Local News

အတိုင်ပင်ခံအပေါ်စွဲထားသည့် ပုဒ်မ နှင့်ပတ်သက်၍ ရုပ်တည်မရှိသော နောက်တိုးသက်သေ တပ်တင်

အတိုင်ပင်ခံအပေါ်စွဲထားသည့် ပုဒ်မ နှင့်ပတ်သက်၍ ရုပ်တည်မရှိသော နောက်တိုးသက်သေ တပ်တင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီကနေ စွဲဆိုထားတဲ့ အမှုတွေထဲကနေ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ စွဲဆိုထားတဲ့အမှုအတွက် ဒီနေ့ရုံးချိန်းမှာ တရားလိုတွေဘက်က နောက်တိုး သက်သေ ထပ်တင်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်

စက်တင်ဘာလ ၂၀ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်ရှေ့နေ ဒေါ်မင်းမင်းစိုးက အမေစုကို စွဲထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုကို အမှုစစ်ကို စစ်တယ်။ တရားလိုပြ သက်သေတွေကတော့ အကုန်လုံးပြီးသွားပြီ စစ်ပြီးတဲ့အခါမှာသူတို့ဘက်က နောက်တိုး

သက်သေတင်တဲ့ အတွက်ကြောင့် ကျမတို့ဘက်က ကန့်ကွက်တယ်။ နှစ်ဖက်လျောက်လဲချက်ကို နောက်ရုံးချိန်းမှာ ပေးမယ်ဆိုပြီး ချိန်းတယ် လို့ ပြောပါတယ်ဒါအပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေအမှုကို စစ်ဆေးခဲ့ပေမယ့် မပြီးသေးဘဲ သက်သေခံစာရွက်ကို မိတ္တူကူးဖို့ လိုအပ်နေလို့ဆိုပြီး နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုမှာလည်း တရားလိုပြသက်သေ မလာတဲ့အတွက် မစစ်ဖြစ်ဘဲ နောက်ရုံးချိန်းမှာ ဆက်လက် စစ်ဆေးမယ်လို့ ဆိုပါတယ်ဒီနေ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုမှာ တရားလိုအပါအဝင

တရားလိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်တဲ့အတွက် စွဲချက်လျောက်လဲချက် နှစ်ဖက် ကြားနာဖို့ကိုလည်း နောက်ရုံးချိန်းမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရှေ့နေက ပြောပါတယ် အမှုတွေအတွက် နောက်ရုံးချိန်းကို စက်တင်ဘာ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ် Ref: DVB

Credit

Zawgyi

အတိုင္ပင္ခံအေပၚစြဲထားသည့္ ပုဒ္မ ႏွင့္ပတ္သက္၍ ႐ုပ္တည္မရွိေသာ ေနာက္တိုးသက္ေသ တပ္တင္

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီကေန စြဲဆိုထားတဲ့ အမႈေတြထဲကေန ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ နဲ႔ စြဲဆိုထားတဲ့အမႈအတြက္ ဒီေန႔႐ုံးခ်ိန္းမွာ တရားလိုေတြဘက္က ေနာက္တိုး သက္ေသ ထပ္တင္လိုက္တယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္

စက္တင္ဘာလ ၂၀ ရက္ေန႔ ႐ုံးခ်ိန္းမွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္တို႔ကို ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ပါတယ္ေရွ႕ေန ေဒၚမင္းမင္းစိုးက အေမစုကို စြဲထားတဲ့ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ အမႈကို အမႈစစ္ကို စစ္တယ္။ တရားလိုၿပ သက္ေသေတြကေတာ့ အကုန္လုံးၿပီးသြားၿပီ စစ္ၿပီးတဲ့အခါမွာသူတို႔ဘက္က

ေနာက္တိုး သက္ေသတင္တဲ့ အတြက္ေၾကာင့္ က်မတို႔ဘက္က ကန႔္ကြက္တယ္။ ႏွစ္ဖက္ေလ်ာက္လဲခ်က္ကို ေနာက္႐ုံးခ်ိန္းမွာ ေပးမယ္ဆိုၿပီး ခ်ိန္းတယ္ လို႔ ေျပာပါတယ္ဒါအျပင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ အမႈနဲ႔ ပတ္သက္ၿပီး တရားလိုျပသက္ေသအမႈကို စစ္ေဆးခဲ့ေပမယ့္ မၿပီးေသးဘဲ သက္ေသခံစာရြက္ကို မိတၱဴကူးဖို႔ လိုအပ္ေနလို႔ဆိုၿပီး ေနာက္႐ုံးခ်ိန္းမွာ ဆက္လက္စစ္ေဆးမယ္လို႔ သိရပါတယ္

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ အမႈမွာလည္း တရားလိုျပသက္ေသ မလာတဲ့အတြက္ မစစ္ျဖစ္ဘဲ ေနာက္႐ုံးခ်ိန္းမွာ ဆက္လက္ စစ္ေဆးမယ္လို႔ ဆိုပါတယ္ဒီေန႔ ႐ုံးခ်ိန္းမွာ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကို စြဲဆိုထားတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ အမႈမွာ တရားလိုအပါ

အဝငတရားလိုျပသက္ေသေတြ အားလုံးကို စစ္ေဆးၿပီးသြားၿပီျဖစ္တဲ့အတြက္ စြဲခ်က္ေလ်ာက္လဲခ်က္ ႏွစ္ဖက္ ၾကားနာဖို႔ကိုလည္း ေနာက္႐ုံးခ်ိန္းမွာ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ေရွ႕ေနက ေျပာပါတယ္ အမႈေတြအတြက္ ေနာက္႐ုံးခ်ိန္းကို စက္တင္ဘာ ၂၇ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုလိုက္တယ္လို႔ ဆိုပါတယ္ Ref: DVB

Credit