Local News

မိသားစုအတွက် ခြေကုန်လက်ပန်းကျတဲ့အထိ ရေခဲချောင်းရောင်းနေခဲ့လို့ ဆိုင်ကယ်ပေါ်မှာတင်See More…..

မိသားစုအတွက် ခြေကုန်လက်ပန်းကျတဲ့အထိ ရေခဲချောင်းရောင်းနေခဲ့လို့ ဆိုင်ကယ်ပေါ်မှာတင် ကွယ်လွန်သွားခဲ့တဲ့ ဖခင်္

ထဖခင်ဆိုတာက ငါ့ရဲ့မိသားစုဝင်တွေ အဆင်ပြေစွာနေထိုင်ဖို့အတွက် ခက်ခဲစွာကြိုးစားရုန်းကန်ပြီး အလုပ်လုပ်နေခဲ့ကြတဲ့အပြင် ၊ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို ထုတ်မပြပဲ မိသားစုဝင်တွေအတွက် ရဲရင့်ခြင်း နဲ့ အပြုံးပန်းတွေကို မျက်နှာပေါ်မှာ အမြဲဆင်မြန်းထားသူလည်း ဖြစ်ပါတယ်

ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 66 နှစ်အရွယ် ၊ Misyanto အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ ရေခဲချောင်းရောင်းနေတဲ့ဆိုင်ကယ်ပေါ်မှာတင် သေဆုံးသွားခဲ့ပါတယ်

ဖြစ်စဉ်ကတော့ Suwoco အမည်ရှိတဲ့ ကားသမားတစ်ဦးဟာ လမ်းလည်မှာပိတ်ရပ်နေခဲ့တဲ့ Misyanto ရဲ့ဆိုင်ကယ်ကြောင့် လမ်းဖြတ်မကူးနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်

ထို့အပြင် Misyanto ရဲ့ ဦးခေါင်းဟာ ဆိုင်ကယ်ရဲ့လက်ကိုင်ပေါ်ကို မှီပြီး ၊ ဆိုင်ကယ်ကို ရပ်ထားသလိုဖြစ်နေခဲ့တဲ့အတွက် ကားဟွန်းတီးကာအချက်ပြ နေခဲ့ပေမဲ့ Misyanto က နဲနဲလေးတောင် မလှုပ်ရှားလာခဲ့ပါဘူး

ထို့ကြောင့် ကားဆရာလည်း တစ်ခုခုဖြစ်နေပြီဆိုပြီး စိတ်ထင်ကာ ဆိုင်ကယ်ဆီသို့အနီးကပ် လာရောက်ကြည့်ရှုတော့မှ အသက်မဲ့နေပြီဖြစ်တဲ့ Misyanto ကိုတွေ့ရှိခဲ့ပါတော့တယ်

Misyanto ဟာ အလုပ်တွေကို အလွန်အကျွံပြုလုပ်ပြီး အားအင်ကုန်ခမ်းပင်ပန်းနေတာကို ဂရုမစိုက်မိတော့ဘဲ ရေခဲချောင်းတွေသာ ဆက်တိုက်ရောင်းနေခဲ့လို့ သေဆုံခဲ့ရတာဖြစ်ကြောင်း မိသားစုဝင်တွေက သုံးသပ်ခဲ့ပါတယ်

ရဲအရာရှိတွေရဲ့ စစ်ဆေးချက်အရ Misyanto ရဲ့ ခန္ဓာကိုယ်အပြင်ဖက်ဟာ အခြားထိခိုက်ဒဏ်ရာများ ရရှိခြင်းမျိုး လုံးဝမတွေ့ရှိခဲ့ရကြောင်း အဖြေထုတ်ခဲ့ကြပါတယ် ။ မိသားစုဝင်တွေကတော့ Misyanto ရဲ့ ရုပ်အလောင်းခွဲစိတ်မှုကို မပြုလုပ်ချင်ကြောင်း ပြောဆိုခဲ့ပါတယ်

ထို့အပြင် Misyanto ဟာ အမြဲ ခေါင်းကိုက်ခြင်း နဲ့ အသက်ရှုရခက်ခဲခြင်းတို့ကို မိသားစုဝင်ထံ အမြဲညည်းညူ လေ့ရှိပြီး ၊ ရေခဲချောင်းကိုသာ အမြဲမပျက်ရောင်းချနေခဲ့လို့ ယခုလိုသေဆုံးခဲ့ရတာဖြစ်ကြောင်းလည်း သိရှိရပါတယ်

Source: worldofbuzz

Credit

Zawgyi

မိသားစုအတွက် ခြေကုန်လက်ပန်းကျတဲ့အထိ ရေခဲချောင်းရောင်းနေခဲ့လို့ ဆိုင်ကယ်ပေါ်မှာတင် ကွယ်လွန်သွားခဲ့တဲ့ ဖင်္ခ









Source: worldofbuzz

Credit