Knowledge

အဝေးမှာရှိတဲ့သင့်ချစ်သူ ဖောက်ပြန်နေကြောင်း သေချာနေပြီဖြစ်တဲ့ လက္ခဏာ (၃) ခု

အဝေးမှာရှိတဲ့သင့်ချစ်သူ ဖောက်ပြန်နေကြောင်း သေချာနေပြီဖြစ်တဲ့ လက္ခဏာ (၃) ခုLong distance relationship ဆိုတဲ့ relationship

မျိုးဟာ တကယ်တမ်းတော့ မြဲဖို့သိပ်ကို ခက်ခဲလွန်းလှပါတယ်။

တစ်ယောက်နဲ့တစ်ယောက်လည်း မတွေ့ရဘဲ ဖုန်းထဲကတစ်ဆင့် အသံလေးပဲကြား၊ ရုပ်ကလေးပဲမြင်ရတဲ့ ဆက်ဆံရေးမျိုးဆိုတော့LDRS တွေကြားထဲ ယုံကြည်မှုတွေ၊ နားလည်မှုတွေဟာ သာမန်အတွဲတွေထက် အများကြီးပိုလိုအပ်ပါတယ်။

သူတို့တွေအစိုးရိမ်ဆုံးကတော့ အနေနီးတဲ့လူအပေါ် စိတ်ယိုင်သွားမှာကိုပါပဲ။ဒီတော့ သင့်ရဲ့ အဝေးရောက်ချစ်သူဟာ ဖေက်ပြန်နေပြီလားဆိုတာ

ဒီအချက် (၃) ချက်တည်းနဲ့ စမ်းစစ်လိုက်ပါ။သင့်ကိုရှောင်ဖယ်နေပြီမအားလို့၊ ပင်ပမ်းလို့ဆိုတဲ့ အကြောင်းပြချက်ပေါင်းစုံနဲ့ သင့်ကို ကိုင်ပေါက်ပါတော့မယ်။

အရင်လည်း ဒီလိုပဲ ရတဲ့အချိန်လေး စကားပြောနေကျကို အခုမှ ကောက်ခါကငင်ပကာ ထဖြစ်လာတာမျိုးပေါ့။နောက် သင်နဲ့ စကားမပြောရလေ

ကောင်းလေဆိုတဲ့ ပုံစံမျိုးပါ ဖြစ်လာပါမယ်။သူ့အကြောင်း သိပ်မပြောတော့ဘူးအရင်ဆိုရင် သူဟာ ဒီနေ့ဘာတွေလုပ်တယ်၊ ဘယ်တွေသွားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊

ဘယ်လိုပင်ပမ်းတယ်၊ ဘယ်လိုပျော်စရာလေးတွေဖြစ်လာတယ်ဆိုတာကို အမြဲတမ်း ကိုယ်နဲ့ ဝေမျှနေကျဖြစ်ပေမယ့်ရုတ်ချည်း တိတ်ဆိတ်သွားတတ်ကြပါတယ်။

ဘာကြောင့်လဲဆိုရင် အရင်တုန်းက သင့်ကို သူပြောပြခဲ့တဲ့ နေ့စဉ်ဘဝမှာ

တတိယလူမပါသေးတော့ လွတ်လွတ်လပ်လပ် ပြောဆိုလို့ရပေမယ့် အခုတော့ တတိယလူဟာသူ့ရဲ့ နေ့စဉ်ဘဝထဲ ပါလာတဲ့အခါမှာတော့ သင့်ကို ဘယ်လိုမှ ပြောပြလို့ မရတော့ဘူးလေ။မူပ္ကႅာၿပီသင့်ကို အရင်လို နွေးနွေးထွေးထွေးမဆက်ဆံတော့ပါဘူး။ ချစ်တယ်မပြောတာမျိုး၊

အာဘွားမပေးတော့တာမျိုးဆိုတဲ့ သေးသေးလေးကစလို့ သင့်ကို ဂရုလည်းမစိုက်တော့ဘူး။အမှာစကားတွေလည်း မမှာတော့ဘူး။ သင်နဲ့စကားပြောရရင်ကို သူ့မှာ စိတ်ရှုပ်လှပါပြီဆိုတဲ့ အနေအထားမျိုးပါ။

penny

Zawgyi

အေဝးမွာရွိတဲ့သင့္ခ်စ္သူ ေဖာက္ျပန္ေနေၾကာင္း ေသခ်ာေနၿပီျဖစ္တဲ့ လကၡဏာ (၃) ခုLong distance relationship ဆိုတဲ့ relationship မ်ိဳးဟာ တကယ္တမ္းေတာ့ ျမဲဖို႔သိပ္ကို ခက္ခဲလြန္းလွပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္လည္း မေတြ႕ရဘဲ ဖုန္းထဲကတစ္ဆင့္ အသံေလးပဲၾကား၊ ႐ုပ္ကေလးပဲျမင္ရတဲ့

ဆက္ဆံေရးမ်ိဳးဆိုေတာ့LDRS ေတြၾကားထဲ ယုံၾကည္မႈေတြ၊ နားလည္မႈေတြဟာ သာမန္အတြဲေတြထက္ အမ်ားႀကီးပိုလိုအပ္ပါတယ္။

သူတို႔ေတြအစိုးရိမ္ဆုံးကေတာ့ အေနနီးတဲ့လူအေပၚ စိတ္ယိုင္သြားမွာကိုပါပဲ။ဒီေတာ့ သင့္ရဲ့ အေဝးေရာက္ခ်စ္သူဟာ ေဖက္ျပန္ေနၿပီလားဆိုတာ

ဒီအခ်က္ (၃) ခ်က္တည္းနဲ႔ စမ္းစစ္လိုက္ပါ။သင့္ကိုေရွာင္ဖယ္ေနၿပီမအားလို႔၊ ပင္ပမ္းလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေပါင္းစုံနဲ႔ သင့္ကို ကိုင္ေပါက္ပါေတာ့မယ္။

အရင္လည္း ဒီလိုပဲ ရတဲ့အခ်ိန္ေလး စကားေျပာေနက်ကို အခုမွ ေကာက္ခါကငင္ပကာ ထျဖစ္လာတာမ်ိဳးေပါ့။ေနာက္ သင္နဲ႔ စကားမေျပာရေလ

ေကာင္းေလဆိုတဲ့ ပုံစံမ်ိဳးပါ ျဖစ္လာပါမယ္။သူ႔အေၾကာင္း သိပ္မေျပာေတာ့ဘူးအရင္ဆိုရင္ သူဟာ ဒီေန႔ဘာေတြလုပ္တယ္၊ ဘယ္ေတြသြားတယ္၊ ဘယ္သူနဲ႔ေတြ႕တယ္၊

ဘယ္လိုပင္ပမ္းတယ္၊ ဘယ္လိုေပ်ာ္စရာေလးေတြျဖစ္လာတယ္ဆိုတာကို အျမဲတမ္း ကိုယ္နဲ႔ ေဝမၽွေနက်ျဖစ္ေပမယ့္႐ုတ္ခ်ည္း တိတ္ဆိတ္သြားတတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အရင္တုန္းက သင့္ကို သူေျပာျပခဲ့တဲ့ ေန႔စဥ္ဘဝမွာ

တတိယလူမပါေသးေတာ့ လြတ္လြတ္လပ္လပ္ ေျပာဆိုလို႔ရေပမယ့္ အခုေတာ့ တတိယလူဟာသူ႔ရဲ့ ေန႔စဥ္ဘဝထဲ ပါလာတဲ့အခါမွာေတာ့

သင့္ကို ဘယ္လိုမွ ေျပာျပလို႔ မရေတာ့ဘူးေလ။မူပၠႅာၿပီသင့္ကို အရင္လို ေႏြးေႏြးေထြးေထြးမဆက္ဆံေတာ့ပါဘူး။ ခ်စ္တယ္မေျပာတာမ်ိဳး၊

အာဘြားမေပးေတာ့တာမ်ိဳးဆိုတဲ့ ေသးေသးေလးကစလို႔ သင့္ကို ဂ႐ုလည္းမစိုက္ေတာ့ဘူး။အမွာစကားေတြလည္း မမွာေတာ့ဘူး။ သင္နဲ႔စကားေျပာရရင္ကို သူ႔မွာ စိတ္ရႈပ္လွပါၿပီဆိုတဲ့ အေနအထားမ်ိဳးပါ။

penny