Local News

သံယောဇဉ်ကို တန်ဖိုးထားတတ်လွန်းတဲ့လူတွေက အရှုံးများတယ်

သံယောဇဉ်ကို တန်ဖိုးထားတတ်လွန်းတဲ့လူတွေက အရှုံးများတယ် ။ပိုချစ်မိသူကပဲ … အရှုံးမဟုတ်ပါဘူး ဘယ်ဆက်ဆံရေးမှာမဆိုသံယောဇဉ္ကို ပိုပြီး တန်ဖိုးထားမိသူတိုင်းက ပိုပြီး ရှုံးရပါတယ် ။ကိုယ်တင်းလိုက်ရင် ပြတ်သွားလိမ့်မယ်ဆိုတဲ့ စိတ်နဲ့

ကိုယ့်ဘက်က လျော့ရင်းလျော့ရင်း နောက်ဆုံး မာနတွေ မထားဖြစ်တော့ဘူး ။ကိုယ်ဖက်ကမှ စမခေါ်ရင် … အေးစက်သွားမယ့်ဆက်ဆံရေးတွေမှာမေနနိုင္တဲ့ကိုယ္ကပဲ အရင္ဆုံး စေခါ်ျဖစ္ခဲ့တာလဲ အခါခါပါ ။သံယောဇဉ် ရစ်နှောင်ပြီးသွားရင် … ရုန်းမထွက်နိုင်တဲ့သူကပဲ ပိုပြီး နစ်ရပါတယ် ။ ဘယ်ဆက်ဆံရေးမှာမဆိုပေါ့ ။

မိသားစုမှာပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေကြားမှာပဲ ဖြစ်ဖြစ် ၊ ချစ်သူရည်းစားတွေပဲ ဖြစ်ဖြစ်ပါ ပိုပြီးသံယောဇဉ်တွယ်မိသူက ပိုပြီး လျော့ပေးရတာများတယ် ။တစ်ခါတစ်လေကျရင် ကိုယ်တိုင်က မမှားပဲနဲ့တောင် တောင်းပန်ခဲ့ရတာတွေကောပဲပေါ့ ။

သံယောဇဉ် အလေးမထားတတ်တဲ့သူအတွက်ကတော့ … အနှောင်အဖွဲ့ကင်းပါတယ် ။မရှိလဲ ဖြစ်တယ်ဆိုတဲ့ စိတ်ထားနိုင်တဲ့လူတွေအတွက်ကျတော့ ဒဏ်ရာကင်းတယ် ။ဒါပေမယ့် အဲ့ဒီ သံယောဇဉ်ကို အလေးထားလွန်းတဲ့လူတွေကျတော့ သာမန်ထက်ပိုပြီး ပင်ပန်းရတတ်တယ် ။

ပြတ်လုစဲစဲဖြစ်နေတဲ့ သံယောဇဉ်ကို မမောနိုင်မပန်းနိုင် လိုက်ဆက်နေမိသူတွေလဲ ရှိတယ် ။အေးစက်သွားတဲ့ ဆက်ဆံရေးတွေကို ပြန်ပြီး အသက်သွင်းဖို့ ကြိုးစားနေတဲ့လူတွေလဲရှိတယ် ။

တစ်နေ့ကျရင် နားလည်မှာပါဆိုတဲ့မျှော်လင့်ချက်လေးထားပြီး ဒီနေ့အထိ ရပ်စောင့်နေတဲ့လူတွေလဲ ရှိတယ် ။သံယောဇဉ် နှောင်ဖွဲ့ခံရရင် ရုန်းထွက်ရခက်သလို အရှုံးလဲများရတတ်တယ်

မိန်းမသားတို့အတွက်

သျှင်ယွန်း

Zawgyi

သံေယာဇဥ္ကို တန္ဖိုးထားတတ္လြန္းတဲ့လူေတြက အရႈံးမ်ားတယ္ ။ပိုခ်စ္မိသူကပဲ … အရႈံးမဟုတ္ပါဘူး ဘယ္ဆက္ဆံေရးမွာမဆိုသံေယာဇဥၠိဳ ပိုၿပီး တန္ဖိုးထားမိသူတိုင္းက ပိုၿပီး ရႈံးရပါတယ္ ။ကိုယ္တင္းလိုက္ရင္ ျပတ္သြားလိမ့္မယ္ဆိုတဲ့ စိတ္နဲ႔

ကိုယ့္ဘက္က ေလ်ာ့ရင္းေလ်ာ့ရင္း ေနာက္ဆုံး မာနေတြ မထားျဖစ္ေတာ့ဘူး ။ကိုယ္ဖက္ကမွ စမေခၚရင္ … ေအးစက္သြားမယ့္ဆက္ဆံေရးေတြမွာေမနနိုငၲဲ့ကိုယၠပဲ အရငၧဳံး ေစခၚ်ဖစၡဲ့တာလဲ အခါခါပါ ။သံေယာဇဥ္ ရစ္ေႏွာင္ၿပီးသြားရင္ … ႐ုန္းမထြက္နိုင္တဲ့သူကပဲ ပိုၿပီး နစ္ရပါတယ္ ။ ဘယ္ဆက္ဆံေရးမွာမဆိုေပါ့ ။

မိသားစုမွာပဲ ျဖစ္ျဖစ္ ၊ သူငယ္ခ်င္းေတြၾကားမွာပဲ ျဖစ္ျဖစ္ ၊ ခ်စ္သူရည္းစားေတြပဲ ျဖစ္ျဖစ္ပါ ပိုၿပီးသံေယာဇဥ္တြယ္မိသူက ပိုၿပီး ေလ်ာ့ေပးရတာမ်ားတယ္တစ္ခါတစ္ေလက်ရင္ ကိုယ္တိုင္က မမွားပဲနဲ႔ေတာင္ ေတာင္းပန္ခဲ့ရတာေတြေကာပဲေပါ့ ။

သံေယာဇဥ္ အေလးမထားတတ္တဲ့သူအတြက္ကေတာ့ … အေႏွာင္အဖြဲ႕ကင္းပါတယ္ ။မရွိလဲ ျဖစ္တယ္ဆိုတဲ့ စိတ္ထားနိုင္တဲ့လူေတြအတြက္က်ေတာ့ ဒဏ္ရာကင္းတယ္ ။ဒါေပမယ့္ အဲ့ဒီ သံေယာဇဥ္ကို အေလးထားလြန္းတဲ့လူေတြက်ေတာ့ သာမန္ထက္ပိုၿပီး ပင္ပန္းရတတ္တယ္ ။

ျပတ္လုစဲစဲျဖစ္ေနတဲ့ သံေယာဇဥ္ကို မေမာနိုင္မပန္းနိုင္ လိုက္ဆက္ေနမိသူေတြလဲ ရွိတယ္ ။ေအးစက္သြားတဲ့ ဆက္ဆံေရးေတြကို ျပန္ၿပီး အသက္သြင္းဖို႔ ႀကိဳးစားေနတဲ့လူေတြလဲရွိတယ္ ။

တစ္ေန႔က်ရင္ နားလည္မွာပါဆိုတဲ့ေမၽွာ္လင့္ခ်က္ေလးထားၿပီး ဒီေန႔အထိ ရပ္ေစာင့္ေနတဲ့လူေတြလဲ ရွိတယ္ ။သံေယာဇဥ္ ေႏွာင္ဖြဲ႕ခံရရင္ ႐ုန္းထြက္ရခက္သလို အရႈံးလဲမ်ားရတတ္တယ္

မိန္းမသားတို႔အတြက္

သၽွင္ယြန္း