Local News
အကြွေးရှင်းတမ်း
အကြွေးရှင်းတမ်းပြည်သူ့အတွက်ဆို အသက်ကိုစတေးဖို့ ဝန်မလေးတာမို့ Gen-Z လို့ဟစ်ကြွေးကာ တောတစ်အုပ်ကို အမှီပြုရင်းအာဏာရှင်တော်လှန်ခြင်းအတွက်ကနီမြေပေါ်က ကြယ်စင်တစ်စုရဲ့KPDFစတင်ခြင်းပေါ့
ပြည်သူ့ရင်ခွင်မှာ ခိုလှုံမယ်ပြည်သူ့နှလုံးသားမှာသာအစဉ်ပွင့်လန်းမယ်ပြည်သူများအတွက်အမြဲ ရှေ့ဆက်ချီတက်ကာကမ္ဘာမကြေပြီ သီချင်းနဲ့အာဇာနည်တွေတွက် သွေးကြွေးပြန်တောင်းမယ်ပြည်သူ့ရန်ကို အပြတ်တိုက်ဖို့ အကြောက်တရားမဲ့တဲ့ရဲရဲတောက် စိတ်ဓါတ်နဲ့ ပြည်သူ့ရဲဘော်ရယ်လို့ ဆိုကာ
KPDF ကြွေးကြော်သံတစ်ချက်နဲ့မြေကမ္ဘာတခွင် ဟိန်းစေမယ်တဲ့ရဲသွေးနီတဲ့ KPDFအားမာန်နဲ့ စိတ်ဓာတ်ကမာန်ဟုန် ပြင်းလွန်းတော့ စကစအတွက် နတ်ဆိုးတစ်ကောင်ရဲ့ဟိန်းသံအလား ခြောက်ခြားစေလို့ဝေဟင်ကပင် စစ်ကူဝင်လို့ကြိုးပမ်းခဲ့ရသေးရှေ့ဆက်ဖို့အားမတန်ပေလို့နောက်ဆုတ်တာမို့
မာန်ကိုတော့ခဲထားဆဲပါအားအင်အပြည့်နဲ့ ကုန်းထမဲ့တစ်နေ့ယမ်းတစ်ငွေ့ ကျည်တစ်စေ့ကစကစတို့အတွက် ဇီဝိန်ချွေစက်ဖြစ်စေရမည်ကမ္ဘာမကြေသီချင်းကိုလဲ ဟစ်မည်အလိုမရှိသီချင်းနဲ့တော်လှန်ရေးကို အခြေတည်ခဲ့လို့ သွေးကြွေးတောင်းဖို့KPDF-1 တို့ လာနေပြီအရေးတော်ပုံလဲအောင်ရမည်။။။
19.09.2021 — kpdf_1
Credit
Zawgyi
19.09.2021 — kpdf_1
Credit