကလေးတစ်‌‌ယောက်အနေနဲ့ သင့်မှာ ဆိုးစရာနှုတ်ခမ်းနီတွေ တပုံတပင်ရှိနေမှာပါ။ ဒီထဲကမှ ထသွားထလာပဲ တစ်ခုခုဆို အမြဲအဆင်သင့် ယူမိနေတဲ့ အကြိုက်ဆုံးတစ်ခုတော့ ရှိမှာပါ။ အဲဒီနှုတ်ခမ်းနီရဲ့ပုံစံက ပုံထဲက ဘယ်တစ်ခုနဲ့တူလဲဆိုတာကြည့်ပြီး သင့်အကြောင်း ဘာတွေဖော်ပြနေမလဲ ဖတ်ကြည့်လိုက်ပါဦး

(A)

သင်က ပြင်ပအလုပ်တာဝန်တွေနဲ့ ကိုယ့်အတွက်ကိုယ်ကြားမှာ နှစ်ဖက်စလုံးကို မျှတစွာ အချိန်ပေးလုပ်ကိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာကြံ့ခိုင်ရေးကို စိတ်ဝင်တစား အချိန်ပေးလုပ်ကိုင်သလို အလုပ်နဲ့ပတ်သက်လာရင်လည်း

ကိုယ့်ရဲ့တာဝန်တွေကို အပျက်အကွက်မရှိဘဲ လုပ်ကိုင်တတ်သူတစ်ယောက်ပါ။ ကိစ္စတစ်ခုခုရှိလာရင်လည်း နှစ်ဦးနှစ်ဖက်စလုံးရဲ့ အမြင်တွေ ဖြေရှင်းချက်တွေကို နားထောင်တတ်တာ‌ကြောင့် သမာသမတ်ကျသူတစ်ဦးလို့ ဆိုနိုင်ပါတယ်။

(B)

သင်က အရာရာတိုင်းကို အကောင်းဆုံးအနေအထားကိုမှ လက်ခံနိုင်သူတစ်ယောက်ပါ။ ဘာပဲလုပ်လုပ် စီစဉ်ထားသလို ကွက်တိကျမှ၊ ပစ္စည်းတွေဆိုရင်လည်း ကိုယ်ထားတဲ့နေရာမှာ ပြန်ထားမှ သဘောကျတတ်သူတစ်ယောက်ပါ။ ကိုယ့်ရဲ့ပစ္စည်းတွေကိုလည်း တယုတယကိုင်တွယ်တတ်သူဖြစ်တာကြောင့် သင့်ပစ္စည်းတွေဆိုရင် အသစ်လေးတွေလိုပဲ ရှိနေတတ်ပါတယ်။

(C)

သင်ဟာ ပုံမှန်လူတွေနဲ့မတူတဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားရှိသူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ အပေါင်းအသင်းတွေကြားမှာဆိုရင်လည်း သင့်ရဲ့ပြောဟန်၊ နေထိုင်ပုံတွေဟာ တမူထူးခြားပြီး

သင့်ရဲ့ကိုယ်ပိုင်ပုံစံလိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒါဟာလည်း ကောင်းမွန်တဲ့အရည်အသွေးတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ဒါဟာ ကမ္ဘာပေါ်မှာ သင့်လိုမျိုးနောက်တစ်ယောက်မရှိတော့ဘူးဆိုတဲ့ သဘောပါပဲ။

lotaya_quiz

Credit

Zawgyi



(A)



(B)


(C)



lotaya_quiz

Credit