Local News

မတန်မရာ ကချင်ရိုးရာဝတ်စုံဝတ်တဲ့ အာဏာသိမ်းခေါင်းဆောင် ဝေဖန်ခံနေရ

ကချင်ပြည်နယ်ကို ရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ရိုးရာအသုံးအဆောင်တွေလက်ဆောင်ပေးတဲ့အပေါ် ကချင်အသိုင်းအဝိုင်းမှာ ဝေဖန်မှုဖြစ်ပေါ်နေပါတယ်

မြစ်ကြီးနားရောက် စစ်ကောင်စီဥက္ကဋ္ဌ ကို ရိုးရာဝတ်စုံဝတ်ပေးပြီး ရိုးရာအသုံးအဆောင်တွေပေးနေတဲ့ သတင်းဓာတ်ပုံကို ဒေသတွင်းမီဒီယာ Kachinwaves ကဖော်ပြခဲ့ပြီး ဒီလိုဝတ်ဆင်မှုအပေါ် မကျေနပ်တဲ့ မှတ်ချက်အမြောက်အများ ပေးခဲ့ကြတာပါ

ကချင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ခေါင်းပေါင်း၊လွယ်အိတ်နဲ့ ငွေဓား လက်ဆောင်ပေးတာကို အဓိက မကျေနပ်တာ လို့ ကချင်လူငယ်တချို့က ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေကို ဒီလိုလူမျိုးကိုပေးလို့ မကျေနပ်တာ’ လို့ ကချင်လူငယ်တစ်ဦးကပြောပါတယ်

ဒီလိုရိုးရာအသုံးအဆောင်ကို ထိမ်းမြားမင်္ဂလာမှာပေးလေ့ရှိသလို တစ်ယောက်အခက်အခဲတစ်ယောက်အပြန်အလှန်ကူညီဖို့ ညီအစ်ကိုဖွဲ့တဲ့ အထိမ်းအမှတ်အဖြစ်လည်း ပေးလေ့ရှိတယ် လို့ သိရပါတယ်

ဒီလို အသုံးအဆောင်တွေပေးတဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုလည်း လူမှုကွန်ရက်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာ ၁၈ ရက်မှာ စစ်ကောင်စီ
ဥက္ကဋ္ဌ ရောက်နေတုန်း မြစ်ကြီးနားမြို့မှာ လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ဆန္ဒပြမှုတချို့လည်း ရှိခဲ့ပါတယ်

”မင်းအောင်လှိုင် ကချင်မြေက အခုထွက်သွား၊ ကချင်ပြည်ကို လာဖားတာမရှက်ဘူးလား။ ” စတဲ့ ကြွေးကြော်သံတွေနဲ့ မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၁၉ ရက် ဒီနေ့ဆန္ဒပြပြခဲ့ကြပါတယ်စစ်ကောင်စီ ဥက္ကဋ္ဌ ကို Kachin State Civilian Movement- KSCM အင်အားစုက

လူငယ် တွေနဲ့ မြစ်ကြီးနား အခြေစိုက် ကျောင်းသားသမဂ္ဂလူငယ်တွေစက်တင်ဘာ ၁၉ ရက်မှာ လည်း မြစ်ကြီးနားမှာ ဆန္ဒထပ်ပြခဲ့ကြပါတယ်ဒီကိစ္စအပေါ် ဝေဖန်မှုတွေရှိနေတာကြားရတဲအကြောင်း ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုပြီး ကေအိုင်အိုအနေနဲ့တော့ မှတ်ချက်ပေးစရာမရှိဘူးလို့ ပြောပါတယ်

ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေဟာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်နဲ့ အဓိက တိုက်ပွဲဖြစ်ခဲ့တဲ့ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ်စစ်ကောင်စီဥက္ကဋ္ဌဟာ မြစ်ကြီးနားတပ်နယ်ကို

စက်တင်ဘာ ၁၈ မနက်ပိုင်းမှာ သွားရောက်တဲ့အခါ စစ်ယူနီဖောင်းကိုဝတ်ဆင်ခဲ့ပြီး နေ့လည်ပိုင်းမှာ ဌာနဆိုင်ရာတွေ့ဆုံတဲ့အခါ အရပ်ဝတ်ပြောင်းလဲဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ် စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့အဖွဲ့ဟာ ဒီကနေ့မှာတော့ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအို မှာ ရှိနေတာပါ

Credit

Zawgyi

ကခ်င္ျပည္နယ္ကို ေရာက္ေနတဲ့ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကို ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္ က ရိုးရာအသုံးအေဆာင္ေတြလက္ေဆာင္ေပးတဲ့အေပၚ ကခ်င္အသိုင္းအဝိုင္းမွာ ေဝဖန္မႈျဖစ္ေပၚေနပါတယ္

ျမစ္ႀကီးနားေရာက္ စစ္ေကာင္စီဥကၠ႒ ကို ရိုးရာဝတ္စုံဝတ္ေပးၿပီး ရိုးရာအသုံးအေဆာင္ေတြေပးေနတဲ့ သတင္းဓာတ္ပုံကို ေဒသတြင္းမီဒီယာ Kachinwaves ကေဖာ္ျပခဲ့ၿပီး ဒီလိုဝတ္ဆင္မႈအေပၚ မေက်နပ္တဲ့ မွတ္ခ်က္အေျမာက္အမ်ား ေပးခဲ့ၾကတာပါ

ကခ်င္တို႔ရဲ့ အထြဋ္အျမတ္ထားရာ ေခါင္းေပါင္း၊လြယ္အိတ္နဲ႔ ေငြဓား လက္ေဆာင္ေပးတာကို အဓိက မေက်နပ္တာ လို႔ ကခ်င္လူငယ္တခ်ိဳ႕က ေျပာေၾကာင္း ဘီဘီစီသတင္းမွာ ေဖာ္ျပထားပါတယ္ကၽြန္ေတာ္တို႔တန္ဖိုးထားတဲ့အရာေတြကို ဒီလိုလူမ်ိဳးကိုေပးလို႔ မေက်နပ္တာ’ လို႔ ကခ်င္လူငယ္တစ္ဦးကေျပာပါတယ္

ဒီလိုရိုးရာအသုံးအေဆာင္ကို ထိမ္းျမားမဂၤလာမွာေပးေလ့ရွိသလို တစ္ေယာက္အခက္အခဲတစ္ေယာက္အျပန္အလွန္ကူညီဖို႔ ညီအစ္ကိုဖြဲ႕တဲ့ အထိမ္းအမွတ္အျဖစ္လည္း ေပးေလ့ရွိတယ္ လို႔ သိရပါတယ္

ဒီလို အသုံးအေဆာင္ေတြေပးတဲ့ ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္ ကိုလည္း လူမႈကြန္ရက္မွာ ေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ စက္တင္ဘာ ၁၈ ရက္မွာ စစ္ေကာင္စီ
ဥကၠ႒ ေရာက္ေနတုန္း ျမစ္ႀကီးနားၿမိဳ႕မွာ လုံျခဳံေရး တင္းၾကပ္ထားတဲ့ၾကားက ဆႏၵျပမႈတခ်ိဳ႕လည္း ရွိခဲ့ပါတယ္

”မင္းေအာင္လွိုင္ ကခ်င္ေျမက အခုထြက္သြား၊ ကခ်င္ျပည္ကို လာဖားတာမရွက္ဘူးလား။ ” စတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ျမစ္ႀကီးနားၿမိဳ႕မွာ စက္တင္ဘာ ၁၉ ရက္ ဒီေန႔ဆႏၵျပျပခဲ့ၾကပါတယ္စစ္ေကာင္စီ ဥကၠ႒ ကို Kachin State Civilian Movement- KSCM အင္အားစုက လူငယ္ ေတြနဲ႔ ျမစ္ႀကီးနား အေျခစိုက္ ေက်ာင္းသားသမဂၢလူငယ္ေတြ
စက္တင္ဘာ ၁၉ ရက္မွာ လည္း ျမစ္ႀကီးနားမွာ ဆႏၵထပ္ျပခဲ့ၾကပါတယ္

ဒီကိစၥအေပၚ ေဝဖန္မႈေတြရွိေနတာၾကားရတဲ့အေၾကာင္း ေကအိုင္အို ေျပာခြင့္ရ ဗိုလ္မႉးႀကီးေနာ္ဘူကလည္း အတည္ျပဳၿပီး ေကအိုင္အိုအေနနဲ႔ေတာ့ မွတ္ခ်က္ေပးစရာမရွိဘူးလို႔ ေျပာပါတယ္

ကခ်င္လက္နက္ကိုင္အဖြဲ႕ ေကအိုင္ေအဟာ စစ္တပ္က ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္တပ္နဲ႔ အဓိက တိုက္ပြဲျဖစ္ခဲ့တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕လည္းျဖစ္ပါတယ္စစ္ေကာင္စီဥကၠ႒ဟာ ျမစ္ႀကီးနားတပ္နယ္ကို စက္တင္ဘာ ၁၈ မနက္ပိုင္းမွာ သြားေရာက္တဲ့အခါ

စစ္ယူနီေဖာင္းကိုဝတ္ဆင္ခဲ့ၿပီး ေန႔လည္ပိုင္းမွာ ဌာနဆိုင္ရာေတြ႕ဆုံတဲ့အခါ အရပ္ဝတ္ေျပာင္းလဲဝတ္ဆင္ခဲ့တာပဲျဖစ္ပါတယ္ စစ္ေကာင္စီ ဥကၠ႒ နဲ႔အဖြဲ႕ဟာ ဒီကေန႔မွာေတာ့ ကခ်င္ျပည္နယ္ ေျမာက္ဖ်ားက ပူတာအို မွာ ရွိေနတာပါ

Credit