Knowledge

သင်ရွေးချယ်လိုက်တဲ့ နတ်သမီးကပြောပြမယ့် သင့်ဘဝအတွက် အလုပ်သင့်ဆုံးအရာ

သင်ရွေးချယ်လိုက်တဲ့ နတ်သမီးကပြောပြမယ့် သင့်ဘဝအတွက် အလုပ်သင့်ဆုံးအရာ

နံပါတ် (၁) – ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်ပါ

သင်ဟာ သင့်ရဲ့ကိုယ်ပိုင်စည်းမျဥး်စည်းကမ်းတွေ၊ သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပြီး ငါလုပ်လိုက်ရင် ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကို ဖယ်ရှားပြီး ရဲရဲဝံံ့ဝ့ံ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

သင့်ဘေးနားမှာ (ဘုရား၊ ကောငး်ကင်တမန် လိုမျိုး) တန်ခိုးကြီးတဲ့ သူတွေက အမြဲတမ်းစောင့်ရှောက်မစနေတယ်ဆိုတာ သိထားပြီး သံသယမဝင်ဘဲ သင်လုပ်တဲ့အရာတိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုပါတယ်။

နံပါတ် (၂) – ကိုယ့်ကိုယ်ကို ချစ်ပါ

မိမိကိုယ်ကို ချစ်ခြငး်ဟာ သင့်ဘဝရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ သင့်ကိုယ်သင်ချစ်ပါ၊ သင့်ကိုသင်ခွင့်လွှတ်ပါ၊ သင်ကိုသင်လက်ခံပါ ဒါဆိုရင်တော့သင်ရဲ့ စိတ်ခွန်အားဟာ ကြီးလာမှာဖြစ်ပြီး သူတစ်ပါးကိုလည်း အားအင်တွေ ပြန်လည်ဝေမျှနိုင်လာမှာ ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာတွေ အားလုံးဟာ အတွငး်ထဲက လာတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုသင် ချစ်နိုင်မှ သူတစ်ပါးကို ချစ်နိုင်မှာဖြစ်သလို၊ သူတစ်ပါးကို ချစ်ခြင်းမေတ္တာ ထားတတ်သွားတဲ့အခါ ကံကောင်းခြငး်တွေ၊ အောင်မြင်မှုတွေက သင့်ဆီကို အလိုလိုရောက်လာမှာဖြစ်ပါတယ်။

နံပါတ် (၃) – သင့်ကို ပျော်ရွှင်စေမယ့်အရာကို လုပ်ပါ

ပျော်ရွှင်မှုဟာ သင့်အတွက် အရေးကြီးဆုံးအရာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို ပျော်ရွှင်စေမယ့် အရာတွေကို ပြုလုပ်ပါ။ ပျော်ရွှင်မှုဆိုတဲ့ နေရာမှာ ကောငး်သော ပျော်ရွှင်မှုတွေကိုသာ ဆိုလိုတာဖြစ်ပါတယ်။ မကောငး်တဲ့အရာတွေ၊ မလုပ်သင့်တဲ့ အရာတွေနဲ့

ပျော်ရွှင်မှုကို ရှာဖွေတဲ့အခါမှာ ခဏတာတော့ ပျော်ရွှင်ရမယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ဝမး်နည်းခြငး်နဲ့သာ အဆုံးသတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီတာမျိုး၊ အလှူလေးတွေ လုပ်တာမျိုး၊

သူတစ်ပါးကို မေတ္တာပြတာမျိုးတွေနဲ့ ပျော်ရွှင်မှုကို ရှာဖွေလိုက်ပါ။ ဒါဆိုရင်တော့ သင်ကိုယ်တိုင်လညး် ပျော်ရွှင်ရမယ့်အပြင် ကံကောင်းခြင်းတွေ၊ အောင်မြင်ခြင်းတွေလညး် သင့်ဆီကို အလိုလိုရောက်လာမှာဖြစ်ပါတယ်။

နံပါတ် (၄) – သူတစ်ပါးနဲ့ ကိုယ့်ကိုယ်မယှဉ်ပါနဲ့

ဒီကတ်ကို ရွေးချယ်လိုက်တဲ့ သင်ဟာ သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တာတွေ မလုပ်ဖို့ လိုပါတယ်။ နှိုင်းယှဉ်တယ်ဆိုတာဟာ လုံးဝကို မလုပ်သင့်တဲ့အရာဖြစ်ပါတယ်။ သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်လိုုက်တဲ့အခါ ဘာကောင်းကျိုးမှ မရတဲ့အပြင်

ပူလောင်မှုတွေ၊ စိတ်ညစ်မှုတွေ၊ မနာလိုမှုတွေနဲ့ တခြားသော စိတ်ညစ်စရာတွေကိုသာ ရရှိလာရတတ်ပါတယ်။ ဒါကြောင့် သင်ဟာ သင်ပါပဲ၊ သူများဟာ သူများပါပဲ။ သူတစ်ပါးနဲ့ ယှဉ်ပြီး

ပူလောင်နေမယ့်အစား ဘာကိုမှ ခေါင်းထဲမထားပဲ လွတ်လွတ်လပ်လပ် သက်သက်သာသာနေလိုက်တာနဲ့ ကံကောင်းခြင်းတွေ၊ အောင်မြင်မှုတွေ ရောက်လာမှာဖြစ်ပါတယ်။

နံပါတ် (၅) – ငြိမ်းချမ်းမှုကို ရှာဖွေပါ

သင်ဟာ စိတ်တို၊ စိတ်ဆတ်ပြီး ဒေါသကြီးတဲ့သူ တစ်ယောက်ဖြစ်နေခဲ့ရင် စိတ်လေးကို လျှော့ပြီး ငြိမ်းချမ်းမှုကို ရှာဖွေပါ။ သင့်စိတ်က ငြိမ်းချမး်လေလေ သူတစ်ပါးကိုလည်း ငြိမ်းချမး်မှုပေးလေလေပဲဖြစ်ပါတယ်။ ဒေါသထွက်လာတဲ့အခါမှာလည်း

ဒေါသလေးကို လျှော့ပြီး အေးချမ်းတဲ့စိတ်လေးကို ပြန်တည်ဆောက်လိုက်ပါ။ သင့်ဘက်က ငြိမ်းချမ်းလေလေ သင့်ဆီကို ကံကောင်းခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေအပြင် အောင်မြင်ခြင်းတွေလည်း ရောက်လာမှာဖြစ်ပါတယ်။

credit to

Em Em

Zawgyi

သင္ေရြးခ်ယ္လိုက္တဲ့ နတ္သမီးကေျပာျပမယ့္ သင့္ဘဝအတြက္ အလုပ္သင့္ဆုံးအရာ

နံပါတ္ (၁) – ကိုယ့္ကိုယ္ကို စိတ္ခ်ယုံၾကည္ပါ

သင္ဟာ သင့္ရဲ့ကိုယ္ပိုင္စည္းမ်ဥး္စည္းကမ္းေတြ၊ သင့္ရဲ့ ကိုယ္ပိုင္အရည္အခ်င္း၊ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြကို ယုံၾကည္မႈရွိဖို႔ လိုအပ္ပါတယ္။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ နည္းၿပီး ငါလုပ္လိုက္ရင္ ျဖစ္မွျဖစ္ပါ့မလားဆိုတဲ့ အေတြးေတြကို ဖယ္ရွားၿပီး ရဲရဲဝံံ့ဝ့ံ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။

သင့္ေဘးနားမွာ (ဘုရား၊ ေကာငး္ကင္တမန္ လိုမ်ိဳး) တန္ခိုးႀကီးတဲ့ သူေတြက အျမဲတမ္းေစာင့္ေရွာက္မစေနတယ္ဆိုတာ သိထားၿပီး သံသယမဝင္ဘဲ သင္လုပ္တဲ့အရာတိုင္းမွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိဖို႔လိုပါတယ္။

နံပါတ္ (၂) – ကိုယ့္ကိုယ္ကို ခ်စ္ပါ

မိမိကိုယ္ကို ခ်စ္ျခငး္ဟာ သင့္ဘဝရဲ့ အေျခခံအုတ္ျမစ္ျဖစ္ပါတယ္။ သင့္ကိုယ္သင္ခ်စ္ပါ၊ သင့္ကိုသင္ခြင့္လႊတ္ပါ၊ သင္ကိုသင္လက္ခံပါ ဒါဆိုရင္ေတာ့သင္ရဲ့ စိတ္ခြန္အားဟာ ႀကီးလာမွာျဖစ္ၿပီး သူတစ္ပါးကိုလည္း အားအင္ေတြ ျပန္လည္ေဝမၽွနိုင္လာမွာ ျဖစ္ပါတယ္။

ခ်စ္ျခင္းေမတၱာေတြ အားလုံးဟာ အတြငး္ထဲက လာတာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ကိုသင္ ခ်စ္နိုင္မွ သူတစ္ပါးကို ခ်စ္နိုင္မွာျဖစ္သလို၊ သူတစ္ပါးကို ခ်စ္ျခင္းေမတၱာ ထားတတ္သြားတဲ့အခါ ကံေကာင္းျခငး္ေတြ၊ ေအာင္ျမင္မႈေတြက သင့္ဆီကို အလိုလိုေရာက္လာမွာျဖစ္ပါတယ္။

နံပါတ္ (၃) – သင့္ကို ေပ်ာ္ရႊင္ေစမယ့္အရာကို လုပ္ပါ

ေပ်ာ္ရႊင္မႈဟာ သင့္အတြက္ အေရးႀကီးဆုံးအရာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ကို ေပ်ာ္ရႊင္ေစမယ့္ အရာေတြကို ျပဳလုပ္ပါ။ ေပ်ာ္ရႊင္မႈဆိုတဲ့ ေနရာမွာ ေကာငး္ေသာ ေပ်ာ္ရႊင္မႈေတြကိုသာ ဆိုလိုတာျဖစ္ပါတယ္။ မေကာငး္တဲ့အရာေတြ၊ မလုပ္သင့္တဲ့ အရာေတြနဲ႔

ေပ်ာ္ရႊင္မႈကို ရွာေဖြတဲ့အခါမွာ ခဏတာေတာ့ ေပ်ာ္ရႊင္ရမယ္ဆိုေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဝမး္နည္းျခငး္နဲ႔သာ အဆုံးသတ္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ သူတစ္ပါးကို ကူညီတာမ်ိဳး၊ အလႉေလးေတြ လုပ္တာမ်ိဳး၊

သူတစ္ပါးကို ေမတၱာျပတာမ်ိဳးေတြနဲ႔ ေပ်ာ္ရႊင္မႈကို ရွာေဖြလိုက္ပါ။ ဒါဆိုရင္ေတာ့ သင္ကိုယ္တိုင္လညး္ ေပ်ာ္ရႊင္ရမယ့္အျပင္ ကံေကာင္းျခင္းေတြ၊ ေအာင္ျမင္ျခင္းေတြလညး္ သင့္ဆီကို အလိုလိုေရာက္လာမွာျဖစ္ပါတယ္။

နံပါတ္ (၄) – သူတစ္ပါးနဲ႔ ကိုယ့္ကိုယ္မယွဥ္ပါနဲ႔

ဒီကတ္ကို ေရြးခ်ယ္လိုက္တဲ့ သင္ဟာ သူတစ္ပါးနဲ႔ ကိုယ့္ကိုယ္ကို ႏွိုင္းယွဥ္တာေတြ မလုပ္ဖို႔ လိုပါတယ္။ ႏွိုင္းယွဥ္တယ္ဆိုတာဟာ လုံးဝကို မလုပ္သင့္တဲ့အရာျဖစ္ပါတယ္။ သူတစ္ပါးနဲ႔ ကိုယ့္ကိုယ္ကို ႏွိုင္းယွဥ္လိုုက္တဲ့အခါ ဘာေကာင္းက်ိဳးမွ မရတဲ့အျပင္

ပူေလာင္မႈေတြ၊ စိတ္ညစ္မႈေတြ၊ မနာလိုမႈေတြနဲ႔ တျခားေသာ စိတ္ညစ္စရာေတြကိုသာ ရရွိလာရတတ္ပါတယ္။ ဒါေၾကာင့္ သင္ဟာ သင္ပါပဲ၊ သူမ်ားဟာ သူမ်ားပါပဲ။ သူတစ္ပါးနဲ႔ ယွဥ္ၿပီး

ပူေလာင္ေနမယ့္အစား ဘာကိုမွ ေခါင္းထဲမထားပဲ လြတ္လြတ္လပ္လပ္ သက္သက္သာသာေနလိုက္တာနဲ႔ ကံေကာင္းျခင္းေတြ၊ ေအာင္ျမင္မႈေတြ ေရာက္လာမွာျဖစ္ပါတယ္။

နံပါတ္ (၅) – ၿငိမ္းခ်မ္းမႈကို ရွာေဖြပါ

သင္ဟာ စိတ္တို၊ စိတ္ဆတ္ၿပီး ေဒါသႀကီးတဲ့သူ တစ္ေယာက္ျဖစ္ေနခဲ့ရင္ စိတ္ေလးကို ေလၽွာ့ၿပီး ၿငိမ္းခ်မ္းမႈကို ရွာေဖြပါ။ သင့္စိတ္က ၿငိမ္းခ်မး္ေလေလ သူတစ္ပါးကိုလည္း ၿငိမ္းခ်မး္မႈေပးေလေလပဲျဖစ္ပါတယ္။ ေဒါသထြက္လာတဲ့အခါမွာလည္း

ေဒါသေလးကို ေလၽွာ့ၿပီး ေအးခ်မ္းတဲ့စိတ္ေလးကို ျပန္တည္ေဆာက္လိုက္ပါ။ သင့္ဘက္က ၿငိမ္းခ်မ္းေလေလ သင့္ဆီကို ကံေကာင္းျခင္းေတြ၊ ေပ်ာ္ရႊင္ျခင္းေတြအျပင္ ေအာင္ျမင္ျခင္းေတြလည္း ေရာက္လာမွာျဖစ္ပါတယ္။

credit to

Em Em