Local News

ဦးကျော်မိုးထွန်းမိန့်ခွန်းတရားမဝင်ကြောင်းနှင့် ပါဝင်တက်ရောက်ခွင့်ပြုသည့်နိုင်ငံများကို အရေးယူတော့မည့်စစ်ကောင်စီ

တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆော င်ရွက်ခြင်းနှင့်အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် နိုင် ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအ သို က်အဝန်းကို ထပ်လောင်းတောင်းဆို

မှတ်ချက် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်Annual Ministerial Meeting on the Resp o nsibility to Protect အမည်ရှိ အစည်းအဝေးကို ၂၀-၉-၂၀၂၁ရက်တွင် (၇၆) ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ကျင်းပခဲ့ပြီး

Global Center for Responsibility to Protect (GCR2P) အဖွဲ့က ယင်းအစည်းအဝေးကို ဦးဆေ ာင်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက သိရှိရသည်

အဆိုပါအစည်းအဝေးသို့ ဝန်ထမ်းအဖြစ်မှ ထု တ်ပယ်ခံရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တ ရားရင်ဆိုင်နေရသည့် ကျော်မိုးထွန်း ပါဝင်တ က်ရောက်ခဲ့ကြောင်း သိရှိရသည်

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူး လွန်လုပ်ဆောင်နေသည့်အတွက် အကြ မ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ခေါ် အဖွဲ့ကို ကိုယ်စားပြု၍မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်၍ ၎င်း၏ ပါဝင်တ က်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြ င်းမရှိကြောင်းနှင့် ၎င်းကိုယ်တိုင်သည်လည်း

အ ကြမ်း ဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ထင် ရှားသည့် အထောက်အထားပင်ဖြစ်ကြောင်း ထ ပ်လေ ာင်းဖော်ပြအပ်သည်ထို့အပြင် ၎င်း၏ မိန့်ခွန်းတွင် အစိုးရဆန့်ကျင်သည့် အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များပါဝင်ပြီး

နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အချက်အလက်များပါဝင်နေသည်၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အပြုအမူကို မြ န်မာနို င်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီ

ယင်းသို့ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများဖြ စ်ပေါ်စေရန် လှုံ့ဆော်အားပေးရာရောက်ကြော င်း သတိပေးအပ်သည်သို့ဖြစ်၍ ယင်းကဲ့သို့

တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့်အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအ သို က်အဝန်းကို ထပ်လောင်းတောင်းဆိုသည်

Credit

Zawgyi











Credit