Local News

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူ

မြန်မာ့တပ်မတော်၏ အာဏာသိမ်းယူမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပသွားမည် ဖြစ်ကြောင်း လက်ရှိ လုံခြုံရေးကောင်စီဥက္ကဋ္ဌနေရာ ရယူထားသည့် ဗြိတိန်နိုင်ငံက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအားအကြောင်းကြားထားပြီး ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝေါ့ဒ်က ပြောကြားခဲ့သည်။

ထို့အပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆင့်ခေါ်ပြီးတပ်မတော်၏ အာဏာသိမ်းယူမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းထားမှုမှ ပြန်လွှတ်ပေးရန်နှင့် ၎င်းတို့၏ လုံခြုံရေးကို အာမခံပေးရန် တောင်းဆိုကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ​ပြန်လည်ရောက်ရှိရေးအတွက် ဗြိတိန်အစိုးရက နိုင်ငံတကာနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားထားသည်။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဖိအားပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းယူမှုအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်ဘက်အစိုးရ တာဝန်ရှိများအား ဖမ်းဆီးခြင်း၊အရေးပေါ်အခြေအနေ ကြေညာခြင်းတို့သည် နိုင်ငံ၏ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး အသွင်ကူးပြောင်းနေမှုကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ်အရ ပြည်သူများက ရွေးချယ်ထားသည့် ဆန္ဒသဘောထားကို ပယ်ဖျက်ရန် ကြိုးစားမှု သို့မဟုတ် ယုံကြည်ရသောရွေးကောက်ပွဲတစ်ခု၏ ရလဒ်ကို ပယ်ဖျက်ရန် ကြိုးစားမှုများ မလုပ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

နိုင်ငံတကာအနေ​ဖြင့် အာဏာသိမ်းယူထားသော တပ်မ​တော်ကို ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ရာ၌ ပူးပေါင်း ပါဝင်ကြရန်လည်း ဘိုင်ဒင်က တိုက်တွန်းထားသည်။

credit eleven media

Zawgyi

ျမန္မာ့တပ္မေတာ္၏ အာဏာသိမ္းယူမႈႏွင့္ ပတ္သက္၍ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက အေရးေပၚ အစည္းအေဝးတစ္ရပ္က်င္းပသြားမည္ ျဖစ္ေၾကာင္း လက္ရွိ လုံၿခဳံေရးေကာင္စီဥကၠ႒ေနရာ ရယူထားသည့္ ၿဗိတိန္ႏိုင္ငံက ေျပာၾကားခဲ့သည္။ေဖေဖာ္ဝါရီလ ၂ ရက္တြင္ အေရးေပၚအစည္းအေဝးတစ္ရပ္ က်င္းပရန္ စီစဥ္ထားၿပီး လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံမ်ားအား၊

အေၾကာင္းၾကားထားၿပီး ျဖစ္ေၾကာင္း ၿဗိတိန္ႏိုင္ငံဆိုင္ရာ ကုလသမဂၢ သံအမတ္ႀကီး ဘာဘရာဝုဒ္ေဝါ့ဒ္က ေျပာၾကားခဲ့သည္။ထို႔အျပင္ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ ဦးေက်ာ္စြာမင္းကို ေဖေဖာ္ဝါရီ ၁ ရက္တြင္ ဆင့္ေခၚၿပီး။

တပ္မေတာ္၏ အာဏာသိမ္းယူမႈႏွင့္ ပတ္သက္၍ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း ေျပာၾကားခဲ့သည္ဟု အဆိုပါဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အရပ္သားမ်ားအား ဖမ္းဆီးထိန္းသိမ္းထားမႈမွ ျပန္လႊတ္ေပးရန္ႏွင့္ ၎တို႔၏ လုံၿခဳံေရးကို အာမခံေပးရန္ ေတာင္းဆိုေၾကာင္း သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ​ျပန္လည္ေရာက္ရွိေရးအတြက္ ၿဗိတိန္အစိုးရက ႏိုင္ငံတကာႏွင့္အတူ ပူးေပါင္း ေဆာင္႐ြက္သြားမည္ဟုလည္း ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံအေရးႏွင့္ ပတ္သက္၍ ဖိအားေပးရန္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ကလည္း ေဖေဖာ္ဝါရီ ၁ ရက္တြင္ ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့သည္။ျမန္မာႏိုင္ငံတြင္ တပ္မေတာ္က အာဏာသိမ္းယူမႈအျပင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အျခားအရပ္ဘက္အစိုးရ တာဝန္ရွိမ်ားအား ဖမ္းဆီးျခင္း၊

အေရးေပၚအေျခအေန ေၾကညာျခင္းတို႔သည္ ႏိုင္ငံ၏ ဒီမိုကေရစီႏွင့္ တရားဥပေဒစိုးမိုးေရး အသြင္ကူးေျပာင္းေနမႈကို ဖ်က္ဆီးလိုက္ျခင္းျဖစ္ေၾကာင္း အေမရိကန္သမၼတက ေျပာၾကားခဲ့သည္။

ဒီမိုကေရစီစနစ္အရ ျပည္သူမ်ားက ေ႐ြးခ်ယ္ထားသည့္ ဆႏၵသေဘာထားကို ပယ္ဖ်က္ရန္ ႀကိဳးစားမႈ သို႔မဟုတ္ ယုံၾကည္ရေသာေ႐ြးေကာက္ပြဲတစ္ခု၏ ရလဒ္ကို ပယ္ဖ်က္ရန္ ႀကိဳးစားမႈမ်ား မလုပ္သင့္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေျပာၾကားထားသည္။

ႏိုင္ငံတကာအေန​ျဖင့္ အာဏာသိမ္းယူထားေသာ တပ္မ​ေတာ္ကို ဖိအားေပး ေတာင္းဆိုမႈမ်ား ျပဳလုပ္ရာ၌ ပူးေပါင္း ပါဝင္ၾကရန္လည္း ဘိုင္ဒင္က တိုက္တြန္းထားသည္။

credit eleven media