Knowledge

သင့်ရဲ့စိတ်နေစိတ်ထားကို သင်ရွေးချယ်လိုက်တဲ့ Bubble Milk Tea ကတစ်ဆင့် ပြောပြပေးမယ်

သင့်ရဲ့စိတ်နေစိတ်ထားကို သင်ရွေးချယ်လိုက်တဲ့ Bubble Milk Tea ကတစ်ဆင့် ပြောပြပေးမယ်

(၁) Milk Tea

သင်ဟာ မိမိကိုယ်ကို ကံကောင်းတဲ့လူတစ်ယောက်လို့ သတ်မှတ်ထားတတ်ပါတယ်။ ဘယ်အရာမှာမဆို ယှဉ်ပြိုင်လိုစိတ် ပြင်းပြပေမယ့် သင်ဟာ ဒီအချက်ကို ဝန်ခံလေ့မရှိပါဘူး။ အနိုင်ရတာကို သဘောကျပေမယ့် မတရားတဲ့နည်းလမ်းနဲ့ တဖက်သားကိုအနိုင်ယူရတာမျိုးကို မနှစ်သက်ပါဘူး။

ဒါ့အပြင် သင့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ လုပ်ရပ်တွေကြောင့် တဖက်သားကို နစ်နာသွားမှာ အရမ်းစိုးရိမ်တတ်ပါတယ်။ ဒါကြောင့် တခြားလူတွေအမြင်မှာ အနိုင်၊အရှုံးက သင့်အတွက် အဓိကမဟုတ်တဲ့ ပုံစံမျိုးနဲ့ ဟန်ဆောင်နေတတ်ပါတယ်။ သဘောထားပြည့်ဝတဲ့ စိတ်လေးကြောင့် အောင်မြင်မှုတွေကို ပိုင်ဆိုင်ရတတ်ပါတယ်။

(၂) Taro Bubble Milk Tea

သင်ဟာ အကောင်းမြင်စိတ်အပြည့်ရှိပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ပါ။ ဒါ့အပြင် အသစ်အဆန်းတွေကို အလွန်စိတ်ဝင်စားတတ်ပြီး အနာဂတ်နေ့ရက်တွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်အပြည့်နဲ့ စိတ်လှုပ်ရှားနေတတ်ပါတယ်။ ဆိုလိုတာက သင့်အနာဂတ်မှာ ကောင်းတဲ့အရာတွေပဲ ဖြစ်လာမှာဆိုပြီး

ယုံကြည်နေတတ်တာပါ။ နူးညံ့သိမ်မွေ့တဲ့ စိတ်နေစိတ်ထားရှိပြီး သူငယ်ချင်း၊မိတ်ဆွေတွေကိုလည်း အားတတ်သရော ကူညီပေးတတ်ပါတယ်။ လူတိုင်းအတွက် ခက်ခက်ခဲခဲ လုပ်ဆောင်ရတဲ့အလုပ်တစ်ခုက သင့်အတွက်တော့ လွယ်လွယ်ကူကူနဲ့ ပြီးစီးသွားတတ်ပါတယ်။

(၃) Matcha Bubble Milk Tea

သင်ဟာ ဆဌမအမြင်ရှိပြီး သင့်ရဲ့ဆုံးဖြတ်ချက်တွေကို အဲဒီအမြင်နဲ့ ချမှတ်တတ်ပါတယ်။ တချို့လူတွေက ဆူညံသံတွေကြားရင် အာရုံထွေပြားပြီး ဘာမှမလုပ်နိုင်တော့ပေမယ့် သင်ကတော့ အာရုံစိုက်ပြီး

လုပ်ဆောင်နိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေ အပြည့်ရှိပြီး မျက်စိရှေ့မှာ ဖရိုဖရဲဖြစ်နေတဲ့ အရာတွေကို လှပသွားအောင် ပြန်လည်ဖန်တီးနိုင်စွမ်း ရှိပါတယ်။ မာနမကြီးပဲ ကိုယ့်ကိုယ်ကို နိမ်ချဆက်ဆံတတ်တာက သင့်ရဲ့ကောင်းတဲ့အကျင့်လေးပေါ့။

(၄) Mango Bubble Tea

သင်ဟာ တတ်တတ်ကြွကြွနဲ့ စိတ်အားထက်သန်မှု အပြည့်ရှိတဲ့အပြင် လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ပါ။ လူတိုင်းကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးတတ်ပြီး ဒရမ်မာတွေနဲ့ လုပ်ဇာတ်တွေကို

အလွန်မုန်းတီးတတ်ပါတယ်။ ဒါ့အပြင် စိတ်ရောကိုယ်ပါ ချုပ်တည်းပြီး နေထိုင်ရတာမျိုးကို မနှစ်သက်တဲ့အတွက် စိတ်လွတ်ကိုယ်လွတ် ပြုမှုနေထိုင် ပြောဆိုတတ်ပါတယ်။ အထီးကျန်တဲ့ဒဏ်ကို မခံစားနိုင်တဲ့အတွက် အမြဲလိုလို လူတွေကြားထဲမှာ နေထိုင်တတ်ပါတယ်။

(၅) Apple Milk Tea

သင့်ရဲ့ပြုမှုနေထိုင်ပုံနဲ့ တွေးခေါ်ပုံတွေက တခြားလူတွေနဲ့မတူပဲ ကွဲပြားနေတတ်ပါတယ်။ ဒါက မကောင်းတာမဟုတ်ပဲ သင့်ကိုပိုထူးခြားနေစေတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး တခြားလူတွေရဲ့ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့

လုပ်ဆောင်ရတာကို နှစ်သက်တတ်ပါတယ်။ ဟန်ဆောင်ရတာတွေကို မနှစ်သက်ပဲ အရှိကိုအရှိအတိုင်း နေထိုင်ရတာမျိုးကမှ ဘဝရဲ့ ပျော်ရွှင်မှုအစစ်အမှန်လို့ သတ်မှတ်ထားတတ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှု အပြည့်ရှိပြီး လူတွေကို ကူညီတဲ့နေရာမှာ ထူးခြားတဲ့နည်းလမ်းတွေနဲ့ ကူညီပေးတတ်ပါတယ်။

(၆) Strawberry Bubble Milk Tea

သင်ဟာ သဘောကောင်းပြီး ချဉ်းကပ်ရလွယ်ကူတဲ့ လူတစ်ယောက်ပါ။ လူတိုင်းအပေါ် ခင်မင်ရင်းနှီးပြီး ဖော်ရွေတတ်ပေမယ့် လွန်တာထက်ပိုပြီး အပိုစကားတွေပြောရတာမျိုးကို မနှစ်သက်သူတစ်ယောက်ပါ။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ယုံကြည်စိတ်ချပြီး အားကိုးရတဲ့

လူတစ်ယောက်ဖြစ်တဲ့အပြင် သစ္စာရှိပြီး ရိုးသားပါတယ်။ ဒါပေမယ့် သွေးအေးတဲ့နှလုံးသားပိုင်ရှင်တစ်ယောက် ဖြစ်တဲ့အလျှောက် သင့်အပေါ် သစ္စာဖောက်တဲ့လူတွေကို ပြန်ကလဲ့စားချေတတ်တဲ့ အကျင့်လေးကတော့ မကောင်းတဲ့အကျင့်လေးတစ်ခုပေါ့။

credit to lotaya_quiz

Zawgyi

သင့္ရဲ့စိတ္ေနစိတ္ထားကို သင္ေရြးခ်ယ္လိုက္တဲ့ Bubble Milk Tea ကတစ္ဆင့္ ေျပာျပေပးမယ္

(၁) Milk Tea

သင္ဟာ မိမိကိုယ္ကို ကံေကာင္းတဲ့လူတစ္ေယာက္လို႔ သတ္မွတ္ထားတတ္ပါတယ္။ ဘယ္အရာမွာမဆို ယွဥ္ၿပိဳင္လိုစိတ္ ျပင္းျပေပမယ့္ သင္ဟာ ဒီအခ်က္ကို ဝန္ခံေလ့မရွိပါဘူး။ အနိုင္ရတာကို သေဘာက်ေပမယ့္ မတရားတဲ့နည္းလမ္းနဲ႔ တဖက္သားကိုအနိုင္ယူရတာမ်ိဳးကို မႏွစ္သက္ပါဘူး။

ဒါ့အျပင္ သင့္ရဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ လုပ္ရပ္ေတြေၾကာင့္ တဖက္သားကို နစ္နာသြားမွာ အရမ္းစိုးရိမ္တတ္ပါတယ္။ ဒါေၾကာင့္ တျခားလူေတြအျမင္မွာ အနိုင္၊အရႈံးက သင့္အတြက္ အဓိကမဟုတ္တဲ့ ပုံစံမ်ိဳးနဲ႔ ဟန္ေဆာင္ေနတတ္ပါတယ္။ သေဘာထားျပည့္ဝတဲ့ စိတ္ေလးေၾကာင့္ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ရတတ္ပါတယ္။

(၂) Taro Bubble Milk Tea

သင္ဟာ အေကာင္းျမင္စိတ္အျပည့္ရွိၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္ပါ။ ဒါ့အျပင္ အသစ္အဆန္းေတြကို အလြန္စိတ္ဝင္စားတတ္ၿပီး အနာဂတ္ေန႔ရက္ေတြနဲ႔ပတ္သက္ၿပီး ေမၽွာ္လင့္ခ်က္အျပည့္နဲ႔ စိတ္လႈပ္ရွားေနတတ္ပါတယ္။ ဆိုလိုတာက သင့္အနာဂတ္မွာ ေကာင္းတဲ့အရာေတြပဲ ျဖစ္လာမွာဆိုၿပီး

ယုံၾကည္ေနတတ္တာပါ။ ႏူးညံ့သိမ္ေမြ႕တဲ့ စိတ္ေနစိတ္ထားရွိၿပီး သူငယ္ခ်င္း၊မိတ္ေဆြေတြကိုလည္း အားတတ္သေရာ ကူညီေပးတတ္ပါတယ္။ လူတိုင္းအတြက္ ခက္ခက္ခဲခဲ လုပ္ေဆာင္ရတဲ့အလုပ္တစ္ခုက သင့္အတြက္ေတာ့ လြယ္လြယ္ကူကူနဲ႔ ၿပီးစီးသြားတတ္ပါတယ္။

(၃) Matcha Bubble Milk Tea

သင္ဟာ ဆဌမအျမင္ရွိၿပီး သင့္ရဲ့ဆုံးျဖတ္ခ်က္ေတြကို အဲဒီအျမင္နဲ႔ ခ်မွတ္တတ္ပါတယ္။ တခ်ိဳ႕လူေတြက ဆူညံသံေတြၾကားရင္ အာ႐ုံေထြျပားၿပီး ဘာမွမလုပ္နိုင္ေတာ့ေပမယ့္ သင္ကေတာ့ အာ႐ုံစိုက္ၿပီး

လုပ္ေဆာင္နိုင္ပါတယ္။ တီထြင္ဖန္တီးနိုင္တဲ့ စိတ္ကူးစိတ္သန္းေတြ အျပည့္ရွိၿပီး မ်က္စိေရွ႕မွာ ဖရိုဖရဲျဖစ္ေနတဲ့ အရာေတြကို လွပသြားေအာင္ ျပန္လည္ဖန္တီးနိုင္စြမ္း ရွိပါတယ္။ မာနမႀကီးပဲ ကိုယ့္ကိုယ္ကို နိမ္ခ်ဆက္ဆံတတ္တာက သင့္ရဲ့ေကာင္းတဲ့အက်င့္ေလးေပါ့။

(၄) Mango Bubble Tea

သင္ဟာ တတ္တတ္ႂကြႂကြနဲ႔ စိတ္အားထက္သန္မႈ အျပည့္ရွိတဲ့အျပင္ လြတ္လြတ္လပ္လပ္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူတစ္ေယာက္ပါ။ လူတိုင္းကို ရယ္ေမာေပ်ာ္ရႊင္ေအာင္ လုပ္ေပးတတ္ၿပီး ဒရမ္မာေတြနဲ႔ လုပ္ဇာတ္ေတြကို

အလြန္မုန္းတီးတတ္ပါတယ္။ ဒါ့အျပင္ စိတ္ေရာကိုယ္ပါ ခ်ဳပ္တည္းၿပီး ေနထိုင္ရတာမ်ိဳးကို မႏွစ္သက္တဲ့အတြက္ စိတ္လြတ္ကိုယ္လြတ္ ျပဳမႈေနထိုင္ ေျပာဆိုတတ္ပါတယ္။ အထီးက်န္တဲ့ဒဏ္ကို မခံစားနိုင္တဲ့အတြက္ အျမဲလိုလို လူေတြၾကားထဲမွာ ေနထိုင္တတ္ပါတယ္။

(၅) Apple Milk Tea

သင့္ရဲ့ျပဳမႈေနထိုင္ပုံနဲ႔ ေတြးေခၚပုံေတြက တျခားလူေတြနဲ႔မတူပဲ ကြဲျပားေနတတ္ပါတယ္။ ဒါက မေကာင္းတာမဟုတ္ပဲ သင့္ကိုပိုထူးျခားေနေစတာပါ။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိၿပီး တျခားလူေတြရဲ့ထင္ျမင္ယူဆခ်က္ေတြကို ဂ႐ုမစိုက္ပဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႔

လုပ္ေဆာင္ရတာကို ႏွစ္သက္တတ္ပါတယ္။ ဟန္ေဆာင္ရတာေတြကို မႏွစ္သက္ပဲ အရွိကိုအရွိအတိုင္း ေနထိုင္ရတာမ်ိဳးကမွ ဘဝရဲ့ ေပ်ာ္ရႊင္မႈအစစ္အမွန္လို႔ သတ္မွတ္ထားတတ္ပါတယ္။ လူသားခ်င္း စာနာေထာက္ထားမႈ အျပည့္ရွိၿပီး လူေတြကို ကူညီတဲ့ေနရာမွာ ထူးျခားတဲ့နည္းလမ္းေတြနဲ႔ ကူညီေပးတတ္ပါတယ္။

(၆) Strawberry Bubble Milk Tea

သင္ဟာ သေဘာေကာင္းၿပီး ခ်ဥ္းကပ္ရလြယ္ကူတဲ့ လူတစ္ေယာက္ပါ။ လူတိုင္းအေပၚ ခင္မင္ရင္းႏွီးၿပီး ေဖာ္ေရြတတ္ေပမယ့္ လြန္တာထက္ပိုၿပီး အပိုစကားေတြေျပာရတာမ်ိဳးကို မႏွစ္သက္သူတစ္ေယာက္ပါ။ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြအတြက္ ယုံၾကည္စိတ္ခ်ၿပီး အားကိုးရတဲ့

လူတစ္ေယာက္ျဖစ္တဲ့အျပင္ သစၥာရွိၿပီး ရိုးသားပါတယ္။ ဒါေပမယ့္ ေသြးေအးတဲ့ႏွလုံးသားပိုင္ရွင္တစ္ေယာက္ ျဖစ္တဲ့အေလၽွာက္ သင့္အေပၚ သစၥာေဖာက္တဲ့လူေတြကို ျပန္ကလဲ့စားေခ်တတ္တဲ့ အက်င့္ေလးကေတာ့ မေကာင္းတဲ့အက်င့္ေလးတစ္ခုေပါ့။

credit to lotaya_quiz