Knowledge

ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေအတွက် ပန်းပွင့်လေးတစ်ခုရွေးချယ်ပြီး အကြံပြုချက် ရယူလိုက်ပါ

ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေအတွက် ပန်းပွင့်လေးတစ်ခုရွေးချယ်ပြီး အကြံပြုချက် ရယူလိုက်ပါ

(၁) Daffodil

အဝါရောင်ရှိတဲ့ daffodil ပန်းဝါလေးတွေဟာ သင့်အကြောင်းကို ဒီလိုပြောနေပါတယ်တဲ့။ အစွဲအလန်းကြီးတယ်၊ ဆန်းသစ်မှုတွေကိုစိတ်ဝင်စားတယ်၊ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေပေါ်မှာ ဂုဏ်ယူလေ့ရှိပြီးတော့ အလုပ်တစ်ခုတည်းတင်မဟုတ်ဘဲ

တစ်ချိန်တည်းမှာ အလုပ်တွေပြိုင်တူလုပ်နိုင်တဲ့ စွမ်းရည်လည်းရှိပါသေးတယ်။ နှုတ်ထွက်စကားတိုင်းကိုလည်း သေသေချာချာစဉ်းစားပြီးမှ ပြောတတ်သူဖြစ်တာကြောင့်မလို့ လူတိုင်းကသင့်စကားဆိုရင် ယုံကြည်မှုရှိတတ်ကြပါတယ်တဲ့။ သင့်ကိုတခြားလူကကြည့်လိုက်မယ်ဆိုရင်

လေးလေးနက်နက်ရှိပြီး သင့်ရဲ့အတွင်းရေးကိစ္စတွေနဲ့ ခံစားချက်တွေကိုတော့ လူတိုင်းကိုပြောပြလေ့မရှိဘဲ တကယ်စိတ်ထဲမှာ နှစ်နှစ်ကာကာသဘောကျတဲ့သူကိုမှ ချပြလေ့ရှိတာပါတဲ့။

အပြင်သွားရတာကြိုက်ပေမယ့်လို့ သင်သဘောကျတဲ့နေရာတွေက သဘာဝဆန်ဆန် စိမ်းစိမ်းစိုစိုရှိလှတဲ့နေရာလေးတွေပဲဖြစ်ပါတယ်။ ရှာနေတဲ့အဖြေတစ်ခုကိုတွေ့ရဖို့အတွက် ယုံကြည်သူထံရင်ဖွင့်ကြည့်လိုက်ပါ။

(၂) Carnation

ကာနေးရှင်းပန်းလေးတွေကို ရွေးချယ်လိုက်သူဆိုရင်တော့ သင်ဟာနွေးထွေးတတ်တဲ့ စိတ်နှလုံးလေးကြောင့်ပဲ လိုအပ်နေသူတွေကို ကိုယ်တတ်နိုင်သလောက် အမြဲသစေထောက်ပံ့မှုတွေ ပေးတတ်သူလေးပါ။ ခေါင်းဆောင်နိုင်တဲ့ စွမ်းရည်တွေကြောင့်ပဲ လူတိုင်းလိုလိုဟာသင့်ကိုအထင်ကြီးလေးစားတတ်တယ်၊

သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်လို့လည်း တင်စားခံနေရသူလေးပေါ့။ ဒီအပြင်စိတ်သဘောထားဖြူစင်သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်တဲ့။ သင်ကတခြားလူတွေကိုဖြည့်ဆည်းပေးသလိုမျိုးပဲ သင့်ကိုမေတ္တာစစ်ပေးမယ့်လူတွေကိုလည်း အမြဲတမ်းလိုလို မျှော်လင့်နေလေ့ရှိပါတယ်။ ပြောင်းလဲမှုလုပ်ဖို့အတွက် အသက်ကြီးတယ်၊ နောက်ကျတယ်လို့မရှိပါဘူး။ ဘဝမှာကိုယ်လိုချင်တာ တကယ်ဖြစ်နေရဲ့လားဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်ပါ။

(၃) Iris

ပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လွတ်လပ်လပ်နေတတ်သူဖြစ်ပေမယ့်လို့ တကယ့်အချိန်တွေမှာဆိုရင်တော့ သင်ဟာ လိုအပ်သူတွေရဲ့အနောက်မှာ စေတနာပါပါနဲ့ထောက်ပံ့မှုတွေ ပေးမယ့်သူမျိုးဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို အပြုံးတွေနဲ့တန်ဆာဆင်ပေးမယ့်သူ၊ အကောင်မြင်ပေးတတ်သူ၊

သစ္စာရှိပြီး ကတိစကားတစ်ခွန်းကိုလည်း တည်စေတတ်သူလေးပါ။ ဘယ်အရာမဆို ရာနှုန်းပြည့်ခွန်အားထုတ်ပြီး လုပ်ဆောင်တတ်သူမလို့လည်း လူတွေကသင့်ကိုယုံကြည်ကိုးစားတတ်ကြပါတယ်။ သဘောကောင်းပြီး မနောဖြူတဲ့လူပေ့ါ။ တစ်ယောက်တည်းနေရတာထက် လူတွေနဲ့ရှိနေရတာကို ပိုပြီး နှစ်ခြိုက်တတ်သူလေးရဲ့ အနာဂတ်မှာတော့ ကောင်းသောအတွေ့အကြုံသစ်တွေရှိလာနိုင်တာကြောင့်မလို့ အဆင်သင့်ပြင်ထားပေတော့။

(၄) Daisy

ထက်မြက်ပြီး မြင့်မြတ်တဲ့ရွှေရောင်နှလုံးသားပိုင်ရှင်လေးပါ။ သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကြောင့်ပဲ ပတ်ဝန်းကျင်ကလူတွေကို အံ့အားသင့်စေတတ်တာကြောင့် တခြားလူတွေပျော်ရင် ကိုယ်ပါပျော်ရတဲ့အတိုင်းပါပဲတဲ့။ တစ်စုံတစ်ရာအပေါ် ယုံကြည်လိုက်ပြီဆိုရင် သက်ဆုံးတိုင်ယုံကြည်တတ်တာကြောင့်

အစွဲလန်းကြီးတဲ့သဘောသဘာဝမှာလည်း ရှိနေပါတယ်။ သင့်အနေနဲ့ သတိထားမိချင်မှထားမိမယ်၊ မကြာသေးခင်တုန်းကပဲ သင့်ရဲ့အနာဂတ်တံခါးဝကို တစ်ဆင့်မြှင့်ပေးမယ့်လူနဲ့ သင်တွေ့ထားပြီးပါပြီ။ ဒါပေမဲ့ အခွင့်အရေးပေါ်လာတဲ့အခါ မတွန့်ဆုန်ဖို့တော့ လိုအပ်ပါတယ်နော်။

(၅) Aster

ဘယ်အရာကိုမဆို ခပ်လောလောလုပ်ဆောင်လေ့မရှိဘဲ သေချာစဉ်းစားတွေးခေါ်ပြီးမှ လုပ်လေ့ရှိသူလေးပေ့ါ။ ဘယ်ခေတ်မှာပဲနေနေ ရှေးရိုးစွဲတယ်၊ လူကြီးဆန်တယ်လို့လည်း အများက သတ်မှတ်ထားသူလေးပါ။ ငြိမ်းချမ်းခြင်းဆိုတဲ့ အလှတရားတရားကို ပတ်ဝန်းကျင်မှာ

ရအောင် ဖန်တီးတဲ့သူတစ်ယောက်ပါ။ ဆိုလိုတာ ခေတ်မီစက်ပစ္စည်းတွေနဲ့ အချိန်ကုန်မယ့်အစား ပန်းခြံလေးမှာ သစ်ပင်လေးတွေစိုက်ပြီး သာယာနေတာမျိုး၊ ပတ်ဝန်းကျင်ကလူတွေ ဒုက္ခရောက်လာတဲ့အခါ တရားသဘောနဲ့နှစ်သိမ့်ပေးတာမျိုးတို့ပေါ့။ သဘောမနောကောင်းပြီး

ယဉ်ကျေးပြူငှာတယ်လို့လည်း ဆိုနိုင်ပါတယ်။ အနာဂတ်မှာတော့ သင့်ကို ကြီးကြီးမားမားပြောင်းလဲပစ်နိုင်မယ့် အခွင့်ရေးကောင်းတစ်ခုလာနေပြီဖြစ်တာကြောင့် ကိုယ်ယုံကြည်တဲ့လမ်းကိုပဲ တစ်စိုက်မတ်မတ်လျှောက်ပါလို့ မှာကြားချင်ပါတယ်။

Credit

Zawgyi

ၾကဳံေတြ႕ေနရတဲ့ ဘဝအခက္အခဲေတြအတြက္ ပန္းပြင့္ေလးတစ္ခုေရြးခ်ယ္ၿပီး အႀကံျပဳခ်က္ ရယူလိုက္ပါ

(၁) Daffodil

အဝါေရာင္ရွိတဲ့ daffodil ပန္းဝါေလးေတြဟာ သင့္အေၾကာင္းကို ဒီလိုေျပာေနပါတယ္တဲ့။ အစြဲအလန္းႀကီးတယ္၊ ဆန္းသစ္မႈေတြကိုစိတ္ဝင္စားတယ္၊ ကိုယ့္ရဲ့ႀကိဳးစားအားထုတ္မႈေတြေပၚမွာ ဂုဏ္ယူေလ့ရွိၿပီးေတာ့ အလုပ္တစ္ခုတည္းတင္မဟုတ္ဘဲ

တစ္ခ်ိန္တည္းမွာ အလုပ္ေတြၿပိဳင္တူလုပ္နိုင္တဲ့ စြမ္းရည္လည္းရွိပါေသးတယ္။ ႏႈတ္ထြက္စကားတိုင္းကိုလည္း ေသေသခ်ာခ်ာစဥ္းစားၿပီးမွ ေျပာတတ္သူျဖစ္တာေၾကာင့္မလို႔ လူတိုင္းကသင့္စကားဆိုရင္ ယုံၾကည္မႈရွိတတ္ၾကပါတယ္တဲ့။ သင့္ကိုတျခားလူကၾကည့္လိုက္မယ္ဆိုရင္

ေလးေလးနက္နက္ရွိၿပီး သင့္ရဲ့အတြင္းေရးကိစၥေတြနဲ႔ ခံစားခ်က္ေတြကိုေတာ့ လူတိုင္းကိုေျပာျပေလ့မရွိဘဲ တကယ္စိတ္ထဲမွာ ႏွစ္ႏွစ္ကာကာသေဘာက်တဲ့သူကိုမွ ခ်ျပေလ့ရွိတာပါတဲ့။

အျပင္သြားရတာႀကိဳက္ေပမယ့္လို႔ သင္သေဘာက်တဲ့ေနရာေတြက သဘာဝဆန္ဆန္ စိမ္းစိမ္းစိုစိုရွိလွတဲ့ေနရာေလးေတြပဲျဖစ္ပါတယ္။ ရွာေနတဲ့အေျဖတစ္ခုကိုေတြ႕ရဖို႔အတြက္ ယုံၾကည္သူထံရင္ဖြင့္ၾကည့္လိုက္ပါ။

(၂) Carnation

ကာေနးရွင္းပန္းေလးေတြကို ေရြးခ်ယ္လိုက္သူဆိုရင္ေတာ့ သင္ဟာေႏြးေထြးတတ္တဲ့ စိတ္ႏွလုံးေလးေၾကာင့္ပဲ လိုအပ္ေနသူေတြကို ကိုယ္တတ္နိုင္သေလာက္ အျမဲသေစေထာက္ပံ့မႈေတြ ေပးတတ္သူေလးပါ။ ေခါင္းေဆာင္နိုင္တဲ့ စြမ္းရည္ေတြေၾကာင့္ပဲ လူတိုင္းလိုလိုဟာသင့္ကိုအထင္ႀကီးေလးစားတတ္တယ္၊

သူတို႔ရဲ့ေမၽွာ္လင့္ခ်က္ေရာင္ျခည္လို႔လည္း တင္စားခံေနရသူေလးေပါ့။ ဒီအျပင္စိတ္သေဘာထားျဖဴစင္သူတစ္ေယာက္လည္း ျဖစ္ပါေသးတယ္တဲ့။ သင္ကတျခားလူေတြကိုျဖည့္ဆည္းေပးသလိုမ်ိဳးပဲ သင့္ကိုေမတၱာစစ္ေပးမယ့္လူေတြကိုလည္း အျမဲတမ္းလိုလို ေမၽွာ္လင့္ေနေလ့ရွိပါတယ္။ ေျပာင္းလဲမႈလုပ္ဖို႔အတြက္ အသက္ႀကီးတယ္၊ ေနာက္က်တယ္လို႔မရွိပါဘူး။ ဘဝမွာကိုယ္လိုခ်င္တာ တကယ္ျဖစ္ေနရဲ့လားဆိုတာ ျပန္ဆန္းစစ္ၾကည့္လိုက္ပါ။

(၃) Iris

ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔လြတ္လြတ္လပ္လပ္ေနတတ္သူျဖစ္ေပမယ့္လို႔ တကယ့္အခ်ိန္ေတြမွာဆိုရင္ေတာ့ သင္ဟာ လိုအပ္သူေတြရဲ့အေနာက္မွာ ေစတနာပါပါနဲ႔ေထာက္ပံ့မႈေတြ ေပးမယ့္သူမ်ိဳးျဖစ္ပါတယ္။ ပတ္ဝန္းက်င္ကို အျပဳံးေတြနဲ႔တန္ဆာဆင္ေပးမယ့္သူ၊ အေကာင္ျမင္ေပးတတ္သူ၊

သစၥာရွိၿပီး ကတိစကားတစ္ခြန္းကိုလည္း တည္ေစတတ္သူေလးပါ။ ဘယ္အရာမဆို ရာႏႈန္းျပည့္ခြန္အားထုတ္ၿပီး လုပ္ေဆာင္တတ္သူမလို႔လည္း လူေတြကသင့္ကိုယုံၾကည္ကိုးစားတတ္ၾကပါတယ္။ သေဘာေကာင္းၿပီး မေနာျဖဴတဲ့လူေပ့ါ။ တစ္ေယာက္တည္းေနရတာထက္ လူေတြနဲ႔ရွိေနရတာကို ပိုၿပီး ႏွစ္ၿခိဳက္တတ္သူေလးရဲ့ အနာဂတ္မွာေတာ့ ေကာင္းေသာအေတြ႕အၾကဳံသစ္ေတြရွိလာနိုင္တာေၾကာင့္မလို႔ အဆင္သင့္ျပင္ထားေပေတာ့။

(၄) Daisy

ထက္ျမက္ၿပီး ျမင့္ျမတ္တဲ့ေရႊေရာင္ႏွလုံးသားပိုင္ရွင္ေလးပါ။ သင့္ရဲ့ခ်စ္ျခင္းေမတၱာေတြေၾကာင့္ပဲ ပတ္ဝန္းက်င္ကလူေတြကို အံ့အားသင့္ေစတတ္တာေၾကာင့္ တျခားလူေတြေပ်ာ္ရင္ ကိုယ္ပါေပ်ာ္ရတဲ့အတိုင္းပါပဲတဲ့။ တစ္စုံတစ္ရာအေပၚ ယုံၾကည္လိုက္ၿပီဆိုရင္ သက္ဆုံးတိုင္ယုံၾကည္တတ္တာေၾကာင့္

အစြဲလန္းႀကီးတဲ့သေဘာသဘာဝမွာလည္း ရွိေနပါတယ္။ သင့္အေနနဲ႔ သတိထားမိခ်င္မွထားမိမယ္၊ မၾကာေသးခင္တုန္းကပဲ သင့္ရဲ့အနာဂတ္တံခါးဝကို တစ္ဆင့္ျမႇင့္ေပးမယ့္လူနဲ႔ သင္ေတြ႕ထားၿပီးပါၿပီ။ ဒါေပမဲ့ အခြင့္အေရးေပၚလာတဲ့အခါ မတြန႔္ဆုန္ဖို႔ေတာ့ လိုအပ္ပါတယ္ေနာ္။

(၅) Aster

ဘယ္အရာကိုမဆို ခပ္ေလာေလာလုပ္ေဆာင္ေလ့မရွိဘဲ ေသခ်ာစဥ္းစားေတြးေခၚၿပီးမွ လုပ္ေလ့ရွိသူေလးေပ့ါ။ ဘယ္ေခတ္မွာပဲေနေန ေရွးရိုးစြဲတယ္၊ လူႀကီးဆန္တယ္လို႔လည္း အမ်ားက သတ္မွတ္ထားသူေလးပါ။ ၿငိမ္းခ်မ္းျခင္းဆိုတဲ့ အလွတရားတရားကို ပတ္ဝန္းက်င္မွာ

ရေအာင္ ဖန္တီးတဲ့သူတစ္ေယာက္ပါ။ ဆိုလိုတာ ေခတ္မီစက္ပစၥည္းေတြနဲ႔ အခ်ိန္ကုန္မယ့္အစား ပန္းၿခံေလးမွာ သစ္ပင္ေလးေတြစိုက္ၿပီး သာယာေနတာမ်ိဳး၊ ပတ္ဝန္းက်င္ကလူေတြ ဒုကၡေရာက္လာတဲ့အခါ တရားသေဘာနဲ႔ႏွစ္သိမ့္ေပးတာမ်ိဳးတို႔ေပါ့။ သေဘာမေနာေကာင္းၿပီး

ယဥ္ေက်းျပဴငွာတယ္လို႔လည္း ဆိုနိုင္ပါတယ္။ အနာဂတ္မွာေတာ့ သင့္ကို ႀကီးႀကီးမားမားေျပာင္းလဲပစ္နိုင္မယ့္ အခြင့္ေရးေကာင္းတစ္ခုလာေနၿပီျဖစ္တာေၾကာင့္ ကိုယ္ယုံၾကည္တဲ့လမ္းကိုပဲ တစ္စိုက္မတ္မတ္ေလၽွာက္ပါလို႔ မွာၾကားခ်င္ပါတယ္။

Credit