Knowledge

သင့်အတွက် ဘယ်လိုချစ်သူမျိုး လိုအပ်နေလဲဆိုတာ ပြောပြပေးမယ်

သင့်အတွက် ဘယ်လိုချစ်သူမျိုး လိုအပ်နေလဲဆိုတာ ပြောပြပေးမယ်

နံပါတ် ၁

သင်ဟာ မိမိချစ်သူနဲ့ ရာသက်ပန်လက်တွဲသွားချင်တဲ့ စိတ်ဆန္ဒအပြည့်ရှိပါတယ်။ ဒါ့အပြင် သူ့ဘက်က သင့်ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့အပြင် အမှတ်တရနေ့လေးတွေမှာ

အံ့သြအောင်လုပ်ပေးတာမျိုး၊ ပန်းလေးတွေပေးတာမျိုး အစရှိတဲ့ ရိုမန်တစ်ဆန်တဲ့အပြုအမှုလေးတွေကို မျှော်လင့်နေတတ်ပါတယ်။ ဒါကြောင့် သင်လိုအပ်နေတာက သင့်ကို ကြင်ကြင်နာနာနဲ့ ချစ်ပေးနိုင်ပြီး တန်ဖိုးထားတတ်တဲ့ ချစ်သူမျိုးပါ။

နံပါတ် ၂

သင်ဟာ သင့်ခံစားချက်တွေကို အမြဲထိန်းချုပ်ပြီး ဖုံးကွယ်ထားတတ်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာ တစ်ဖက်လူက သင့်အပေါ် အမြဲအသာစီး အနိုင်ရနေတတ်ပြီး သင်ဘက်က

နာကျင်မှုတွေပဲ ရနေတတ်ပါတယ်။ ဒါကြောင့် သင့်စိတ်ကို နားလည်ပေးပြီး သင့်ဘက်က လိုလိုလားလား သင့်ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုနိုင်ရလောက်အောင် ယုံကြည်စိတ်ရလောက်တဲ့ ချစ်သူမျိုး လိုအပ်ပါတယ်။

နံပါတ် ၃

သင်လိုအပ်နေတာကတော့ သင့်ကိုကူညီဖေးမပြီး ဂရုစိုက်နိုင်တဲ့ ချစ်သူမျိုးပါ။ ပြောရမယ်ဆိုရင် အဖေလိုတစ်မျိုး ၊ အစ်ကိုလိုတစ်မျိုး သင့်ကိုချစ်ပြီး စောင့်ရှောက်ပေးနိုင်တဲ့အပြင် ပြဿနာတွေကြုံလာရင် အရှေ့မှာမားမားမတ်မတ် ကူညီဖြေရှင်းပေးနိုင်တဲ့လူမျိုးပေါ့။

နံပါတ် ၄

လူတစ်ယောက်မှာ လွတ်လပ်ပိုင်ခွင့်ရှိတယ်ဆိုတာ လက်ခံထားတဲ့သင်ဟာ သင့်ကို ချုပ်ချယ်ပြီး ထိန်းချုပ်တတ်တဲ့ ချစ်သူတစ်ယောက်နဲ့ လုံးဝပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်လိုအပ်နေတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ နားလည်မှု အပြည့်ရှိပြီး ရင့်ကျက်တဲ့ချစ်သူမျိုးပါ။

နံပါတ် ၅

သင်ဟာ ချစ်သူမလိုအပ်ဘဲ သင်တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနိုင်တဲ့အထိ သန်မာတဲ့အမျိုးသမီးတစ်ယောက်ပါ။ သင်ဟာ လွတ်လပ်မှုကို မြတ်နိုးပြီး သင့်လွတ်လပ်မှုကို ဘယ်သူကြောင့်မှ

စွန့်လွှတ်ရတာမျိုး မလိုလားပါဘူး။ တကယ်လို့ သင်မှာ ချစ်သူရှိလာပြီဆိုရင်လည်း သူက သင့်လွတ်လပ်မှုကို နားလည်ပေးနိုင်တဲ့သူမျိုး ဖြစ်ရမယ်လို့ ခံယူထားပါတယ်။

credit to lotaya

Zawgyi

သင့္အတြက္ ဘယ္လိုခ်စ္သူမ်ိဳး လိုအပ္ေနလဲဆိုတာ ေျပာျပေပးမယ္

နံပါတ္ – ၁

သင္ဟာ မိမိခ်စ္သူနဲ႔ ရာသက္ပန္လက္တြဲသြားခ်င္တဲ့ စိတ္ဆႏၵအျပည့္ရွိပါတယ္။ ဒါ့အျပင္ သူ႔ဘက္က သင့္ကို အရမ္းခ်စ္ၿပီး ဂ႐ုစိုက္တဲ့အျပင္ အမွတ္တရေန႔ေလးေတြမွာ

အံ့ၾသေအာင္လုပ္ေပးတာမ်ိဳး၊ ပန္းေလးေတြေပးတာမ်ိဳး အစရွိတဲ့ ရိုမန္တစ္ဆန္တဲ့အျပဳအမႈေလးေတြကို ေမၽွာ္လင့္ေနတတ္ပါတယ္။ ဒါေၾကာင့္ သင္လိုအပ္ေနတာက သင့္ကို ၾကင္ၾကင္နာနာနဲ႔ ခ်စ္ေပးနိုင္ၿပီး တန္ဖိုးထားတတ္တဲ့ ခ်စ္သူမ်ိဳးပါ။

နံပါတ္ ၂

သင္ဟာ သင့္ခံစားခ်က္ေတြကို အျမဲထိန္းခ်ဳပ္ၿပီး ဖုံးကြယ္ထားတတ္ပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးမွာ တစ္ဖက္လူက သင့္အေပၚ အျမဲအသာစီး အနိုင္ရေနတတ္ၿပီး သင္ဘက္က

နာက်င္မႈေတြပဲ ရေနတတ္ပါတယ္။ ဒါေၾကာင့္ သင့္စိတ္ကို နားလည္ေပးၿပီး သင့္ဘက္က လိုလိုလားလား သင့္ခံစားခ်က္ေတြကို ရင္ဖြင့္ေျပာဆိုနိုင္ရေလာက္ေအာင္ ယုံၾကည္စိတ္ရေလာက္တဲ့ ခ်စ္သူမ်ိဳး လိုအပ္ပါတယ္။

နံပါတ္ ၃

သင္လိုအပ္ေနတာကေတာ့ သင့္ကိုကူညီေဖးမၿပီး ဂ႐ုစိုက္နိုင္တဲ့ ခ်စ္သူမ်ိဳးပါ။ ေျပာရမယ္ဆိုရင္ အေဖလိုတစ္မ်ိဳး ၊ အစ္ကိုလိုတစ္မ်ိဳး သင့္ကိုခ်စ္ၿပီး ေစာင့္ေရွာက္ေပးနိုင္တဲ့အျပင္ ျပႆနာေတြၾကဳံလာရင္ အေရွ႕မွာမားမားမတ္မတ္ ကူညီေျဖရွင္းေပးနိုင္တဲ့လူမ်ိဳးေပါ့။

နံပါတ္ ၄

လူတစ္ေယာက္မွာ လြတ္လပ္ပိုင္ခြင့္ရွိတယ္ဆိုတာ လက္ခံထားတဲ့သင္ဟာ သင့္ကို ခ်ဳပ္ခ်ယ္ၿပီး ထိန္းခ်ဳပ္တတ္တဲ့ ခ်စ္သူတစ္ေယာက္နဲ႔ လုံးဝေပ်ာ္နိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင္လိုအပ္ေနတာက တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈ၊ နားလည္မႈ အျပည့္ရွိၿပီး ရင့္က်က္တဲ့ခ်စ္သူမ်ိဳးပါ။

နံပါတ္ ၅

သင္ဟာ ခ်စ္သူမလိုအပ္ဘဲ သင္တစ္ေယာက္တည္း ဘဝကို ျဖတ္သန္းနိုင္တဲ့အထိ သန္မာတဲ့အမ်ိဳးသမီးတစ္ေယာက္ပါ။ သင္ဟာ လြတ္လပ္မႈကို ျမတ္နိုးၿပီး သင့္လြတ္လပ္မႈကို ဘယ္သူေၾကာင့္မွ

စြန႔္လႊတ္ရတာမ်ိဳး မလိုလားပါဘူး။ တကယ္လို႔ သင္မွာ ခ်စ္သူရွိလာၿပီဆိုရင္လည္း သူက သင့္လြတ္လပ္မႈကို နားလည္ေပးနိုင္တဲ့သူမ်ိဳး ျဖစ္ရမယ္လို႔ ခံယူထားပါတယ္။

credit to lotaya