Local News

သင့်ရဲ့လက်ရှိစိတ်ခံစားချက်ကို သင်ရွေးချယ်တဲ့ ခရမ်းရောင်ပန်းပွင့်ကတစ်ဆင့် ပြောပြပေးမယ်

သင့်ရဲ့လက်ရှိစိတ်ခံစားချက်ကို သင်ရွေးချယ်တဲ့ ခရမ်းရောင်ပန်းပွင့်ကတစ်ဆင့် ပြောပြပေးမယ်

နံပါတ် (၁)

သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး သင့်အတွက် ဘယ်အရာက အကောင်းဆုံးတွေ ဖြစ်မလဲဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်။ သင်ဟာ လူတချို့ လက်ခံယုံကြည်ဖို့ ခဲယဉ်းတဲ့ မမြင်ရတဲ့အရာတွေက ဖြစ်ပေါ်လာတဲ့ စိတ်စွမ်းအင်တွေကို လက်ခံယုံကြည်တတ်ပါတယ်။

လက်ရှိအခြေအနေမှာ သင်ဟာ မိမိစိတ်အားထက်သန်တဲ့ အရာတွေကို အာရုံစိုက်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှာဖွေနေပါတယ်။ ဒါကြောင့် မိမိရဲ့အိပ်မက်နဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့

နည်းလမ်းတွေ စဉ်းစားနိုင်ဖို့ ခဏလောက် တစ်ယောက်ထဲ နေချင်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ တစ်ယောက်ထဲ အချိန်တွေ ကုန်ဆုံးနေရလို့ အထီးကျန်တယ်ဆိုပြီး မတွေးပါနဲ့။ ဒါဟာ သင့်ကိုရှေ့ဆက်လျှောက်နိုင်ဖို့ အားအင်တွေ ဖြည့်တင်းနေတဲ့ သဘောပါပဲ။

နံပါတ် (၂)

သင်ဟာ စိတ်ကူးယဉ်ဆန်တဲ့ လူတစ်ယောက်ဖြစ်ပြီး သင့်ရဲ့အချိန်အများစုကို အတွေးနယ်ချဲ့ပြီး ကုန်ဆုံးလေ့ရှိပါတယ်။ ဒါ့အပြင် အတိတ်ကို တသသပြန်တွေးပြီး ဆွေးမြေ့နေရတာမျိုးကို နှစ်သက်လေ့ရှိပါတယ်။ လက်ရှိအခြေအနေဟာ သင့်အတွက် မဖြစ်နိုင်တဲ့အရာတွေကို

ရယူဖို့ ကြိုးစားရုန်းကန်နေရတာမျိုးကို စွန့်လွှတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သင့်ရဲ့အချိန်တွေကို တန်ဖိုးထားပါ။ မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်နေတာမျိုး စွန့်လွှတ်ပါ။

အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး သင်တကယ်လိုချင်တဲ့အရာတွေကို ရယူနိုင်အောင် ကြိုးစားသင့်ပါတယ်။ ခက်ခဲတဲ့အခြေအနေတွေကို လက်တွေ့ဆန်တဲ့ နည်းလမ်းတွေနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိရှိ ဖြတ်သန်းပါ။

နံပါတ် (၃)

သင်ဟာ မိမိရဲ့နာမည်ဂုဏ်သတင်းကို အလွန်တန်ဖိုးထားတဲ့အပြင် လူတိုင်းရဲ့ လေးစားမှုကိုလည်း ရယူချင်သူတစ်ယောက်ပါ။ ဒါ့အပြင် လူတွေအမြင်မှာ သင်ဟာ နာမည်ဂုဏ်သတင်း ကြီးမားပြီး ကူညီရိုင်းပင်းသူတစ်ယောက်လို့ မှတ်ချက်ပေးတာမျိုး ခံချင်ပါတယ်။

ဒါကြောင့် သင်ဟာ သာမန် အသေးအဖွဲကိစ္စလေးတွေကို လျစ်လျူရှုပြီး မိမိရဲ့နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးဖို့နဲ့ လူတွေရဲ့လေးစားမှုကို ရရှိစေမယ့် လုပ်ရပ်မျိုးကိုသာ ရွေးချယ်လုပ်ဆောင်လေ့ ရှိပါတယ်။ ဒါပေမယ့် သင့်ဘက်က လူတွေရဲ့ရိုသေလေးစားမှုကို အရမ်းလိုချင်နေကြောင်း လူတွေမြင်တဲ့အခါ

သူတို့ဘက်က သင့်ကိုရိုသေလေးစားဖို့ တွန့်ဆုတ်လာပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ သင့်ဘက်က စိတ်အေးအေးထားပြီး မိမိလုပ်သင့်လုပ်ထိုက်တာကို ဖြေးဖြေးမှန်မှန်လေး လုပ်ဆောင်ပေးပါ။ သူများရဲ့လေးစားမှုကို လိုချင်ရင် ကိုယ့်ဘက်က သူတို့ကို အရင်လေးစားတတ်အောင် ကျင့်ကြံပါ။

နံပါတ် (၄)

သင်ဟာ တမူထူးခြားအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာသူ တစ်ယောက်ပါ။ သင်ဟာ လူတွေကိုကူညီဖို့ ကြိုးစားရင်းနဲ့ပဲ အလုပ်ရှုပ်နေတတ်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ပါတယ်။ လူတွေအမြင်မှာ သင်ဟာ စိတ်သဘောထား ကြီးကျယ်မြင့်မြတ်သူ တစ်ယောက်ပေါ့။

ဒါပေမယ့် လက်ရှိအခြေအနေမှာ သင့်အနေနဲ့ ကိုယ့်ကိုယ်ကို အနားယူဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ မိမိကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အရာတွေထံက ခဏထွက်ပြေးပြီး ရှောင်ဖယ်နေလိုက်ပါ။ တချို့လူတွေက

အခုချိန်မှာ သင့်ကိုလိုအပ်နေပေမယ့် ရှေ့ဆက်ပြီး ဒီထက်မက တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရဦးမှာဆိုတော့ အခုထဲက အားအင်အပြည့်ဖြစ်နေဖို့ လိုအပ်တယ်လေ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ခဏတဖြုတ် အနားယူသင့်ပါတယ်။

credit to lotaya

Zawgyi

သင့္ရဲ့လက္ရွိစိတ္ခံစားခ်က္ကို သင္ေရြးခ်ယ္တဲ့ ခရမ္းေရာင္ပန္းပြင့္ကတစ္ဆင့္ ေျပာျပေပးမယ္

နံပါတ္ (၁)

သင္ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိၿပီး သင့္အတြက္ ဘယ္အရာက အေကာင္းဆုံးေတြ ျဖစ္မလဲဆိုတာ ေကာင္းေကာင္းနားလည္ထားပါတယ္။ သင္ဟာ လူတခ်ိဳ႕ လက္ခံယုံၾကည္ဖို႔ ခဲယဥ္းတဲ့ မျမင္ရတဲ့အရာေတြက ျဖစ္ေပၚလာတဲ့ စိတ္စြမ္းအင္ေတြကို လက္ခံယုံၾကည္တတ္ပါတယ္။

လက္ရွိအေျခအေနမွာ သင္ဟာ မိမိစိတ္အားထက္သန္တဲ့ အရာေတြကို အာ႐ုံစိုက္နိုင္ဖို႔ အခြင့္အလမ္းေကာင္းေတြ ရွာေဖြေနပါတယ္။ ဒါေၾကာင့္ မိမိရဲ့အိပ္မက္နဲ႔ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္နိုင္ဖို႔

နည္းလမ္းေတြ စဥ္းစားနိုင္ဖို႔ ခဏေလာက္ တစ္ေယာက္ထဲ ေနခ်င္စိတ္ေတြ ျဖစ္ေပၚေနတတ္ပါတယ္။ တစ္ေယာက္ထဲ အခ်ိန္ေတြ ကုန္ဆုံးေနရလို႔ အထီးက်န္တယ္ဆိုၿပီး မေတြးပါနဲ႔။ ဒါဟာ သင့္ကိုေရွ႕ဆက္ေလၽွာက္နိုင္ဖို႔ အားအင္ေတြ ျဖည့္တင္းေနတဲ့ သေဘာပါပဲ။

နံပါတ္ (၂)

သင္ဟာ စိတ္ကူးယဥ္ဆန္တဲ့ လူတစ္ေယာက္ျဖစ္ၿပီး သင့္ရဲ့အခ်ိန္အမ်ားစုကို အေတြးနယ္ခ်ဲ႕ၿပီး ကုန္ဆုံးေလ့ရွိပါတယ္။ ဒါ့အျပင္ အတိတ္ကို တသသျပန္ေတြးၿပီး ေဆြးေျမ့ေနရတာမ်ိဳးကို ႏွစ္သက္ေလ့ရွိပါတယ္။ လက္ရွိအေျခအေနဟာ သင့္အတြက္ မျဖစ္နိုင္တဲ့အရာေတြကို

ရယူဖို႔ ႀကိဳးစား႐ုန္းကန္ေနရတာမ်ိဳးကို စြန႔္လႊတ္ဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္ပါတယ္။ သင့္ရဲ့အခ်ိန္ေတြကို တန္ဖိုးထားပါ။ မျဖစ္နိုင္တဲ့အရာေတြကို စိတ္ကူးယဥ္ေနတာမ်ိဳး စြန႔္လႊတ္ပါ။

အခ်ိန္ကိုအက်ိဳးရွိရွိ အသုံးခ်ၿပီး သင္တကယ္လိုခ်င္တဲ့အရာေတြကို ရယူနိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။ ခက္ခဲတဲ့အေျခအေနေတြကို လက္ေတြ႕ဆန္တဲ့ နည္းလမ္းေတြနဲ႔ မိမိကိုယ္ကို ယုံၾကည္မႈရွိရွိ ျဖတ္သန္းပါ။

နံပါတ္ (၃)

သင္ဟာ မိမိရဲ့နာမည္ဂုဏ္သတင္းကို အလြန္တန္ဖိုးထားတဲ့အျပင္ လူတိုင္းရဲ့ ေလးစားမႈကိုလည္း ရယူခ်င္သူတစ္ေယာက္ပါ။ ဒါ့အျပင္ လူေတြအျမင္မွာ သင္ဟာ နာမည္ဂုဏ္သတင္း ႀကီးမားၿပီး ကူညီရိုင္းပင္းသူတစ္ေယာက္လို႔ မွတ္ခ်က္ေပးတာမ်ိဳး ခံခ်င္ပါတယ္။

ဒါေၾကာင့္ သင္ဟာ သာမန္ အေသးအဖြဲကိစၥေလးေတြကို လ်စ္လ်ဴရႈၿပီး မိမိရဲ့နာမည္ဂုဏ္သတင္းကို ျမႇင့္တင္ေပးဖို႔နဲ႔ လူေတြရဲ့ေလးစားမႈကို ရရွိေစမယ့္ လုပ္ရပ္မ်ိဳးကိုသာ ေရြးခ်ယ္လုပ္ေဆာင္ေလ့ ရွိပါတယ္။ ဒါေပမယ့္ သင့္ဘက္က လူေတြရဲ့ရိုေသေလးစားမႈကို အရမ္းလိုခ်င္ေနေၾကာင္း လူေတြျမင္တဲ့အခါ

သူတို႔ဘက္က သင့္ကိုရိုေသေလးစားဖို႔ တြန႔္ဆုတ္လာပါတယ္။ ဒါေၾကာင့္ လက္ရွိအေျခအေနမွာ သင့္ဘက္က စိတ္ေအးေအးထားၿပီး မိမိလုပ္သင့္လုပ္ထိုက္တာကို ေျဖးေျဖးမွန္မွန္ေလး လုပ္ေဆာင္ေပးပါ။ သူမ်ားရဲ့ေလးစားမႈကို လိုခ်င္ရင္ ကိုယ့္ဘက္က သူတို႔ကို အရင္ေလးစားတတ္ေအာင္ က်င့္ႀကံပါ။

နံပါတ္ (၄)

သင္ဟာ တမူထူးျခားေအာင္ စိတ္ဓာတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္သန္မာသူ တစ္ေယာက္ပါ။ သင္ဟာ လူေတြကိုကူညီဖို႔ ႀကိဳးစားရင္းနဲ႔ပဲ အလုပ္ရႈပ္ေနတတ္ၿပီး ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဖို႔ ေမ့ေလ်ာ့ေနတတ္ပါတယ္။ လူေတြအျမင္မွာ သင္ဟာ စိတ္သေဘာထား ႀကီးက်ယ္ျမင့္ျမတ္သူ တစ္ေယာက္ေပါ့။

ဒါေပမယ့္ လက္ရွိအေျခအေနမွာ သင့္အေနနဲ႔ ကိုယ့္ကိုယ္ကို အနားယူဖို႔ လိုအပ္ပါတယ္။ တစ္ခါတစ္ေလ မိမိကို ဝန္ထုတ္ဝန္ပိုးျဖစ္ေစတဲ့ အရာေတြထံက ခဏထြက္ေျပးၿပီး ေရွာင္ဖယ္ေနလိုက္ပါ။ တခ်ိဳ႕လူေတြက

အခုခ်ိန္မွာ သင့္ကိုလိုအပ္ေနေပမယ့္ ေရွ႕ဆက္ၿပီး ဒီထက္မက တာဝန္ဝတၱရားေတြကို ထမ္းေဆာင္ရဦးမွာဆိုေတာ့ အခုထဲက အားအင္အျပည့္ျဖစ္ေနဖို႔ လိုအပ္တယ္ေလ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အခ်ိန္ေပးၿပီး ခဏတျဖဳတ္ အနားယူသင့္ပါတယ္။

credit to lotaya