Knowledge
သင်ရွေးချယ်တဲ့လိပ်ပြာပုံလေးက ပြောပြမဲ့ သင်ရဲ့အကြောင်းကို အပီအပြင်ပြောပြမယ်ဆိုရင်
သင်ရွေးချယ်တဲ့လိပ်ပြာပုံလေးက ပြောပြမဲ့ သင်ရဲ့အကြောင်းကို အပီအပြင်ပြောပြမယ်ဆိုရင်
၁။ သင်ဟာ ဆက်ဆက်ထိမခံသူလေးဖြစ်ပြီး ရိုးသားတဲ့သူလေးဖြစ်ပါတယ်။
ဒီပုံလေးကို ရွေးချယ်လိုက်ရင်တော့ သင်ဟာ ဆက်ဆက်ထိမခံသူ၊ ရိုးသားသူ၊ ရိုမန့်တစ်ဆန်သူဖြစ်ပါတယ်။ သင်နဲ့မသိတဲ့သူတွေအပေါ်မှာလည်း သင်ရိုးသားတယ်။လူတွေကို သင့်လိုပဲလို့ ထင်တတ်တယ်။ တခြားသူတွေ သင့်ရှေ့မှာ အကူအညီလိုနေတဲ့အခါ၊
သင့်ရှေ့မှာ ဝမ်းနည်းနေတဲ့အခါ သိပ်ကို ခံစားရတတ်တယ်။တစ်ခြားသူကို ကူညီတတ်တဲ့ သဘောသဘာဝ ရှိတယ်။ ဒါပေမယ့် သင့်ကိုယ်သင် ဂရုစိုက်သင့်တယ်လို့ အကြံပြုချင်ပါတယ်
၂။ သင်ဟာအေးချမ်းတယ်
သင်ဟာ အေးချမ်းပြီး လူတွေနဲ့ သဟဇာတဖြစ်တယ်။ တည်ကြည်တဲ့မျက်နှာသွင်ပြင်ရှိတယ်။ သင့်ဟာ မျှတတဲ့ သူဖြစ်တယ်။ သင့်ဘဝကိုလည်း သင်လေးစားတယ်။ သင့်ရဲ့ personal ဘဝနဲ့ သင်ရဲ့ အလုပ်ကို ညီမျှအောင် လုပ်တတ်တယ်။ ဒီလိုညီမျှအောင်လုပ်တာက သင့်ကို ပျော်ရွှင်စေတယ်လို့ ခံယူထားတယ်။
၃။ သင်ဟာ တီထွင်ဆန်းသစ်မှုကောင်းတယ်
သင်ဟာအလှတရားကို မြတ်နိုးတယ်။ တီထွင်ဆန်းသစ်မှုကောင်းတယ်။ တစ်ခြားသူတွေကိုလည်း အလှဆုံးမြင်တတ်တယ်။ ဘဝကို နားလည်ဖို့အတွက် ဝေဖန်ဆန်းစစ်တတ်တယ်။အလုပ်မှာလည်း တော်တယ်။ အချိန်မှီအလုပ်ကို ပီးအောင်လုပ်နိုင်တယ်။ အလုပ်အတွက် သိပ်ပြီး စိတ်ဖိစီးလေ့မရှိဘူး။
၄။ သင်ဟာ ရည်ရွယ်ချက်ကြီးမားတဲ့သူဖြစ်တယ်
သင်ဟာ ရည်ရွယ်ချက်ကြီးမားတယ်။ ပန်းတိုင်မြင့်မြင့်ထားတယ်။ ပျင်းရိတာကို လုံးဝမကြိုက်သလို သင်ကိုယ်တိုင်လည်း အလုပ်ကြိုးစားတဲ့သူဖြစ်တယ်။ သင်ဟာ ပန်းတိုင်နဲ့ အနီးဆုံးဖြစ်နေပြီဆိုတာ ပြသလေ့ရှိတယ်။
၅။ စိတ်အားထက်သန်တယ်
သင်ဟာ စိတ်အားထက်သန်တဲ့သူဖြစ်တယ်။ သင်လုပ်တဲ့အရာအားလုံးအပေါ် သင်နှစ်သက်တယ်။ သင့်ဘဝရဲ့ ရည်ရွယ်ချက် အိမ်မက်တွေက သင့်အတွက် အတွေ့အကြုံတွေအများကြီးဖြစ်စေတယ်။ ပျင်းရိတာကို လုံးဝမကြိုက်ဘူး။ အလုပ်ကြိုးစားပြီး အချိန်မှီလုပ်ချင်ပေမယ့် တစ်ခါတလေ အချိန်မှီပြီးဖို့ ရုန်းကန်နေရတတ်တယ်။
၆။ လက်တွေ့ကြတယ်
သင်ဟာ လက်တွေ့ကျပြီး ပညာရှိတယ်။ သင့်အနားကလူတွေက သင့်အပေါ် ရိုးသားမှု၊ အပြုသဘောတောင်တဲ့ အကြံဉာဏ်ပေးဖို့(သို့) ဝေဖန်ဖို့အတွက် ချဉ်းကပ်လာတတ်တယ်။ ဘာလို့လဲဆိုတော့ အခြေအနေတစ်ခုကနေ ကိုယ်ကျင့်တရားကောင်းဖို့လည်း အမြဲတမ်း ကြိုးစားတယ်။
credit
Zawgyi
၂။ သင်ဟာအေးချမ်းတယ်
၅။ စိတ်အားထက်သန်တယ်
၆။ လက်တွေ့ကြတယ်
credit