Knowledge

လာမယ့် ၇ ရက်အတွင်းကြုံရမယ့် သင့်ကံကြမ္မာအကြောင်း

လာမယ့် ၇ ရက်အတွင်းကြုံရမယ့် သင့်ကံကြမ္မာအကြောင်း

လာမယ့် ၇ ရက်အတွင်း သင့်အနေနဲ့ ဘယ်လို ကံကြမ္မာတွေ ကြုံတွေ့ရမယ်ဆိုတာ မသိချင်ကြဘူးလား။ ဒါကို သိရဖို့အတွက် ပေးထားတဲ့ ပုံလေးတွေထဲက စက္ကန့်ပိုင်းအတွင်း သင့်စိတ်ကို အဖမ်းစားနိုင်ဆုံး ပုံတစ်ပုံကို ရွေးချယ်ပြီး အဖြေတိုက်ကြည့်လိုက်ပါတော့။

(၁) သင့်ကို လူ ၆ ယောက်အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆက်သွယ်ဖို့ရှိနေပါတယ်။ သင်နဲ့မဆိုင်တဲ့ကိစ္စတွေအတွက် အကူအညီတောင်းဖို့ပါ။ အားလုံးက သင့်အသိထဲကတွေပါပဲ။

(၂) လူတစ်ယောက်က သင့်ရဲ့အကူညီကို အရမ်းလိုအပ်နေပါတယ်။ ရင်ဖါင့်ဖို့ပဲဖြစ်ဖြစ်၊ သက်သေခံဖို့ဖြစ်ဖြစ်၊ သူ့ကို ကာကွယ်ပေးဖို့ပဲဖြစ်ဖြစ်ပေါ့။ အကူအညီတောင်းဖို့ ခက်ခဲနေတဲ့အတွက် သင့်အနေနဲ့ဂရုတစိုက်စောင့်ကြည့်ပြီး ကူညီပေးလိုက်ပါ။

(၃) သင့်ဘဝမှာအရေးကြီးဆုံးက သင့်အိမ်ကမိသားစုတွေပဲမဟုတ်လား။ ဒီအတွက် ဒီတစ်ပတ်ထဲမှာတော့ သူတို့နဲ့ပတ်သက်ပြီး အကောင်းတွေပဲ ကြုံရဖို့ရှိနေပါတယ်။

(၄) ကံကြမ္မာကသင့်အတွက် အပြောင်းအလဲတွေကို ဖန်တီးပေးဖို့ရှိနေပါတယ်။ ဒီအပြောင်းအလဲတွေကို ကောင်းကောင်းကျော်လွှားလိုက်တာနဲ့ အနာဂတ်မှာ အေးဆေးနဲ့စိတ်အေးလက်အေး နေထိုင်ရတော့မှာပါ။

(၅) သင့်မှာစိတ်ထိခိုက်စရာတွေ အရမ်းများနေတာပဲ။ ဒီ ၇ ရက်အတွင်း ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ကူညီထောက်ပံ့ပေးမယ့်လူတစ်ယောက် ပေါ်လာပါလိမ့်မယ်။

(၆) သင့်ကို ကောင်းသောအာရုံစိုက်ခြင်းနဲ့ လူတွေဂရုစိုက်မိလာပါလိမ့်မယ်။

(၇) ပျော်စရာ၊ ကြည်နူးစရာတွေ ဘဝမှာလိုအပ်နေတဲ့သင့်အတွက် ဆန့်ကျင်ဖက်လိင်တစ်ယောက်က သင့်ကို ၁၅၀၀ မေတ္တာနဲ့ နွေးထွေးကြင်နာယုယပါလိမ့်မယ်။ ချစ်သူရှိပြီးသားလူတွေဆိုရင်တော့ အဲဒီလူဟာ ကိုယ့်ချစ်သူမဟုတ်ပါဘူးတဲ့နော်။

Credit

Zawgyi










Credit