Local News

ဦးကျော်မိုးထွန်းကို R2P အစည်းအဝေးတက်ခွင့်ပြုသည့်အပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို R2P ဆိုင်ရာဝန်ကြီးများအဆင့် နှစ်ပတ်လည်အစည်းအဝေးမှာ

တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့အပေါ် အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

စက်တင်ဘာ ၂၂ ရက်က (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ အဆိုပါ အစည်းအဝေးကို Global Center for Responsibility to Protect (GCR2P)

အဖွဲ့ကဦးဆောင် ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်တက်ရောက် မိန့်ခွန်းကြားခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်တာဖြစ်ပါတယ်။သံအမတ်ကြီး ဦးကျော်မိုးထွန်းကို

အစည်းအဝေးမှာ ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ဒီဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ

အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်အားပေးရာရောက်ကြောင်းနဲ့ ဦးကျော်မိုးထွန်းနဲ့ ထိတွေ့ဆောင်ရွက်တာ အားပေးအားမြှောက်ပြုတာတွေကို

ရှောင်ကြဉ်ဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ NUG အဖွဲ့ကို ကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းသူ့ရဲ့ မိန့်ခွန်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့

အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေတဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ အချက်အလက်တွေပါဝင်နေတယ်လို့ဆိုပါတယ်

အလားတူ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ခွင့်မရတဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း အာဆီယံ-အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး

ကို နေပြည်တော်ကနေ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး CRPH နဲ့ NUG တို့ ကျူးလွန်နေတဲ့အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် NUGအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။အွန်လိုင်းမှတဆင့်

ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို NUG၏ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့မှ

လတ်တလောမြန်မာ့နိုင်ငံရေး အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ ၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအခြေအနေ

များနှင့် COVID -19 ကာကွယ်ဆေး အကူအညီပေးရေး ဆိုင်ရာ အခြေအနေတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုနှင့် စူးစိုက်ဆောင်ရွက်မှုများအတွက် အမေရိကန်က အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောဆိုလိုက်သည်

အဆိုပါတွေ့ဆုံပွဲသို့ Mr. Kim W. Moy ( Senior Bureau Official for the Bureau of the East Asia)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ဦးအောင်မျိုးမင်း ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး တို့လည်း တက်ရောက် ခဲ့ကြကြောင်း

NUG၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို

မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပြီး အထွေထွေညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဆွေးနွေးခွင့် ပြုထားပါတယ်။

Credit

Zawgyi

ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို R2P ဆိုင္ရာဝန္ႀကီးမ်ားအဆင့္ ႏွစ္ပတ္လည္အစည္းအေဝးမွာ

တက္ေရာက္မိန႔္ခြန္းေျပာၾကားခဲ့တဲ့အေပၚ အာဏာသိမ္းစစ္ေကာင္စီအၾကမ္းဖက္အဖြဲ႕က အျပင္းအထန္ ကန႔္ကြက္ရႈတ္ခ်လိုက္ပါတယ္။

စက္တင္ဘာ ၂၂ ရက္က (၇၆) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံျပင္ပမွာ အဆိုပါ အစည္းအေဝးကို Global Center for Responsibility to Protect (GCR2P) အဖြဲ႕က

ဦးေဆာင္ က်င္းပရာမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းပါဝင္တက္ေရာက္ မိန႔္ခြန္းၾကားခဲ့တာျဖစ္ၿပီး စစ္ေကာင္စီ ကိုယ္စားလွယ္ကေတာ့ တက္ေရာက္ခြင့္မရခဲ့ပါဘူး။

ဒါနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီနိုင္ငံျခားေရးဌာနက စက္တင္ဘာ ၂၃ ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္ ကန႔္ကြက္လိုက္တာျဖစ္ပါတယ္။သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို

အစည္းအေဝးမွာ ပါဝင္တက္ေရာက္ခြင့္ျပဳတဲ့ နိုင္ငံေတြနဲ႔ အဖြဲ႕အစည္းေတြရဲ့အျပဳအမူကို ျမန္မာနိုင္ငံက ျပင္းထန္စြာ ကန႔္ကြက္ပယ္ခ်ၿပီး ဒီေဆာင္ရြက္ခ်က္ဟာ ျမန္မာနိုင္ငံမွာ

အၾကမ္းဖက္မႈေတြနဲ႔ မတည္ၿငိမ္မႈေတြ ျဖစ္ေပၚေစဖို႔ လႈံ႔ေဆာ္အားေပးရာေရာက္ေၾကာင္းနဲ႔ ဦးေက်ာ္မိုးထြန္းနဲ႔ ထိေတြ႕ေဆာင္ရြက္တာ အားေပးအားေျမႇာက္ျပဳတာေတြကို ေရွာင္ၾကဥ္ဖို႔လည္း နိုင္ငံတကာအသိုက္အဝန္းကို ထပ္ေလာင္းေတာင္းဆိုတယ္လို႔ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ဒါ့အျပင္ ဦးေက်ာ္မိုးထြန္းဟာ NUG အဖြဲ႕ကို ကိုယ္စားျပဳ မိန႔္ခြန္းေျပာၾကားခဲ့တာျဖစ္ၿပီး ျမန္မာနိုင္ငံကို ကိုယ္စားျပဳျခင္းမရွိေၾကာင္းသူ႔ရဲ့ မိန႔္ခြန္းမွာ စစ္ေကာ

င္စီကို ဆန႔္က်င္တဲ့ အသိုက္အဝန္းမွ မမွန္မကန္ အေျခအျမစ္ မရွိတဲ့ စြပ္စြဲခ်က္မ်ားပါဝင္ၿပီး၊ နိုင္ငံေတာ္ရဲ့ အခ်ဳပ္အျခာအာဏာကို ထိပါးေစကာ ျပည္ပစြက္ဖက္မႈကို ဖိတ္ေခၚေနတဲ့ လက္ခံနိုင္ဖြယ္မရွိတဲ့ အခ်က္အလက္ေတြပါဝင္ေနတယ္လို႔ဆိုပါတယ္

အလားတူ ကုလသမဂၢ အေထြေထြညီလာခံ တက္ခြင့္မရတဲ့ စစ္ေကာင္စီခန႔္ နိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကလည္း အာဆီယံ-အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးမ်ားအစည္း

အေဝးကို ေနျပည္ေတာ္ကေန ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ ပါဝင္တက္ေရာက္ခဲ့ၿပီး CRPH နဲ႔ NUG တို႔ က်ဴးလြန္ေနတဲ့အၾကမ္းဖက္လုပ္ရပ္ေတြကို ရႈတ္ခ်သြားဖို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ NUGအစိုးရ၏ နိုင္ငံျခားေရးဝန္ႀကီးဌာန ႏွင့္ အေမရိကန္ျပည္ေထာင္စုနိုင္ငံျခားေရးဝန္ႀကီးဌာနမွတာဝန္ရွိသူမ်ား ယေန႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါေသးတယ္။

အြန္လိုင္းမွတဆင့္ ျပဳလုပ္ခဲ့သည့္ အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲကို NUG၏ နိုင္ငံျခားေရးဝန္ႀကီး ဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒၚဇင္မာေအာင္ ႏွင့္ အေမရိကန္ျပည္ေထာင္စု ၊ နိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Mr. Derek Chollet တို႔မွ

လတ္တေလာျမန္မာ့နိုင္ငံေရး အေျခအေနမ်ား၊ လူ႔အခြင့္အေရးဆိုင္ရာအေျခအေနမ်ား ၊ လူသားျခင္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးေရးအေျခအေန

မ်ားႏွင့္ COVID -19 ကာကြယ္ေဆး အကူအညီေပးေရး ဆိုင္ရာ အေျခအေနတို႔ ႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာျပည္သူလူထုအတြက္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ ဦးေဆာင္မႈႏွင့္ စူးစိုက္ေဆာင္ရြက္မႈမ်ားအတြက္ အေမရိကန္က အသိအမွတ္ျပဳေၾကာင္း

အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ ဒဲရစ္ေခ်ာလက္က ေျပာဆိုလိုက္သည္အဆိုပါေတြ႕ဆုံပြဲသို႔ Mr. Kim W. Moy ( Senior Bureau Official for the Bureau of the East Asia)၊ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္း ၊

ဒုတိယနိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦး ၊ ကုလသမဂၢဆိုင္ရာ ျမန္မာနိုင္ငံအျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း ၊ လူအခြင့္အေရးဝန္ႀကီးဌာန အႀကံေပးအဖြဲ႕ဝင္ ဦးေအာင္ေက်ာ္မိုး တို႔လည္း တက္ေရာက္ ခဲ့ၾကေၾကာင္း

NUG၏ နိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။ကုလသမဂၢနဲ႔ နိုင္ငံတကာအသိုက္အဝန္းကေတာ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို

ျမန္မာနိုင္ငံရဲ့ အျမဲတမ္းကိုယ္စားလွယ္အျဖစ္ အသိအမွတ္ျပဳၿပီး အေထြေထြညီလာခံနဲ႔ ဆက္စပ္ အစည္းအေဝးေတြမွာ ပါဝင္တက္ေရာက္ေဆြးေႏြးခြင့္ ျပဳထားပါတယ္။

Credit