Knowledge

သွေးအမျိုးအစားအလိုက် ဒိတ်သင့်တဲ့သူတွေ

သွေးအမျိုးအစားအလိုက် ဒိတ်သင့်တဲ့သူတွေ

ကိုယ့်ဘဝရဲ့လက်တွဲဖေါ်ကို ရှာဖွေတော့မယ်ဆိုရင် ကိုယ့်သွေးအမျိုးအစားပေါ်မူတည်ပြီး ကိုယ်နဲ့လိုက်ဖက်သင့်တော်တဲ့သူဆိုတာ ရှိပါတယ်။ ကဲ ဘယ်သွေးအမျိုးအစားတွေက ကိုယ်နဲ့အကိုက်ဆုံးဖြစ်မယ်ဆိုတာ ကြည့်လိုက်ရအောင်

A သွေး

A သွေးအမျိးအစားတွေအတွက် အလိုက်ဖက်ဆုံးက အိုသွေးတွေပါတဲ့။ သူတို့ရဲ့အမူအကျင့်လေးတွေကိုပြောရရင် A သွေး ကောင်လေးတွေက ရင်းနှီးဖို့ထိုက်တန်သူတွေ ဖြစ်တယ်။ ပင်ကိုယ်စရိုက် ချစ်ဖို့ကောင်းတယ်။ ဘာလုပ်လုပ် လုံ့လစိုက်ထုတ်ပြီးလုပ်တတ်တယ်။ အသဲကွဲလွဲသလို အလွန်လည်း အကဲဆတ်သူတွေ ဖြစ်ပါတယ်။

A သွေး မိန်းကလေးတွေကတော့ မာနကြီးပြီး အစားအသောက်ကြိုက်တတ်တဲ့ထဲမှာပါတယ်။ သူတို့တွေက သူတို့လမ်းအတိုင်းပဲ သူတို့လျှောက်တယ်။ သူတို့ဟာ အလွယ်တကူ မပြောင်းလဲတတ်ကြဘူး။ တစ်ခုခုကို လွယ်လွယ်နဲ့ စိတ်ကျေနပ်မှု မရတဲ့အထဲမှာလည်း ပါတယ်။ သစ္စာရှိတယ်။ သစ္စာရှိတာကိုလည်း မြတ်နိုးတယ်။ သစ္စာမရှိတဲ့သူတွေကိုလည်း မနှစ်သက်တတ်ပါဘူး။

B သွေး

B သွေးအမျိုးအစားတွေအတွက် အလိုက်ဖက်ဆုံးကတော့ AB သွေးတွေပါနော်။ B သွေးတွေနဲ့ပတ်သက်ပြီးပြောရရင် ခေါင်းရှောင်တတ်တဲ့သူတွေဖြစ်တယ်လို့ ပြောရပါမယ်။ ထက်မြက်တယ်၊ ဉာဏ်ကောင်းတယ်၊ အာရုံစူးစိုက်တတ်တယ်၊ ဒါကြောင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်တတ်ပါတယ်။ လွယ်လွယ်ချစ်တတ်သလို လွယ်လွယ်လည်း ပြောင်းလဲတတ်ကြပါတယ်။

B သွေး မိန်းကလေးတွေကလည်း လွတ်လွတ်လပ်လပ်နေတတ်သလို ကိုယ့်သဘောကိုယ်ဆောင်တဲ့သူလည်း ဖြစ်ကြပါတယ်။ သူတို့တွေဟာ တစ်ဖက်သားဘာဖြစ်သွားတယ်ဆိုတာကို ဂရုမစိုက်တတ်ဘဲ သူပြောချင်တာ ပြောတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ခံစားချက်တွေက ပြောင်းလဲလွယ်တတ်သလို တစ်ချိန်တည်းမှာပဲ အရာအားလုံးကို ဆက်သွယ်ဖို့ ခက်ခဲတဲ့သူတွေလည်း ဖြစ်ပါတယ်။

AB သွေး

ဒီသွေးအမျိုးအစားတွေအတွက် အလိုက်ဖက်ဆုံး သွေးအမျိုးအစားကတော့ AB သွေးတွေကိုယ်တိုင်ပါပဲ။ AB သွေး အမျိုးအစား ယောကျ်ားလေးတွေက မျိုသိပ်တတ်တယ်။ သူတို့ဘာဖြစ်နေတယ်ဆိုတာကို ဖော်ပြဖို့ဝန်လေးပြီး သွေးအေးတဲ့သူတွေလည်း ဖြစ်တယ်။ ဒါပေမဲ့ ဒါတွေက အပေါ်ယံတွေပဲဖြစ်တယ်။ တကယ့်တကယ်က

သူတို့တွေဟာ ဂရုစိုက်တတ်တဲ့သူတွေဖြစ်တယ်။ ရိုးသားပြီး ရိုမန်တစ်ဆန်တဲ့သူတွေဖြစ်တယ်။ လွယ်လွယ်နဲ့မေ့ဖျောက်တတ်တဲ့သူတွေဖြစ်တယ်။ ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်

AB သွေးပိုင်ရှင် မိန်းကလေးတွေကတော့ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိတဲ့လူတွေဖြစ်သလို စဉ်းစားတွေးခေါ်တတ်တဲ့သူတွေလည်း ဖြစ်တယ်။ တစ်ခါတလေမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး တလွဲရောက်သွားတတ်တာက လွဲလို့ပေါ့။ ဒါပေမဲ့ သူတို့ရဲ့သံသယစိတ်တွေက သူတို့ကိုယ်သူတို့ ပြန်ဒုက္ခပေးတတ်တာကြောင့် သတိတော့ထားဖို့လိုပါလိမ့်မယ်။

O သွေး

အိုသွေးလေးတွေအတွက် အလိုက်ဖက်ဆုံးကြင်ဖော်ကိုတော့ A သွေးထဲမှာ ရှာပါနော်။ အိုသွေးပိုင်ရှင် ကောင်လေးတွေက ခင်မင်စရာကောင်းတယ်။ တခြားသွေးအမျိုးအစားတွေအကုန်လုံးထက် အကောင်းမြင်တတ်တယ်။ သူတို့တွေဟာ ဦးဆောင်ဖို့အတွက် မွေးဖွားလာသူတွေလည်းဖြစ်တယ်။

အားကစားသမားတွေမှာလည်း အိုသွေးတွေများတတ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ သံသယကြီးလွန်းပြီး စိတ်လှုပ်ရှားလွန်းတတ်တာကြောင့် သူငယ်ချင်းတွေကြားမှာ မောက်မာတတ်ပြီး ယုံကြည်မှုလွန်ကဲတာတွေ ဖြစ်နိုင်ပါတယ်။

အိုသွေးကောင်မလေးတွေကတော့ အလွန်ကို စိတ်ရှည်တယ်။ သည်းခံတတ်တယ်။ တခြားသူတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတတ်တယ်။ သူတို့တွေက ကြည့်လိုက်ရင် အရမ်းစဉ်းစားတတ်သလို ရှိကြပေမယ့် အလွယ်တကူ စိတ်ဓာတ်ကျဆင်းလွယ်သလို ခံစားမှုလွန်ကဲတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ကိုယ်သူတို့ စိတ်ဖိစီးမှုဖြစ်အောင် လုပ်နိုင်ကြပါတယ်။

Credit

Zawgyi

ေသြးအမ်ိဳးအစားအလိုက္ ဒိတ္သင့္တဲ့သူေတြ

ကိုယ့္ဘဝရဲ့လက္တြဲေဖၚကို ရွာေဖြေတာ့မယ္ဆိုရင္ ကိုယ့္ေသြးအမ်ိဳးအစားေပၚမူတည္ၿပီး ကိုယ္နဲ႔လိုက္ဖက္သင့္ေတာ္တဲ့သူဆိုတာ ရွိပါတယ္။ ကဲ ဘယ္ေသြးအမ်ိဳးအစားေတြက ကိုယ္နဲ႔အကိုက္ဆုံးျဖစ္မယ္ဆိုတာ ၾကည့္လိုက္ရေအာင္

A ေသြး

A ေသြးအမ်ိးအစားေတြအတြက္ အလိုက္ဖက္ဆုံးက အိုေသြးေတြပါတဲ့။ သူတို႔ရဲ့အမူအက်င့္ေလးေတြကိုေျပာရရင္ A ေသြး ေကာင္ေလးေတြက ရင္းႏွီးဖို႔ထိုက္တန္သူေတြ ျဖစ္တယ္။ ပင္ကိုယ္စရိုက္ ခ်စ္ဖို႔ေကာင္းတယ္။ ဘာလုပ္လုပ္ လုံ႔လစိုက္ထုတ္ၿပီးလုပ္တတ္တယ္။ အသဲကြဲလြဲသလို အလြန္လည္း အကဲဆတ္သူေတြ ျဖစ္ပါတယ္။

A ေသြး မိန္းကေလးေတြကေတာ့ မာနႀကီးၿပီး အစားအေသာက္ႀကိဳက္တတ္တဲ့ထဲမွာပါတယ္။ သူတို႔ေတြက သူတို႔လမ္းအတိုင္းပဲ သူတို႔ေလၽွာက္တယ္။ သူတို႔ဟာ အလြယ္တကူ မေျပာင္းလဲတတ္ၾကဘူး။ တစ္ခုခုကို လြယ္လြယ္နဲ႔ စိတ္ေက်နပ္မႈ မရတဲ့အထဲမွာလည္း ပါတယ္။ သစၥာရွိတယ္။ သစၥာရွိတာကိုလည္း ျမတ္နိုးတယ္။ သစၥာမရွိတဲ့သူေတြကိုလည္း မႏွစ္သက္တတ္ပါဘူး။

B ေသြး

B ေသြးအမ်ိဳးအစားေတြအတြက္ အလိုက္ဖက္ဆုံးကေတာ့ AB ေသြးေတြပါေနာ္။ B ေသြးေတြနဲ႔ပတ္သက္ၿပီးေျပာရရင္ ေခါင္းေရွာင္တတ္တဲ့သူေတြျဖစ္တယ္လို႔ ေျပာရပါမယ္။ ထက္ျမက္တယ္၊ ဉာဏ္ေကာင္းတယ္၊ အာ႐ုံစူးစိုက္တတ္တယ္၊ ဒါေၾကာင့္ ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ ျဖစ္တတ္ပါတယ္။ လြယ္လြယ္ခ်စ္တတ္သလို လြယ္လြယ္လည္း ေျပာင္းလဲတတ္ၾကပါတယ္။

B ေသြး မိန္းကေလးေတြကလည္း လြတ္လြတ္လပ္လပ္ေနတတ္သလို ကိုယ့္သေဘာကိုယ္ေဆာင္တဲ့သူလည္း ျဖစ္ၾကပါတယ္။ သူတို႔ေတြဟာ တစ္ဖက္သားဘာျဖစ္သြားတယ္ဆိုတာကို ဂ႐ုမစိုက္တတ္ဘဲ သူေျပာခ်င္တာ ေျပာတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔ရဲ့ခံစားခ်က္ေတြက ေျပာင္းလဲလြယ္တတ္သလို တစ္ခ်ိန္တည္းမွာပဲ အရာအားလုံးကို ဆက္သြယ္ဖို႔ ခက္ခဲတဲ့သူေတြလည္း ျဖစ္ပါတယ္။

AB ေသြး

ဒီေသြးအမ်ိဳးအစားေတြအတြက္ အလိုက္ဖက္ဆုံး ေသြးအမ်ိဳးအစားကေတာ့ AB ေသြးေတြကိုယ္တိုင္ပါပဲ။ AB ေသြး အမ်ိဳးအစား ေယာက်္ားေလးေတြက မ်ိဳသိပ္တတ္တယ္။ သူတို႔ဘာျဖစ္ေနတယ္ဆိုတာကို ေဖာ္ျပဖို႔ဝန္ေလးၿပီး ေသြးေအးတဲ့သူေတြလည္း ျဖစ္တယ္။ ဒါေပမဲ့ ဒါေတြက အေပၚယံေတြပဲျဖစ္တယ္။ တကယ့္တကယ္က

သူတို႔ေတြဟာ ဂ႐ုစိုက္တတ္တဲ့သူေတြျဖစ္တယ္။ ရိုးသားၿပီး ရိုမန္တစ္ဆန္တဲ့သူေတြျဖစ္တယ္။ လြယ္လြယ္နဲ႔ေမ့ေဖ်ာက္တတ္တဲ့သူေတြျဖစ္တယ္။ ပတ္ဝန္းက်င္အသစ္နဲ႔ လိုက္ေလ်ာညီေထြစြာ ေနထိုင္တတ္တဲ့သူေတြလည္း ျဖစ္ပါတယ္

AB ေသြးပိုင္ရွင္ မိန္းကေလးေတြကေတာ့ ဘယ္လိုဂ႐ုစိုက္ရမယ္ဆိုတာ သိတဲ့လူေတြျဖစ္သလို စဥ္းစားေတြးေခၚတတ္တဲ့သူေတြလည္း ျဖစ္တယ္။ တစ္ခါတေလမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလြန္ကဲၿပီး တလြဲေရာက္သြားတတ္တာက လြဲလို႔ေပါ့။ ဒါေပမဲ့ သူတို႔ရဲ့သံသယစိတ္ေတြက သူတို႔ကိုယ္သူတို႔ ျပန္ဒုကၡေပးတတ္တာေၾကာင့္ သတိေတာ့ထားဖို႔လိုပါလိမ့္မယ္။

O ေသြး

အိုေသြးေလးေတြအတြက္ အလိုက္ဖက္ဆုံးၾကင္ေဖာ္ကိုေတာ့ A ေသြးထဲမွာ ရွာပါေနာ္။ အိုေသြးပိုင္ရွင္ ေကာင္ေလးေတြက ခင္မင္စရာေကာင္းတယ္။ တျခားေသြးအမ်ိဳးအစားေတြအကုန္လုံးထက္ အေကာင္းျမင္တတ္တယ္။ သူတို႔ေတြဟာ ဦးေဆာင္ဖို႔အတြက္ ေမြးဖြားလာသူေတြလည္းျဖစ္တယ္။

အားကစားသမားေတြမွာလည္း အိုေသြးေတြမ်ားတတ္တာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ သံသယႀကီးလြန္းၿပီး စိတ္လႈပ္ရွားလြန္းတတ္တာေၾကာင့္ သူငယ္ခ်င္းေတြၾကားမွာ ေမာက္မာတတ္ၿပီး ယုံၾကည္မႈလြန္ကဲတာေတြ ျဖစ္နိုင္ပါတယ္။

အိုေသြးေကာင္မေလးေတြကေတာ့ အလြန္ကို စိတ္ရွည္တယ္။ သည္းခံတတ္တယ္။ တျခားသူေတြရဲ့ ျပႆနာေတြကို ကူညီေျဖရွင္းေပးတတ္တယ္။ သူတို႔ေတြက ၾကည့္လိုက္ရင္ အရမ္းစဥ္းစားတတ္သလို ရွိၾကေပမယ့္ အလြယ္တကူ စိတ္ဓာတ္က်ဆင္းလြယ္သလို ခံစားမႈလြန္ကဲတတ္ၾကသူေတြလည္း ျဖစ္ပါတယ္။ အဲဒီအတြက္ သူတို႔ကိုယ္သူတို႔ စိတ္ဖိစီးမႈျဖစ္ေအာင္ လုပ္နိုင္ၾကပါတယ္။

Credit