Local News

“စကစတပ်ဖွဲ့ဝင်များကသံအမတ်ကြီးဦးကျော်မိုးထွန်းနေအိမ်ကိုဝင်ရောက်ရှာဖွေမှုများပြုလုပ်ကြောင်းသိရ”

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏

မိဘများနေထိုင်သော ရန်ကုန်မြို့ရှိနေအိမ်ကိုစစ်ကောင်စီတပ်များက စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းမိဘများနေထိုင်သောနေအိမ်ကို စစ်တပ်က

ဝင်ရောက်စီးနင်းရှာဖွေခြင်းဖြစ်ပြီးသံအမတ်ကြီး၏မိဘများမှာကြိုတင်ရှောင်တိမ်းနေကြသည့်အတွက် မည်သူမျှ ဖမ်းဆီးခြင်းမခံရကြောင်း သိရသည်။

မနေ့ညသန်းခေါင်လောက်က အဲ့သတင်းကြားတယ်။ အဲဒီအိမ်မှာ အရင်က ကျနော့်အဖေနဲ့အမေ တောက်လျှောက်နေခဲ့တယ်။ အဖေနဲ့အမေက အသက် ၈၀ ကျော်၊ ၈၅ နှစ်

ပတ်ဝန်းကျင်ရှိပြီ။ သူတို့ ၂ ယောက်ပဲ အမြဲတမ်းနေပါတယ်။ ဖေဖော်ဝါရီ ၂၆ ကျနော်ဒီမှာ (နယူးယောက်မြို့) မိန့်ခွန်း ပြောပြီးတဲ့နောက်

၂၇ ရက်နေ့မှာပဲ သူတို့အဲဒီအိမ်ကနေရှောင်နေရတယ်။ ဒါကြောင့် အိမ်ကပိတ်ထားတာ ၆ လကျော် ရှိပါပြီ။ ကိုယ့်မိဘနေခဲ့တဲ့ အိမ်ဖြစ်တဲ့အတွက်

စိတ်ပူတယ်။ လောလောဆယ် လူမနေပေမယ့် အိမ်ထဲမှာ ပစ္စည်းတွေကဒီတိုင်းထားခဲ့တာ ဆိုတော့ သူတို့ဘာလုပ်ခဲ့သလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ”ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ကို ပြောသည်။

စစ်ကောင်စီ၏ယခုလုပ်ရပ်မှာ လူဆိုး၊ သူခိုး၊ အကြမ်းဖက်သမားများသာလုပ်ဆောင်သည့် အောက်တန်းစားလုပ်ရပ် ဖြစ်ကြောင်းနှင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက မှတ်ချက်ပြုသည်။

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လက်နက်အားကိုးဖြင့်

တိုင်းပြည်အာဏာသိမ်းယူပြီးနောက် ပြည်ပနိုင်ငံအသီးသီးရှိမြန်မာနိုင်ငံဆိုင်ရာ သံအမတ်များကို ဆက်လက်ခန့်အပ်ခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်သည့်အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိကုလသမဂ္ဂရုံးချုပ်၌ပြုလုပ်သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် မိမိမှာ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ၏ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာကာပြည်သူ ဘက်က

ရပ်တည်ခဲ့သူဖြစ်သည်။ပြည်သူဘက်ကရပ်တည်ကာ CDM ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖေဖော်ဝါရိ ၂၇ ရက်နေ့တွင်

ရာထူးမှ ထုတ်ပယ်ခဲ့ပြီး မြန်မာနိုင်ငံတွင်အမှုဖွင့်တရားစွဲခဲ့သလို ၎င်းအား မြန်မာ နိုင်ငံပြန်လွှဲပေးရန် အမေရိကန်အစိုးရထံ တောင်းခံခဲ့သော်လည်း အမေရိကန်အစိုးရက ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက

စေလွှတ်သည်ဟုယူဆရသော မြန်မာ ၂ ဦးက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် စီမံကြိုးစားသဖြင့်အမေရိကန်နိုင်ငံက သံအမတ်ကြီး၏လုံခြုံရေးကို တာဝန်ယူစောင့်ရှောက်ပေးထားကြောင်း သိရသည်။

Credit

Zawgyi

အမ်ိဳးသားညီညြတ္ေရးအစိုးရ – NUG ၏ ကုလသမဂၢဆိုင္ရာ ျမန္မာနိုင္ငံအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၏

မိဘမ်ားေနထိုင္ေသာ ရန္ကုန္ၿမိဳ႕ရွိေနအိမ္ကိုစစ္ေကာင္စီတပ္မ်ားက စက္တင္ဘာ ၂၁ ရက္ေန႔ ညပိုင္းတြင္ ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း သတင္းရရွိသည္။

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းမိဘမ်ားေနထိုင္ေသာေနအိမ္ကို စစ္တပ္က ဝင္ေရာက္စီးနင္းရွာေဖြျခင္းျဖစ္ၿပီ

းသံအမတ္ႀကီး၏မိဘမ်ားမွာႀကိဳတင္ေရွာင္တိမ္းေနၾကသည့္အတြက္ မည္သူမၽွ ဖမ္းဆီးျခင္းမခံရေၾကာင္း သိရသည္။

မေန႔ညသန္းေခါင္ေလာက္က အဲ့သတင္းၾကားတယ္။ အဲဒီအိမ္မွာ အရင္က က်ေနာ့္အေဖနဲ႔အေမ ေတာက္ေလၽွာက္ေနခဲ့တယ္။ အေဖနဲ႔အေမက အသက္ ၈၀ ေက်ာ္၊ ၈၅ ႏွစ္

ပတ္ဝန္းက်င္ရွိၿပီ။ သူတို႔ ၂ ေယာက္ပဲ အျမဲတမ္းေနပါတယ္။ ေဖေဖာ္ဝါရီ ၂၆ က်ေနာ္ဒီမွာ (နယူးေယာက္ၿမိဳ႕) မိန႔္ခြန္း ေျပာၿပီးတဲ့ေနာက္

၂၇ ရက္ေန႔မွာပဲ သူတို႔အဲဒီအိမ္ကေနေရွာင္ေနရတယ္။ ဒါေၾကာင့္ အိမ္ကပိတ္ထားတာ ၆ လေက်ာ္ ရွိပါၿပီ။ ကိုယ့္မိဘေနခဲ့တဲ့ အိမ္ျဖစ္တဲ့အတြက္

စိတ္ပူတယ္။ ေလာေလာဆယ္ လူမေနေပမယ့္ အိမ္ထဲမွာ ပစၥည္းေတြကဒီတိုင္းထားခဲ့တာ ဆိုေတာ့ သူတို႔ဘာလုပ္ခဲ့သလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ”ဟု သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက PVTV ကို ေျပာသည္။

စစ္ေကာင္စီ၏ယခုလုပ္ရပ္မွာ လူဆိုး၊ သူခိုး၊ အၾကမ္းဖက္သမားမ်ားသာလုပ္ေဆာင္သည့္ ေအာက္တန္းစားလုပ္ရပ္ ျဖစ္ေၾကာင္းႏွင့္ အျပင္းအထန္ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက မွတ္ခ်က္ျပဳသည္။

တပ္မေတာ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေဖေဖာ္ဝါရီ ၁ ရက္ေန႔တြင္ လက္နက္အားကိုးျဖင့္ တိုင္းျပည္အာဏာသိမ္းယူၿပီးေနာက္ ျပည္ပနိုင္ငံအသီးသီးရွိျမန္မာနိုင္ငံဆိုင္ရာ သံအမတ္မ်ားကို ဆက္လက္ခန႔္အပ္ခဲ့သည္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းမွာ စစ္ေကာင္စီ၏အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံနိုင္သည့္အတြက္ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔တြင္ အေမရိကန္နိုင္ငံ၊ နယူးေယာက္ၿမိဳ႕ရွိကုလသမဂၢ႐ုံးခ်ဳပ္၌ျပဳလုပ္သည့္ အလြတ္သေဘာ ေဆြးေႏြးပြဲတြင္ မိမိမွာ

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ – CRPH ၏ကိုယ္စားလွယ္ျဖစ္ေၾကာင္း ေၾကညာကာျပည္သူ ဘက္က

ရပ္တည္ခဲ့သူျဖစ္သည္။ျပည္သူဘက္ကရပ္တည္ကာ CDM ျပဳလုပ္ခဲ့သည့္အတြက္ စစ္ေကာင္စီက သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေဖေဖာ္ဝါရိ ၂၇ ရက္ေန႔တြင္

ရာထူးမွ ထုတ္ပယ္ခဲ့ၿပီး ျမန္မာနိုင္ငံတြင္အမႈဖြင့္တရားစြဲခဲ့သလို ၎အား ျမန္မာ နိုင္ငံျပန္လႊဲေပးရန္ အေမရိကန္အစိုးရထံ ေတာင္းခံခဲ့ေသာ္လည္း အေမရိကန္အစိုးရက ေဆာင္ရြက္ေပးျခင္း မရွိခဲ့ေပ။ေနာက္ပိုင္းတြင္ အာဏာသိမ္းစစ္ေကာင္စီက

ေစလႊတ္သည္ဟုယူဆရေသာ ျမန္မာ ၂ ဦးက သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံသတ္ျဖတ္ရန္ စီမံႀကိဳးစားသျဖင့္အေမရိကန္နိုင္ငံက

သံအမတ္ႀကီး၏လုံျခဳံေရးကို တာဝန္ယူေစာင့္ေရွာက္ေပးထားေၾကာင္း သိရသည္။

Credit