Local News

ထိန်းသိမ်းခံထားရသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ နယ်ကိုယ်စားလှယ်များ ယနေ့ ပြန်လွှတ်မည်

ထိန်းသိမ်းခံထားရသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ နယ်ကိုယ်စားလှယ်များ ယနေ့ ပြန်လွှတ်မည်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD မှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊

တိုင်းနှင့်ပြည်နယ်များမှ လွှတ်တော် ကိုယ်စားလှယ်များကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း တပ်မတော် သတင်းရင်းမြစ်တဦးက ပြောသည်။NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် အပါအဝင်၊

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသည် ၎င်းတို့၏ အိမ်များတွင် နေထိုင်ရမည် ဖြစ်ကြောင်း၊ ဒေသအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ထိုအတိုင်းပင် နေအိမ်တွင်သာ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ဒီနေ့ မနက်ပိုင်းမှာပဲ ကျနော်တို့ ထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကုန်လွှတ်ပေးမယ်။ သူ့အိမ်မှာသူပဲ နေခိုင်းမယ်ဟု ယင်းတပ်မတော် အရာရှိတဦးက ပြောသည်။

နေပြည်တော်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍မူ တိတိကျကျ မသိရသေးပေ။အာဏာသိမ်း အစိုးရသည် မနေ့က အရပ်သားဝန်ကြီးတချို့ ပါဝင်သည့် အစိုးရသစ်တရပ်ကို စတင်ဖွဲ့စည်းခဲ့သည်။

Credit Original writer

Unicode

ထိန်းသိမ်းခံထားရသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ နယ်ကိုယ်စားလှယ်များ ယနေ့ ပြန်လွှတ်မည်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD မှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းနှင့်ပြည်နယ်များမှ လွှတ်တော် ကိုယ်စားလှယ်များကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း တပ်မတော် သတင်းရင်းမြစ်တဦးက ပြောသည်။NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသည် ၎င်းတို့၏ အိမ်များတွင် နေထိုင်ရမည် ဖြစ်ကြောင်း၊ ဒေသအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ထိုအတိုင်းပင် နေအိမ်တွင်သာ နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ဒီနေ့ မနက်ပိုင်းမှာပဲ ကျနော်တို့ ထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကုန်လွှတ်ပေးမယ်။ သူ့အိမ်မှာသူပဲ နေခိုင်းမယ်ဟု ယင်းတပ်မတော် အရာရှိတဦးက ပြောသည်။နေပြည်တော်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍မူ တိတိကျကျ မသိရသေးပေ။အာဏာသိမ်း အစိုးရသည် မနေ့က အရပ်သားဝန်ကြီးတချို့ ပါဝင်သည့် အစိုးရသစ်တရပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ပုံစာ – နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်ရှိသည့် စည်ပင်ရိပ်သာကို ပိတ်ထားသည့် စစ်ကားများ (ဓာတ်ပုံ-ဧရာဝတီ)။

Credit Original writer