Knowledge

ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ ပြုလုပ်သင့်တဲ့ အရာ (၄) ခု

ဘဝမှာ လမ်းပျောက်နေတဲ့ လူငယ်တွေ ပြုလုပ်သင့်တဲ့ အရာ (၄) ခု

လူတိုင်း လူတိုင်း မဟုတ်ရင်တောင်မှ တစ်ချို့လူတွေဟာ သူတို့ ဘဝကို ဘယ်လို ရှေ့ဆက်သွားရမလဲဆိုပြီး တွေးပူနေတဲ့ အခြေအနေတွေ ရှိပါတယ်။အဲ့အချိန်တွေမှာ ကိုယ့်ရဲ့ အိပ်မက်က ဘာလဲ မသဲကွဲသလို ကိုယ် ဘာဖြစ်ချင်လဲဆိုတာကို

မသိတော့ တာမျိုး ရှိသလို ကိုယ် ဖြစ်ချင်တဲ့ အရာက လုံးဝ မဖြစ်နိုင်လို့ ဘာဆက်လုပ်ရမှန်း မသိတော့ တာမျိုးတွေ လည်း ရှိနေ ပါတယ်။ခုလို လမ်းပျောက်နေတဲ့ လူငယ်တွေ အတွက် အထောက်အကူဖြစ်စေဖို့ ရေးသား ဖော်ပြပေးလိုက် ရပါ တယ်။

(၁) ကိုယ့်ရဲ့ လက်ရှိအရည်အချင်းနဲ့ ဖြစ်လာ နိုင်တဲ့ အရည်အချင်းကို တွေးပါ

လူတိုင်းမှာ အားသန်နေတဲ့ အရည်အချင်းတွေ ရှိပါ တယ်။ တစ်ချို့တွေက လက်မှုပစ္စည်း ပြုလုပ်ရာမှာ သင်ယူမြန် သလို တစ်ချို့တော့ အရိပ်ထဲ ထိုင်ပြီးဦးနှောက်သုံးရတာကို အားသာ ပါတယ်။ဒါ့အပြင် တစ်ချို့ လက်နဲ့ ပန်းချီ ဆွဲတာကို သဘောကျပြီး တစ်ချို့တော့ ကွန်ပျူတာကိုပဲ

အသုံးပြုပြီး ပုံဆွဲ တတ်ကြ ပါတယ်။ဒီလိုမျိုး ကိုယ့်မှာလည်း ဘယ်အရာကို ဝါသနာပါလဲ။လက်ရှိမှာ တတ်မြောက် ထားတဲ့ အရည်အချင်းနဲ့ ဒီအရည်အချင်းထက် တိုးတက်လာအောင် ကိုယ် ဘယ်လောက်လေ့လာ နိုင်တယ် ဆိုတာကို သေချာရှာပါ။

(၂) အရည်အချင်းနဲ့ လိုက်ဖက်မယ့် အလုပ်ကို စဉ်းစားပါ

ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်ကို အရင်ဆုံး စဉ်းစားလိုက်ပါ။ ဒီအလုပ်က ကိုယ့်အတွက် ဘယ်လောက်ထိ စိတ်ကျေနပ်မှု ရစေသလဲ၊ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဖြစ်စေနို င်သလား ဆိုတာကို တွေးပါ။လမ်းပျောက်နေတဲ့ အချိန်မှာတော့ ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းကနေ

အလုပ်တစ်ခုကို လုပ်ရင်း ကိုယ် တကယ် ဘာဖြစ်ချင်လဲ ဆိုတာကို တွေ့လာ နိုင်စေ ပါတယ်။ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ လက်ရှိမှာ ဘာတွေ လုပ်လို့ ရတယ်။ ဒီထက် အရည်အချင်းတွေ ပိုလာတဲ့ အခါမှာ ဘယ်အလုပ်တွေ လုပ်လို့ ရတယ် ဆိုတာကို သတ်မှတ်ထားပါ။

(၃) လုပ်ငန်းခွင်တွေကို ရွေးကြည့်ပါ

ကိုယ်လုပ်လို့ ရမယ့် အလုပ်တွေကို ရွေးပြီးတဲ့ အခါမှာတော့ ကိုယ်က ဘယ်လို နေရာတွေမှာ ရပ်တည်လို့ ရလဲ ဆိုတာကို လိုက်ရှ ာကြည့်ပါ။ ပန်းချီဆရာ ဆိုရင် ဘယ်လို ရပ်မယ်။

သတင်းထောက် ဆိုရင် ဘယ်မီဒီယာကို ရွေးချယ်သင့်တယ် ဆိုတာတွေအပြင် ဘာသာစကားလေ့လာ သူဆိုရင် တက္ကသိုလ်တွေမှာ ကထိက ပြန်လုပ်တာမျိုး စတဲ့ လုပ်ငန်းခွင်ပုံစံတွေကို ရွေးချယ်ထား နိုင်ပါ တယ်။

(၄) စလုပ္ပါ

ဒီလိုမျိုး ကိုယ့်ရဲ့ လက်ရှိ အခြေအနေ ကနေ ဖြစ်နိုင်တဲ့ အရာတွေကို တွေးပြီး အချက်အလက်တွေလည်း ရှာပြီးပြီ ဆိုရင်တော့ စတင် အကောင်အထည်ဖော်သင့် ပါပြီ။ဒီလိုမျိုး သင် အားသာတဲ့ အရာကို လုပ်ရင်းနဲ့ အဓိပ္ပာယ်ရှိရှိ နေရင်းနဲ့ သင့်ရဲ့ အိပ်မက်က

လုပ်နေတဲ့အရာ ဖြစ်နိုင် သလို တခြားတစ်ခု ကိုလည်း ထပ်ရှာတွေ့ဖို့ အခွင့်အရေးလည်း ရလာနိုင် ပါတယ်နော်။ဘာမှမလုပ်ဘဲ ရပ်နေတာက သင့်ကို ပိုပြီး လမ်းပျောက်စေပြီး စိတ်ဖိစီးမူတေ ဖြစ်စေတာမို့ အခုပဲ စလုပ်လိုက်ပါတော့နော်။

Credit:Kham

Zawgyi

ဘဝမွာ လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြ ျပဳလုပ္သင့္တဲ့ အရာ (၄) ခု

လူတိုင္း လူတိုင္း မဟုတ္ရင္ေတာင္မွ တစ္ခ်ိဳ႕လူေတြဟာ သူတို႔ ဘဝကို ဘယ္လို ေရွ႕ဆက္သြားရမလဲဆိုၿပီး ေတြးပူေနတဲ့ အေျခအေနေတြ ရွိပါတယ္။အဲ့အခ်ိန္ေတြမွာ ကိုယ့္ရဲ့ အိပ္မက္က ဘာလဲ မသဲကြဲသလို ကိုယ္ ဘာျဖစ္ခ်င္လဲဆိုတာကို

မသိေတာ့ တာမ်ိဳး ရွိသလို ကိုယ္ ျဖစ္ခ်င္တဲ့ အရာက လုံးဝ မျဖစ္နိုင္လို႔ ဘာဆက္လုပ္ရမွန္း မသိေတာ့ တာမ်ိဳးေတြ လည္း ရွိေန ပါတယ္။ခုလို လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြ အတြက္ အေထာက္အကူျဖစ္ေစဖို႔ ေရးသား ေဖာ္ျပေပးလိုက္ ရပါ တယ္။

(၁) ကိုယ့္ရဲ့ လက္ရွိအရည္အခ်င္းနဲ႔ ျဖစ္လာ နိုင္တဲ့ အရည္အခ်င္းကို ေတြးပါ

လူတိုင္းမွာ အားသန္ေနတဲ့ အရည္အခ်င္းေတြ ရွိပါ တယ္။ တစ္ခ်ိဳ႕ေတြက လက္မႈပစၥည္း ျပဳလုပ္ရာမွာ သင္ယူျမန္ သလို တစ္ခ်ိဳ႕ေတာ့ အရိပ္ထဲ ထိုင္ၿပီးဦးေႏွာက္သုံးရတာကို အားသာ ပါတယ္။ဒါ့အျပင္ တစ္ခ်ိဳ႕ လက္နဲ႔ ပန္းခ်ီ ဆြဲတာကို သေဘာက်ၿပီး တစ္ခ်ိဳ႕ေတာ့ ကြန္ပ်ဴတာကိုပဲ

အသုံးျပဳၿပီး ပုံဆြဲ တတ္ၾက ပါတယ္။ဒီလိုမ်ိဳး ကိုယ့္မွာလည္း ဘယ္အရာကို ဝါသနာပါလဲ။လက္ရွိမွာ တတ္ေျမာက္ ထားတဲ့ အရည္အခ်င္းနဲ႔ ဒီအရည္အခ်င္းထက္ တိုးတက္လာေအာင္ ကိုယ္ ဘယ္ေလာက္ေလ့လာ နိုင္တယ္ ဆိုတာကို ေသခ်ာရွာပါ။

(၂) အရည္အခ်င္းနဲ႔ လိုက္ဖက္မယ့္ အလုပ္ကို စဥ္းစားပါ

ကိုယ့္ရဲ့ အားသာတဲ့ အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ အလုပ္ကို အရင္ဆုံး စဥ္းစားလိုက္ပါ။ ဒီအလုပ္က ကိုယ့္အတြက္ ဘယ္ေလာက္ထိ စိတ္ေက်နပ္မႈ ရေစသလဲ၊ကိုယ့္ရဲ့ ရည္မွန္းခ်က္ကို ျဖစ္ေစနို င္သလား ဆိုတာကို ေတြးပါ။လမ္းေပ်ာက္ေနတဲ့ အခ်ိန္မွာေတာ့ ကိုယ့္ရဲ့ အားသာတဲ့ အရည္အခ်င္းကေန

အလုပ္တစ္ခုကို လုပ္ရင္း ကိုယ္ တကယ္ ဘာျဖစ္ခ်င္လဲ ဆိုတာကို ေတြ႕လာ နိုင္ေစ ပါတယ္။ဒါေၾကာင့္ ကိုယ့္အရည္အခ်င္းနဲ႔ လက္ရွိမွာ ဘာေတြ လုပ္လို႔ ရတယ္။ ဒီထက္ အရည္အခ်င္းေတြ ပိုလာတဲ့ အခါမွာ ဘယ္အလုပ္ေတြ လုပ္လို႔ ရတယ္ ဆိုတာကို သတ္မွတ္ထားပါ။

(၃) လုပ္ငန္းခြင္ေတြကို ေရြးၾကည့္ပါ

ကိုယ္လုပ္လို႔ ရမယ့္ အလုပ္ေတြကို ေရြးၿပီးတဲ့ အခါမွာေတာ့ ကိုယ္က ဘယ္လို ေနရာေတြမွာ ရပ္တည္လို႔ ရလဲ ဆိုတာကို လိုက္ရွ ာၾကည့္ပါ။ ပန္းခ်ီဆရာ ဆိုရင္ ဘယ္လို ရပ္မယ္။

သတင္းေထာက္ ဆိုရင္ ဘယ္မီဒီယာကို ေရြးခ်ယ္သင့္တယ္ ဆိုတာေတြအျပင္ ဘာသာစကားေလ့လာ သူဆိုရင္ တကၠသိုလ္ေတြမွာ ကထိက ျပန္လုပ္တာမ်ိဳး စတဲ့ လုပ္ငန္းခြင္ပုံစံေတြကို ေရြးခ်ယ္ထား နိုင္ပါ တယ္။

(၄) စလုပၸါ

ဒီလိုမ်ိဳး ကိုယ့္ရဲ့ လက္ရွိ အေျခအေန ကေန ျဖစ္နိုင္တဲ့ အရာေတြကို ေတြးၿပီး အခ်က္အလက္ေတြလည္း ရွာၿပီးၿပီ ဆိုရင္ေတာ့ စတင္ အေကာင္အထည္ေဖာ္သင့္ ပါၿပီ။ဒီလိုမ်ိဳး သင္ အားသာတဲ့ အရာကို လုပ္ရင္းနဲ႔ အဓိပၸာယ္ရွိရွိ ေနရင္းနဲ႔ သင့္ရဲ့ အိပ္မက္က

လုပ္ေနတဲ့အရာ ျဖစ္နိုင္ သလို တျခားတစ္ခု ကိုလည္း ထပ္ရွာေတြ႕ဖို႔ အခြင့္အေရးလည္း ရလာနိုင္ ပါတယ္ေနာ္။ဘာမွမလုပ္ဘဲ ရပ္ေနတာက သင့္ကို ပိုၿပီး လမ္းေပ်ာက္ေစၿပီး စိတ္ဖိစီးမူေတ ျဖစ္ေစတာမို႔ အခုပဲ စလုပ္လိုက္ပါေတာ့ေနာ္။

Credit:Kham