Knowledge

စိတ်ခံစားချက်ပြပုံတွေက ပြောပြပေးမယ့် လက်တလောသင်ကြုံတွေ့ရမယ့်အရာများ

စိတ်ခံစားချက်ပြပုံတွေက ပြောပြပေးမယ့် လက်တလောသင်ကြုံတွေ့ရမယ့်အရာများ

(၁) HOPE ( မျှော်လင့်ချက်)

သင်ကြိုးစားခဲ့တဲ့အရာတွေအတွက် အောင်မြင်မှုရရှိဖို့ အချိန်နည်းနည်းပဲ လိုပါတော့တယ်။ ဒါကြောင့် အခုချိန်မှာ သင့်အနေနဲ့ သင်ကြိုးစားခဲ့တဲ့အရာတွေကို ဘယ်လိုအခက်အခဲပဲရှိနေရှိနေ လက်မလျော့ဖို့ လိုအပ်ပါတယ်။

ဘာလို့လဲဆိုတော့ သူတို့က မကြာခင်အချိန်အတွင်းမှာ သေချာပေါက် အောင်မြင်လာမယ့်အရာတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် ရည်မှန်းချက်တွေအောင်မြင်ဖို့ ကြိုးစားရမယ်ဆိုပေမယ့်လည်း သင့်အနေနဲ့ အပြည့်အဝအနားယူဖို့ကလည်း လိုအပ်ပြန်ပါသေးတယ်။ ဒါကြောင့် အနားယူဖို့ မတွန့်ဆုတ်နေပါနဲ့။

(၂) BELIEVE (ယုံကြည်မှု)

သင့်အနေနဲ့ အခုချိန်မှာ အကောင်းဘက်ကနေ အရာအားလုံးကို စဉ်းစားဖို့ လိုအပ်နေပါတယ်။ ဒီအချိန်က သင့်ရဲ့ဘဝရည်မှန်းချက်တွေကို စဉ်းစားဖို့အကောင်းဆုံး အချိန်ပါပဲ။ သင့်အနေနဲ့ အခုလက်ရှိနေနေရတဲ့ နေရာမှာ မပျော်လို့ ပြောင်းလဲမှုတွေလုပ်ချင်ပါသလား? ဒါမှမဟုတ် ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးလုပ်

ဖို့ စဉ်းစားနေပါသလား? ဒီအချိန်က သင့်အတွက် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အကောင်းဆုံး အခြေအနေပါ။ ဒီပြောင်းလဲမှုတွေအတွက် ကောင်းသောအကျိုးရလဒ်တွေကိုလည်း သေချာပေါက်ခံစားရမှာ ဖြစ်တဲ့အတွက် အခုချိန်က ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အကောင်းဆုံးအခြေအနေပါ။

(၃) LOVE (ချစ်ခြင်းတရား)

ဒီအချိန်က သင့်အတွက် အချစ်ရေးကံအကောင်းဆုံး အချိန်အခါပဲ ဖြစ်ပါတယ်။ သင့်မှာ ချစ်သူမရှိသေးဘူးဆိုရင် အခုအချိန်က သင့်အတွက် ချစ်သူရဖို့ အခွင့်အရေးတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ချစ်သူထားဖို့စဉ်းစားထားရင် အခုချိန်က ထားဖို့အကောင်းဆုံးအချိန်ပါပဲ။ ချစ်သူရှိပြီးသားဆိုရင်လည်း သင်တို့နှစ်ယောက်က လက်တလောမှာ သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားရမှာပါ။

lotaya_quiz

Credit

Zawgyi


(၁) HOPE ( မျှော်လင့်ချက်)



(၂) BELIEVE (ယုံကြည်မှု)



(၃) LOVE (ချစ်ခြင်းတရား)


lotaya_quiz