Local News

သင်ရွေးချယ်လိုက်တဲ့ လက်ဝတ်လက်စားက ပြောပြပေးမယ့် သင့်စိတ်ကူးထဲက အမျိုးသားပုံစံ

သင်ရွေးချယ်လိုက်တဲ့ လက်ဝတ်လက်စားက ပြောပြပေးမယ့် သင့်စိတ်ကူးထဲက အမျိုးသားပုံစံ

(၁) လက်စွပ်

လက်စွပ်ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်တာဝန်ကိုယ်ကျေပွန်ပြီး ယောကျာ်းပီသတဲ့အမျိုးသားမျိုးကို သဘောကျပါတယ်။ ဒါ့အပြင် တစ်ဖက်အမျိုးသားက စကားပြောတဲ့နေရာမှာ ဖော်ဖော်ရွေရွေပြောနိုင်ရမှာဖြစ်ပြီး သူ့မိသားစုနဲ့သူငယ်ချင်းတွေကို လေးစားမူရှိတဲ့ယောကျာ်းမျိုးဖြစ်ရပါမယ်။

(၂) လက်ကောက်

လက်ကောက်ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ စိတ်ကူးဉာဏ်ကွန့်မြူးတက်တဲ့အမျိုးသားမျိုးကို သဘောကျပါတယ်။ ဒါ့အပြင် တစ်ဖက်အမျိုးသားက အပျော်အပါးထက် သင်နဲ့တူတူရှိနေရတာကိုပိုသဘောကျတက်ပြီး သင့်ကိုမရိုးနိုင်တဲ့ဟာသတွေနဲ့ပျော်ရွှင်အောင်ထားတက်တဲ့ ယောကျာ်းမျိုးဖြစ်ရပါမယ်။

(၃) ရင်ထိုး

ရင်ထိုးကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ရိုးသားကြိုးစားတဲ့အမျိုးသားမျိုးကို သဘောကျတက်ပါတယ်။ သင့်အတွက် ငွေကြေးဥစ္စာတွေမလိုအပ်ပါဘူး။ အချစ်ကသာလျှင် သင့်အတွက်အရေးပါဆုံးဖြစ်တဲ့အတွက် သင့်ကိုရဖို့ဆိုရင် တစ်ဖက်လူက သင့်အပေါ်အချစ်စစ်နဲ့ချစ်တက်တဲ့အမျိုးသားမျိုးဖြစ်ရပါမယ်။

(၄) နားဆွဲ

နားဆွဲကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ စိတ်ဓာတ်မာကြောပြီး ကိုယ့်ကိုယ်ကိုယုံကြည်မူရှိတဲ့အမျိုးသားမျိုးကို သဘောကျတက်ပါတယ်။ သင်ဟာ အလွယ်တကူ သနားကြင်နာပြီး ယုံကြည်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် တစ်ခြားလူတွေက သင့်ကိုထိခိုက်အောင်လုပ်တာမျိုးကို ကာကွယ်ပေးမယ့် အမျိုးသားမျိုးကို လိုချင်တောင့်တတာပါ။

(၅) လည်ဆွဲ

လည်ဆွဲကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ နားလည်ရခက်ပြီး လျှို့ဝှက်တက်တဲ့ အမျိုးသားမျိုးကိုသဘောကျတက်ပါတယ်။ သင်ဟာ လျှို့ဝှက်နက်နဲတဲ့အရာတွေကို စူးစမ်းရှာဖွေလိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် တစ်ဖက်အမျိုးသားကလည်း လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတာမျိုးကို သဘောကျတက်ပါတယ်။

credit to lotaya

Zawgyi


(၁) လက်စွပ်


(၂) လက်ကောက်


(၃) ရင်ထိုး


(၄) နားဆွဲ


(၅) လည်ဆွဲ


credit to lotaya