Knowledge

စက်တင်ဘာ ၂၁ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်

စက်တင်ဘာ ၂၁ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်

တနင်္ဂနွေ

လူပင်ပန်း၊ စိတ်ပင်ပန်းစရာတွေ များတတ်တဲ့နေ့ ဖြစ်တယ်။ ကျန်းမာရေးလည်း ချူချာသွားတတ်လို့ ဂရုစိုက်ရမယ်။ ရောဂါဝေဒနာအခံရှိသူတွေ အနေအစား

ဆင်ခြင်ရလိမ့်မယ်။ ဒီနေ့မှာ အလုပ်တွေ လည်ပတ်မှု မမှန်ဘဲ လုပ်ရကိုင်ရ ကျပ်တဲ့အခြေအနေတွေ ကြုံရတတ်တယ်။ အလုပ်မှာ ပူပန်ကြောင့်ကျမှုတွေ များနေမယ်။ ငွေကြေးအရလည်း

သိပ်အဆင်မပြေဘဲ ဖြစ်တတ်တယ်။ အကြီးအကဲက ကိုယ့်ကို အထင်လွဲတာမျိုး ခံရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ရှုပ်စရာလေးတွေ ဖြစ်လာနိုင်တယ်။

ကြားလူဝင်တာလည်း ဖြစ်တတ်တယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဆေးဝါးလှူဒါန်းတာမျိုး လုပ်ပေးရမယ်။
ညံ့

တနင်္လာ

ဒီနေ့မှာ အစစအရာရာကို စိတ်မြန်လက်မြန်နဲ့ ဖြေရှင်းချင်စိတ် များလာမယ်။ အလွယ်တကူ ဆုံးဖြတ် လုပ်ကိုင်လို့လည်း အမှားဖြစ်တတ်တယ်။ လူကြီးသူမတွေ၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့

ပြဿနာ ဖြစ်လွယ်တတ်လို့ သတိထားသင့်တယ်။ အလုပ်အကိုင်ရေးမှာတော့ အရင်ထက် ကောင်းလာမယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာမယ်။ စီးပွားရေးအခြေအနေ ဟန်ကျမယ်။

အာဏာပိုင်၊ အစိုးရနဲ့ ပတ်သက်လာရင်တော့ သတိထား လုပ်ကိုင်ရမယ်။ နှလုံးသားရေးမှာ စန်းပွင့်တာ၊ အခွင့်အရေး ရတာတွေ ကြုံရမယ်။ စုံတွဲတွေကြား နားလည်မှုတွေ ပိုပေးနိုင်မယ်။

ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ အိမ်ကဘုရားမှာ ကြာဆံကြော် ကပ်လှူပြီး ဆုတောင်းပါ။ကောင်း

အင်္ဂါ

ဒီနေ့မှာ နေထိုင်မကောင်းသူတွေ၊ ဖျားနာသူတွေ ပြန်နာလန်ထမယ်။ ရောဂါဝေဒနာ ခံစားနေရရင်လည်း သက်သာရာ ရလာမယ်။ ကျန်းမာရေးကံတွေ ကောင်းလာသလို

စီးပွားရေးဘက်မှာလည်း အားရကျေနပ်စရာ ဖြစ်လာမယ်။ ငွေဝင်ကိန်း ရှိတယ်။ ပုံမှန်ဝင်ငွေအပြင် တခြားပွပေါက်တိုးစရာကိစ္စတွေလည်း

ပေါ်လာနိုင်တယ်။ အလုပ် တိုးချဲ့ချင် ၊ ပြောင်းချင်သူတွေ ဒီနေ့မှာ ကြိုးစားကြည့်နိုင်တယ်။ နှလုံးသားရေးမှာတော့ ကံခေနိုင်တယ်။

ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးပါ။ကောင်း

ဗုဒ္ဓဟူး

တစ်နေ့လုံးမှာ နေရေးထိုင်ရေးကိစ္စ ပြဿနာတွေ ဖြစ်လာတတ်တယ်။ အိမ်မှာ မပျော်ဘဲ ဖြစ်နေတာ၊ အိုးအိမ်နေရာ၊ ဆိုင်ခန်းကိစ္စ စိတ်ညစ်ရတာတွေ ဖြစ်လာနိုင်တယ်။

အလုပ်မှာလည်း ဟုတ်မလိုနဲ့ အဆုံးသတ်ကျ အဆင်မပြေတာတွေ ဖြစ်နေမယ်။ ငွေကြေးအကျိုးအမြတ်ကိစ္စ အရှုပ်အရှင်းတွေ ရင်ဆိုင်ရတတ်တယ်။ ငွေဝင်မှ စိတ်ညစ်ရသလို ဖြစ်မယ်။

ဒါပေမယ့် ဘယ်လို အခက်အခဲမဆို အဆက်အသွယ်ကောင်းတွေ၊ မိသားစုဝင်တွေရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်မယ်။ သတင်းကောင်းလည်း ကြားရမယ်။ မေတ္တာရေးကိစ္စမှာ စိတ်သောက များမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လိမ္မော်ရည် ကပ်လှူပေးပါ။သင့်

ရာဟု

ဒီနေ့ အလုပ်အကိုင်၊ စီးပွားရေးက အတက်အကျတွေ သိပ်မြန်လိမ့်မယ်။ ခုအကောင်း၊ တော်ကြာမှာ အဆိုး ဖြစ်နေလိမ့်မယ်။ ကိုယ်တိုင်က သေချာပြင်ဆင် လုပ်ကိုင်တဲ့ကြားက အလုပ်မှာ အခက်အခဲလေးတွေ မကြာခဏ ပေါ်လာမယ်။ ငွေစာရင်းလွဲတာ၊ အတွက်အချက် မှားတာ၊

မလိမ့်တပတ် လှည့်ခံရတာ ဖြစ်မယ်။ ငွေကြေးကံ အတော်သင့် ကောင်းမွန်နိုင်တယ်။ နှလုံးသားရေးမှာ တပါးသူ ကြားဝင် နှောင့်ယှက်တတ်တယ်။

ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အမွှေးတိုင် ၈ တိုင် ထွန်းပါ။သင့်

ကြာသပတေး

အကောင်းမြင်လွန်းတာ၊ အတွေးခေါင်တာ၊ ဆုံးဖြတ်ချက်မှားတာတွေကြောင့် စိတ်ညစ်စရာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် နေရထိုင်ခင်း၊ အိုးအိမ်ကိစ္စ

ကြိုးစားနေသူတွေဆို ဒီနေ့မှာ မထင်မှတ်ဘဲ ကံကောင်း အဆင်ပြေသွားတတ်တယ်။ အလုပ်မှာတော့ အကောင်းအဆိုးလေးတွေ ဒွန်တွဲနေမယ်။

အကောင်းချည်းမဟုတ် အဆိုးချည်း မကြုံဘဲ အလှည့်ကျလို ဖြစ်နေတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းတတ်တယ်။ ဒီနေ့ မနက် ရခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ မြေနေသတ္တဝါကို ရည်မှန်းပြီး ဆန်ကွဲကျွေး ယတြာပြုပါ။ညံ့

သောကြာ

သူများကိစ္စ ကြားဝင်ကူရင်းနဲ့ ကိုယ်ပါ အချောင်ကြားညပ်သလို ဖြစ်မယ်။ သူများကိစ္စ၊ ပြဿနာဆို ခပ်ဝေးဝေးကပဲ တတ်နိုင်တာ ကူပါ။

မဟုတ်ရင်တော့ သူများအပူက ကိုယ့်အပူ ဖြစ်လာလိမ့်မယ်။ လူငယ်တွေ နှလုံးသားရေးမှာ ကတောက်ကဆလေးတွေ ဖြစ်တာ များမယ်။

နားလည်ရ ခက်၊ ညှိနှိုင်းရ ခက်ပြီး စိတ်တွေပါ ရှုပ်ထွေးရမယ်။ တစ်နေ့တာ အလုပ်တွေမှာတော့ အဆင်ပြေ အေးချမ်းမယ်။

ပုံမှန်အတိုင်းလည်း ငွေဝင်နေမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူပေးပါ။သင့်

စနေ – မိတ်ဆွေအသိုင်းအဝိုင်းနဲ့ မိသားစုရဲ့ အကူအညီတွေ၊ ပေးကမ်းထောက်ပံ့မှုတွေ ရရှိတတ်တယ်။ ဒီနေ့မှာ စိတ်ရောကိုယ်ပါ ကြည်လင်ပြီး ဘယ်ပြဿနာမဆို အေးအေးဆေးဆေး

ရှင်းနိုင်မယ်။ တော်ရုံ အခက်အခဲတွေ ကိုယ့်အစွမ်းအစ အရည်အချင်းနဲ့ ဖြတ်ကျော်နိုင်မယ်။ အလုပ်မှာ ပင်ပန်းတာ၊ စိတ်ရှုပ်တာတွေတော့ ရှိလာမယ်။ ငွေကြေးကိစ္စမှာလည်း ကြန့်ကြာတာ၊ စောင့်ရတာတွေ များမယ်။

အလုပ်ကိစ္စ ခရီးတွေဆို အဆင်မပြေဘဲ ပြန် လှည့်လာရတတ်တယ်။ မေတ္တာရေးမှာ တကျက်ကျက်နဲ့ စကားများတတ်တယ်။ ပြဿနာ ရှည်ကြာတတ်တယ်။

ဒီနေ့ ညနေ ၅ ခွဲနဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လက်ဖက်ရည် ကပ်လှူပေးပါ။သင့

 

credit to lotaya_horoscope