Knowledge
သင်ရွေးချယ်မယ့် ပန်းလေးတွေက ဖော်ပြမယ့် သင့်ရဲ့ လျှို့ဝှက်ချက်
သင်ရွေးချယ်မယ့် ပန်းလေးတွေက ဖော်ပြမယ့် သင့်ရဲ့ လျှို့ဝှက်ချက်
လူတွေရဲ့ စိတ်ဝိညာဉ်ကို ပန်းလေးတွေနဲ့ နှိုင်းယှဉ်ဖော်ပြလို့ရပါတယ်။ ပန်းလေးတွေကလည်း သက်ရှိလေးတွေပဲ… ၄င်းတို့ဟာလည်း လူလိုပဲ တစ်ပွင့်တစ်မျိုးစီပါ… အခုစမ်းသပ်ချက်လေးနဲ့ သင့်ရဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။
1 အမေရီလီစ် ပန်းဖြစ်ပါတယ်။ သင်ဟာသင်ချစ်သူတွေအတွက်မမေ့နိုင်စရာ ပျော်ပွဲရွှင်ပွဲတွေဖန်တီးပေးတတ်ပြီးအမြဲရွှင်လန်းနေတတ်တာကြောင့် သင့်ကို ဒီပန်းနဲ့တင်စားပြီးပြောလို့ရပါတယ်။ သင်ဟာ ထူးခြားတဲ့ အစီအစဉ်တင်ဆက်သူလို့ပဲ ရယ်မောပျော်ရွှင်စေတတ်တယ်ပြောင်မြောက်တဲ့စကားလုံးရွေးချယ်ပြီး
နှစ်သိမ့်တတ်တာ၊ ဖြေရှင်းရမဲ့ပြဿ နာတွေအတွက် အကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့ကြောင့် သင့်အနားမှာသူငယ်ချင်းမိတ်ဆွေတွေ အမြောက်အမြားရှိနေတာပါ။ဒီပန်းဟာ ရှူမောဖွယ်အလှဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပြီး တန်ဖိုးဖြတ်မရတဲ့အလှကိုလဲကိုယ်စားပြုပါတယ်။
2 လီလီပန်ကို ရွေးချယ်ခဲ့တဲ့ သင်ဟာ အားအင်အပြည့်နဲ့ပါ။ အားကောင်းတဲ့ကိုယ်ရောင်ကိုယ်ဝါကြောင့် လူတွေသင့်ကို ဝန်းရံဖို့ရောက်လာကြတယ်။ သင်ရဲ့ အားတွေ ဖန်တီးမှုတွေနဲ့ လူတွေကို နိုးကြွစေတယ်။
သင်မပါဘဲ ပွဲမစည်ဘူး။ လီလီပန်းက အပြစ်ကင်းမှုနဲ့ကိုယ်ကျင့်သိက္ခာလှပမှုတို့ရဲ့ သင်္ကေတလဲဖြစ်ပါတယ်။ သင်ဟာ အကောင်းမြင်ဝါဒီသမား ပြီးတော့ စူးစမ်းချင်စိတ်ပြင်းပြပြီး စွန့်စားရဲတဲ့သတ္တိရှိတယ်။တစ်ခုခုဆိုစပြီးရင်ပြီးအောင်လုပ်ပါ
3 နှင်းဆီလိုပဲ သင်ဟာလှပတယ် ဆူးတွေလဲရှိတယ်။ လူတွေသင့်အနားမှာရှိနေခြင်မှတဲ့အကြောင်းက သင်ဟာ မထီမဲ့မြင်မလုပ်ဘူး၊ ပွင့်ပွင့်လင်းလင်းပဲပြောဆိုဆက်ဆံတယ်။ သင်ဟာ ပျော်တတ်သူ၊သတ္တိရှိသူ၊ဟန်ဆောင်ခြင်းကင်းသူတစ်ယောက်ဆိုတာသင်ရွေးချယ်လိုက် နှင်းဆီပန်းကဖော်ပြနေပါတယ်။
သင့်က သင့်အနာဂတ်အတွက် အစီအစဉ်တွေကိုဆွဲနေလေ့ရှိပြီး သင့်ကိုယ်သင်အတွက်လဲ အကြီးကြီး စီစဉ်ထားတွေလဲရှိပါတယ်။ သင်ဟာ သင်ဘာလိုချင်လဲဆိုတာကိုသိပြီး ရယူဖို့အတွက်လဲကြောက်ရွံ့မှုမရှိသူပါ။ တစ်ခါတလေ အသက်လေးဝဝရှုပြီး လက်ရှိအချိန်တွေကို အပြည့်အဝခံစားလိုက်ပါ။
4 ဒီနှင်းဆီနက်က ရှားပါးပြီး သင့်အတိုင်းပဲ တစ်မူထူးခြားပါတယ်။ ဘယ်သူမှ သင့်ကိုတုပလို့မရဘူး။ ရိုးရိုးလေးပဲ ပြိုင်ဘက်ကင်းတယ်၊ သင့်ရဲ့တန်ဖိုးကလဲ မယုံကြီးနိုင်လောက်အောင်ကြီးမားတယ်။ သင်တွေးခေါ်ပုံဟာ အခြားသူတွေနဲ့ကွဲထွက်ပြီးတော့ အမြဲဦးဆောင်သူဖြစ်တယ်။
လူတွေကိုဆွဲခေါ်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှအားမကိုဘဲ ကိုယ့်ဟာကိုယ်ရပ်တည်တယ်။ တစ်ခါတလေတော့ အများကိုပါဝင်စေတာ အဆင်ပြေတယ်ဆိုတာကို မမေ့ပါနဲ့။
5 ကျူးလစ်ပန်းပါ။ ကျူးလစ်ပန်းက အောင်မြင်ခြင်းနဲ့ပြည့်စုံတဲ့ချစ်ခြင်းဆိုတဲ့ သင်္ကတဖြစ်ပြီး သင့်ဆီမှာ နှစ်ခုလုံး ပေါင်းဖွဲ့ပါဝင်နေတာပါတယ်။ သင်ရဲ့နွေးထွေးတဲ့နှလုံးသားနဲ့လောကကြီးကိုချစ်တဲ့စိတ်ကြောင့်နာမည်ကြီးပါတယ်။ ဒါပေမဲ့ သင်ဟာ စိတ်ခံစားမှုပြင်းထန်ပြီး စိတ်ထိခိုက်လွယ်ပါတယ်။
ချစ်မိတဲ့အခါမျိုးမှာ နှလုံးသားတစ်ခုလုံးကိုပုံပြီး တစ်ဘဝလုံးအတွက်ရည်ရွယ်ပြီးချစ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေတယ်လို့ခံစားရတိုင်း သင်ဘယ်လောက် အံအားသင့်စရာကောင်းသလဲဆိုတာကို တွေးပါ
6 သစ်ခွပန်းလေးလိုပဲ ကမ္ဘာကြီးရဲ့နေရာတိုင်းဟာ သင့်ရဲ့အိမ်လို ခံစားတယ်။ သစ်ခွဆိုတာ ပန်းတို့ရဲ့ ဘုရင်မလို့တောင်တင်စားခြင်းခံရတဲ့ပန်းဖြစ်ပါတယ်။ သင်လဲ သစ်ခွပန်းလိုပဲ တူညီနေတာက တကယ်ကိုထူးခြားလွန်ကဲနေတာပါ။ သစ်ခွဟာ ဂုဏ်သရေကြီးသော၊ ထည်ဝါသော သင်္ကေတကိုဖော်ဆောင်ပါတယ်။
သင်ဟာကြိုးစားတယ်။ သင်ရည်မှန်းတာအမြဲဖြစ်မြောက်တယ်။ ပြဿ နာတွေကိုဖြေရှင်ရာမှာကျွမ်းကျင်တယ်။ သင်ဟာ တစ်ခါတစ်ရံ မတော်ဘူးလို့ခံစားရတယ်။ တကယ်တော့သင်ဟာ ထင်ရှားဖို့မွေးဖွားလာသူပါ။
Credit
Zawgyi
Credit