Local News

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် စိတ်ဆိုးနေ

နိုင်ငံတကာအသိုင်းအဝိုင်းအဖွဲ့အစည်းများမှ NUG,CRPH တို့ဖြင့် တွေ့ဆုံဆွေးနွေးမူ့များပြုလုပ်နေသော်လည်း၊စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခြင်းမရှိ၍ စိတ်ဆိုးနေကြောင်းသိရပြီး ယမန်နေ့ကပင် စစ်ကောင်စီနိုင်ငံခြားရေးဌာနမှ NUG,CRPHတို့ဖြင့်တွေ့ဆုံဆွေးနွေးခြင်းမပြုလုပ်ရန် အောက်ပါအတိုင်း ထုတ်ပြန်ထားသည်

Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကို ၂၀-၉-၂၀၂၁ရက်တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ကျင်းပခဲ့ပြီး၊ Global Center for Responsibility to Protect (GCR2P) အဖွဲ့က ယင်းအစည်းအဝေးကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိရသည်

အဆိုပါအစည်းအဝေးသို့ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လုပ်ဆောင်နေသည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ခေါ် အဖွဲ့ကို ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်၍ ၎င်း၏

ပါဝင်တက်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းနှင့် ၎င်းကိုယ်တိုင်သည်လည်း အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ထင်ရှားသည့် အထောက်အထားပင်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။

ထို့အပြင် ၎င်း၏ မိန့်ခွန်းတွင် အစိုးရဆန့်ကျင်သည့် အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အချက်အလက်များပါဝင်နေသည်

၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ယင်းသို့ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးရာရောက်ကြောင်း သတိပေးအပ်သည်။

သို့ဖြစ်၍ ယင်းကဲ့သို့ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုသည်။ ဟုထုတ်ပြန်ထားခြင်းဖြစ်သည်။

Credit

Zawgyi

နိုင္ငံတကာအသိုင္းအဝိုင္းအဖြဲ႕အစည္းမ်ားမွ NUG,CRPH တို႔ျဖင့္ ေတြ႕ဆုံေဆြးေႏြးမူ႔မ်ားျပဳလုပ္ေနေသာ္လည္း၊စစ္ေကာင္စီခန႔္ နိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမရွိ၍ စိတ္ဆိုးေနေၾကာင္းသိရၿပီး ယမန္ေန႔ကပင္ စစ္ေကာင္စီနိုင္ငံျခားေရးဌာနမွ NUG,CRPHတို႔ျဖင့္ေတြ႕ဆုံေဆြးေႏြးျခင္းမျပဳလုပ္ရန္ ေအာက္ပါအတိုင္း ထုတ္ျပန္ထားသည္

Annual Ministerial Meeting on the Responsibility to Protect အမည္ရွိ အစည္းအေဝးကို ၂၀-၉-၂၀၂၁ရက္တြင္ (၇၆) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံျပင္ပ၌ က်င္းပခဲ့ၿပီး၊ Global Center for Responsibility to Protect (GCR2P) အဖြဲ႕က ယင္းအစည္းအေဝးကို ဦးေဆာင္ျပဳလုပ္ခဲ့ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာနက သိရွိရသည္

အဆိုပါအစည္းအေဝးသို႔ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ခံရၿပီး နိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈျဖင့္ တရားရင္ဆိုင္ေနရသည့္ ေက်ာ္မိုးထြန္း ပါဝင္တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။ျမန္မာနိုင္ငံအတြင္း အၾကမ္းဖက္လုပ္ရပ္မ်ား က်ဴးလြန္လုပ္ေဆာင္ေနသည့္အတြက္ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားသည့္ NUG ေခၚ အဖြဲ႕ကို ကိုယ္စားျပဳ၍ မိန႔္ခြန္းေျပာၾကားခဲ့ျခင္းျဖစ္၍ ၎၏

ပါဝင္တက္ေရာက္မႈသည္ ျမန္မာနိုင္ငံကို ကိုယ္စားျပဳျခင္းမရွိေၾကာင္းႏွင့္ ၎ကိုယ္တိုင္သည္လည္း အၾကမ္းဖက္အဖြဲ႕ဝင္ တစ္ဦးျဖစ္ေၾကာင္း ထင္ရွားသည့္ အေထာက္အထားပင္ျဖစ္ေၾကာင္း ထပ္ေလာင္းေဖာ္ျပအပ္သည္။

ထို႔အျပင္ ၎၏ မိန႔္ခြန္းတြင္ အစိုးရဆန႔္က်င္သည့္ အသိုက္အဝန္းမွ မမွန္မကန္ အေျခအျမစ္ မရွိ သည့္ စြပ္စြဲခ်က္မ်ားပါဝင္ၿပီး၊ နိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ထိပါးေစကာ ျပည္ပစြက္ဖက္မႈကို ဖိတ္ေခၚေနသည့္ လက္ခံနိုင္ဖြယ္မရွိေသာ အခ်က္အလက္မ်ားပါဝင္ေနသည္

၎ကို ပါဝင္တက္ေရာက္ခြင့္ျပဳသည့္ နိုင္ငံမ်ားႏွင့္ အဖြဲ႕အစည္းမ်ား၏ အျပဳအမူကို ျမန္မာနိုင္ငံက ျပင္းထန္စြာ ကန႔္ကြက္ပယ္ခ်ၿပီး ယင္းသို႔ ေဆာင္ရြက္ခ်က္မ်ားသည္ ျမန္မာနိုင္ငံတြင္ အၾကမ္းဖက္မႈမ်ားႏွင့္ မတည္ၿငိမ္မႈမ်ားျဖစ္ေပၚေစရန္ လႈံ႔ေဆာ္အားေပးရာေရာက္ေၾကာင္း သတိေပးအပ္သည္။

သို႔ျဖစ္၍ ယင္းကဲ့သို႔ တရားမဝင္အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ ၎တို႔၏ ကိုယ္စားလွယ္မ်ားႏွင့္ ထိေတြ႕ေဆာင္ရြက္ျခင္းႏွင့္ အားေပးအားေျမႇာက္ျပဳျခင္းမွ ေရွာင္ၾကဥ္ရန္ နိုင္ငံျခားေရးဝန္ႀကီးဌာနက နိုင္ငံတကာအသိုက္အဝန္းကို ထပ္ေလာင္းေတာင္းဆိုသည္။ ဟုထုတ္ျပန္ထားျခင္းျဖစ္သည္။

Credit