Knowledge

၂၀၂၁ခုနှစ်အတွက်ဒုတိယနှစ်ဝက်ဟောကိန်းများ

“၆လပိုင်း လဝက်မှ နှစ်ကုန်အထိ ဒုတိယနှစ်ဝက်စာ မြန်မာနှင့်ကမ္ဘာ့နိုင်ငံရေး ကြိုတင်ဟောကိန်းများ

ပြည်ပနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများမှအပြုသဘောဆောင်သော သတင်းစကားကောင်းများကြားရလိမ့်မည်။ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ဆိုင်သောစာချုပ်စာတမ်းများ အကူအညီအထောက်အပံများရရှိလိမ့်မည်။

ဥပဒေနှင့်မလွတ်ကင်းသောလုပ်ငန်းကြီးများ ပေါ်ပေါက် ဖျက်သိမ်းခံရလိမ့်မည်။လက်နက်နှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများတရားခံများ ယခုထက်ပိုမို၍ အများအပြားဖမ်းဆီးရမိလိမ့်မည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့အပြုသဘောဆောင်သော ထုတ်ပြန်ချက်များ ထုတ်ပြန်လိမ့်မည်

သို့သော် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလက်နက်ကိုင်များ ရှိရာဒေသများတွင်တိုက်ပွဲများပိုမိုဖြစ်ပွားလိမ့်မည်။မြို့ကြီးများတွင် ဖောက်ခွဲဖျက်ဆီးရေးဖြစ်စဉ်များ အမြောက်အများထပ်မံ့ပေါ်ပေါက်လိမ့်မည်။လက်ရှိအစိုးရထံသို့ စစ်လက်နက်ပစ္စည်းနှင့်ပတ်သက်သောအကူအညီများ ပြည်ပနိုင်ငံများမှရရှိတတ်မည်

ဘဏ်လုပ်ငန်းများနှင့်ပတ်သက်သောအကြပ်အတည်းများ ထပ်မံ့ဖြစ်ပေါ်လိမ့်မည်။ကူးစက်ရောဂါနှင်ပတ်သက်သော ပျံနှံဖြစ်ပွားမှုပိုမိုများပြားလာလိမ့်မည်။စက်ရုံများ စာသင်ကျောင်းများ ပိတ်ထားရလိမ့်မည်။တကြော့ပြန် ဆူပူဆန္ဒပြမှုများ နေရာအနှံအပြားတွင်ထပ်မံ့ပေါ်ပေါက်လာပါလိမ့်မည်။

ထင်ရှားသောပုဂ္ဂိုလ်များ၊အထင်ကရပုဂ္ဂိုလ်ကြီး များ၏နာရေးသတင်းများ ကြားရလိမ့်မည်။ဆန်၊ဆီ၊ဆေးဝါးနှင့် ပတ်သက်သော နေရာများတွင် ပေါက်ကွဲမှုနှင့်မီးလောင်ကျွမ်းမှုဖြစ်စဉ်များဖြစ်ပေါ်တတ်မည်။လေဆိပ်ကဲ့သို့သော နေရာများတွင် လုပ်ကြံမှုတခုဖြစ်ပေါ်လိမ့်မည်။

စက်သုံးဆီ၊စားသောက်ကုန်များ ကုန်ဈေးနှုန်းကြီးမြင့်ရှားပါးလိမ့်မည်။အစိုးရဟောင်းအတွင်းမှ ထင်ရှားသောပုဂ္ဂိုလ်များ၏ နာရေးသတင်းများ ကြားရလိမ့်မည်။NLD အပါအဝင်တခြားပါတီနှစ်ခုထက်ပို၍ ဖျက်သိမ်းခံရလိမ့်မည်။

တခြားပါတီကြီးတခုမှ ခေါင်းဆောင်ပြောင်းလဲခြင်း သို့မဟုတ် ရုတ်တရက်ကွယ်လွန်ခြင်းဖြစ်လိမ့်မည်(မည်သည့်ပါတီဟု မဆိုလိုပါ)ပြည်တွင်းလေကြောင်း ခရီးစဉ်တခုမှ လူသေဆုံးမှု ဖြစ်စဉ် ထပ်မံ့ပေါ်ပေါက်မည်။ပြည်တွင်းပြည်ပ ရေယာဉ်အချို့ မီးလောင်နစ်မြှုပ်လိမ့်မည်။

ပြည်ပနိုင်ငံနှစ်ခု စစ်မက်ဖြစ်ပွားလိမ့်မည်။တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှုထပ်မံဖြစ်ပွားလိမ့်မည်။ကူးစက်ရောဂါ အသစ်တမျိုး တရုတ်ပြည်တွင်ထပ်မံ့ဖြစ်ပွားလိမ့်မည်။ရုရှားနိုင်ငံတွင် လက်နက်ဆန်းတမျိုး မိတ်ဆက်ပြသလိမ့်မည်။

ရေဘေး၊လေမုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်တွင်း ပြည်ပလူအသေအပျောက်များလိမ့်မည်။ကမ္ဘာအရှေ့အလယ်ပိုင်းဒေသတွင် လူထောင်ပေါင်းများစွာ သေဆုံးတတ်သော ကပ်ဘေးတမျိုးကျရောက်လိမ့်မည်။

ပြည်တွင်းပြည်ပ ရေကာတာကြီးများ ၊ဆည်ကြီးများ ရုတ်တရက် ကျိုးကျပျက်စီးလိမ့်မည်။စားနပ်ရိက္ခာရှားပါးမှု ပြဿနာ ကမ္ဘာနှင့်ချီပြီးရင်ဆိုင်ရမည်။အစစအရာရာ ဂရုစိုက်ကြပါခင်ဗျာ….တချို့နိုင်ငံရေးဟောကိန်းအချို့ Pageတွင်တင်ထားပြီးဖြစ်သဖြင့် ချန်လှပ်ထားခဲ့ပါသည်။

အေးချမ်းပါစေမြန်မာပြည်

Credit

Zawgyi













Credit