Knowledge

ဗေဒင်ဟောစာတမ်း (၁၉.၉.၂၀၂၁ မှ ၂၅.၉.၂၀၂၁ အထိ)

ဗေဒင်ဟောစာတမ်း (၁၉.၉.၂၀၂၁ မှ ၂၅.၉.၂၀၂၁ အထိ)

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် – ရှိရင်းစွဲအလုပ်တင်မကဘဲ အလုပ်သစ်အကြံအစည်သစ်တွေလည်း စတင်အောင်မြင်နိုင်တယ်။ လုပ်ငန်း တိုးချဲ့တာ၊ ဈေးကွက် ချဲ့ထွင်တာတွေ ကောင်းတယ်။ ပင်ပန်းခံသလောက် အကျိုးခံစားခွင့် ရရှိမယ်။

စွန့်စားရတဲ့အလုပ်တွေမှာ အောင်မြင်ကိန်း ရှိတယ်။ ငွေဝင်လမ်းတွေလည်း တစ်ခုမကပေါ်ပေါက်လာနိုင်တယ်။ကျန်းမာရေး တစ်ပတ်တာလုံးမှာ ဘေးကင်း ကျန်းမာမယ်။ ဒါပေမယ့် မတော်တဆမှုလေး ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်လွတ်ကိုယ်လွတ် အမှားအယွင်းတွေ လုပ်မိပြီး ဖြေရှင်းရတတ်တယ်။ မေတ္တာရေး ကံခေတတ်တဲ့ကာလ ဖြစ်လို့ စကားမှား၊ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိပြီး စိတ်ဆင်းရဲရတတ်တယ်။ ပေါင်းသင်းဆက်ဆံရေးမှာတော့ အပျော်လွန်တာ၊ စည်းကမ်းဖောက်တာမျိုး ရှိမယ်။

ကံကောင်းစေတဲ့ အရောင် – ရွှေအိုရောင်၊ ပုလဲရောင

ကံကောင်းစေတဲ့ အရပ် – အနောက်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ ကြာသပတေး

ယတြာ – ဖခင် (သို့) အကြီးအကဲတစ်ဦးကို ဦးထုပ် (သို့) ထီးတစ်ချောင်းနဲ့ ကန်တော့လိုက်ပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်နဲ့ပတ်သက်လို့ မပေါ့ဆဖို့ သတိထားရမယ်။ နည်းနည်းလေး မှားလိုက်ရုံနဲ့ ကြီးကြီးမားမား အထိနာတတ်တယ်။ လုပ်ငန်းခွင်မှာလည်း စိတ်အနှောင့်အယှက်ပေးတဲ့သူတွေ ရှိနေလိမ့်မယ်။

ကိုယ့်ကို မကောင်းပြောတာ၊ စွပ်စွဲတိုက်ခိုက်တာတွေ ရှိတတ်တယ်။ ငွေအတွက်နဲ့ စိတ်ပင်ပန်းရတာမျိုး ရှိမယ်။ကျန်းမာရေး – မမျှော်လင့်ဘဲ သွေးထွက်သံယိုတွေ ကြုံရတတ်တယ်။ ကျန်းမာရေး အားနည်းချူချာနိုင်တယ်။

လူမှုအိမ်ထောင် – မေတ္တာရေးကိစ္စတွေမှာ စိတ်ထဲ စနောင့်စနင်း ဖြစ်စရာတွေ ရှိတတ်တယ်။ ကြားလူတွေကပါ ဝင်ပြီး စွက်ဖက်နှောင့်ယှက်တတ်တယ်။ လက်တွဲဖော်၊ အိမ်ထောင်ဖက်နဲ့ ပတ်သက်လို့ စိတ်ပူပန်ရတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းကဏ္ဍမှာ ကိုယ့်အပေါ် အထင်လွဲတာ၊ မကောင်းမြင်တာတွေလည်း ခံစားရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – ငွေရောင်၊ အဖြူဆွတ်ဆွတ်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉ ၊ ၇

ကံကောင်းစေတဲ့ အရပ် – အရှေ့၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ ကြာသပတေး

ယတြာ – တနင်္လာနေ့ ညနေစောင်းမှာ မြစ်၊ ချောင်းရှိရာ သွားပြီး ရေသတ္တဝါတွေကို အစာကျွေးတာမျိုး လုပ်ပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – တယူသန်ခေါင်းမာတာတွေနဲ့ အတ္တတွေကြောင့် အလုပ်မှာ အနည်းနဲ့အများ ပြဿနာ ဖြစ်မယ်။ အထက်နဲ့ အောက်ကြား ဆက်စပ်ပေးရာမှာ ကိုယ့်ကို အထင်လွဲတာ၊ မကောင်းမြင်တာတွေလည်း ခံရလိမ့်မယ်။ လုပ်ငန်းစီးပွားကံ

သင့်ပေမယ့် ကိုယ်တိုင်က အဆိုးမြင်တာတွေ များမယ်။ ငွေကြေးကိစ္စ ရှုပ်ထွေးမှု ရှိနိုင်တယ်။ကျန်းမာရေး – စက်ပစ္စည်း၊ လက်နက်၊ ကိရိယာ ကိုင်သုံးရသူတွေဆို သတိထားရမယ်။ ထိခိုက်တတ်တယ်။

လူမှုအိမ်ထောင် – ဒီအပတ်မှာ ကိုယ့်လက်တွဲဖော် (သို့) အိမ်ထောင်ဖက်ရဲ့ ကူညီဖေးမမှုတွေ ရလာနိုင်တယ်။ ပျိုရွယ်သူတွေဆိုရင် ကိုယ့်ထက် မြင့်မားတဲ့သူနဲ့ ဖူးစာဆုံရတတ်တယ်။ ကိုယ့်ကို ကူညီစောင့်ရှောက်လိမ့်မယ်။ လူမှုရေးပိုင်းမှာတော့ မယုံကြည်ရသူတွေ၊ လှည့်ဖျားတတ်သူတွေ ရှိနေမယ်။ လူတိုင်းကို သတိနဲ့ ဆက်ဆံပါ။

ကံကောင်းစေတဲ့ အရောင် – အနီရောင်၊ ညိုမှိုင်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် – အရှေ့ယတြာ – အင်္ဂါနေ့ ညနေစောင်း ဘုရားစေတီနားက ညောင်ပင်ကြီးကြီးမှာ နွားနို့ သွန်းလောင်းပေးလိုက်ပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – အလုပ်နဲ့ပတ်သက်လို့ သတင်းကောင်းတွေ ကြားရတတ်တယ်။ ကိုယ့်စီးပွားကို အကျိုးပြုမယ့် အဆက်အသွယ်ကောင်းတွေလည်း ပေါ်လာလိမ့်မယ်။ ဒါပေမယ့် နေရာ၊ ဆိုင်ခန်း၊ အိုးအိမ်ကိစ္စ စိတ်ညစ်စရာ ဖြစ်လာတတ်တယ်။

ရုန်းကန်ရတတ်တယ်။ ငွေရေးကြေးရေးမှာတော့ ဆုံးဖြတ်မလွယ်ဖို့ သတိထားသင့်တယ်။ကျန်းမာရေး နေထိုင်မကောင်းသူတွေ ပြန်သက်သာမယ်။ ကျန်းမာရေး ကောင်းမယ်။ နာလန်ထနိုင်မယ်။

လူမှုအိမ်ထောင် – တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကတောက်ကဆလေးတွေ အဖြစ်များလာမယ်။ အချင်းချင်း နားလည်မှုလွဲလို့ စိတ်ရှုပ်ရလိမ့်မယ်။ တတ်နိုင်သလောက် ကြိုးစားညှိနှိုင်းတာ အကောင်းဆုံးပါပဲ။ ဒီအပတ် လူမှုရေးကဏ္ဍမှာ ကိုယ့်အပေါ် ကူညီပံ့ပိုးသူတွေ ရှိမယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ဆုံရမယ်။

ကံကောင်းစေတဲ့ အရောင် – ရွှေရောင်၊ အနီ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – စနေ ၊ ဗုဒ္ဓဟူး

ရာဟုဖွား

အလုပ်အကိုင် – အသိအကျွမ်းဟောင်းတွေနဲ့ ပြန်ဆုံပြီး လုပ်ငန်းစီးပွားအထောက်အကူပြုမယ့်ကိစ္စတွေကို စတင် ဆောင်ရွက်နိုင်မယ်။ အလုပ်ကိစ္စ စိတ်ညစ်စရာတွေ ကင်းဝေးပြီး အေးအေးချမ်းချမ်းနဲ့ လုပ်နိုင်မယ်။ မပြီးပြတ်တဲ့ ပြဿနာတွေ ဒီအပတ်မှာ လက်စသတ်နိုင်မယ်။

အခွင့်အလမ်းကောင်းတွေ ပေါ်လာပြီး ငွေဝင်လမ်းဖြောင့်မယ်။လူမှုအိမ်ထောင် – ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ သာယာအေးချမ်းမှုတွေ ရမယ်။ မိသားစုဝင်တွေရဲ့ ကူညီစောင့်ရှောက်မှုလည်း ရရှိတတ်တယ်။

မဆုံတာ ကြာတဲ့ စုံတွဲတွေ ပြန်ဆုံဆည်းခွင့်ရမယ်။ နှစ်ဦးကြားက ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့လည်း စိတ်ချမ်းသာမှု ရမယ်။

ကံကောင်းစေတဲ့ အရောင် – လိမ္မော်ရောင် ၊ အဖြူရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၅ ၊ ၈

ကံကောင်းစေတဲ့ အရပ် – အနောက်ကံကောင်းစေတဲ့ နေ့ရက် – စနေနေ့ မွန်းလွဲပိုင်း

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – ကိုယ်ပိုင်လုပ်ငန်းတွေမှာ လည်ပတ်မှု တုံ့ဆိုင်းတတ်သလို ခက်ခဲပင်ပန်းမှုတွေ များလာမယ်။ အများပိုင်၊ စပ်တူရှယ်ယာတွေဆိုရင်လည်း အချင်းချင်း နားလည်မှု ပိုလိုအပ်မယ်။ ရှယ်ယာရှင်တွေကြားထဲမှာ အမြင်စောင်းတာ၊ ကတိပျက်တာတွေ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စမှာလည်း ခွဲယူရတာ၊ ကြာတာမျိုးရှိမယ်။

လူမှုအိမ်ထောင် – ဒီတစ်ပတ် မေတ္တာရေးမှာ ညှိနှိုင်းရ ခက်တဲ့ပြဿနာတွေ ဖြစ်ပွားတတ်တယ်။ အချင်းချင်းတွေ စေ့စပ်ဆွေးနွေးဖို့တောင် ခက်ခဲလာတတ်တယ်။ ထိပ်တိုက်ရင်ဆိုင်လေ ပိုဆိုးလေ ဖြစ်တတ်တယ်။ စိတ်ရှည်နိုင် သည်းခံနိုင်မှ အဖြေမှန်ကို ရလိမ့်မယ်။ အပေါင်းအသင်းကဏ္ဍမှာ ကိုယ့်အပေါ် နားလည်ဖေးမသူတွေ ရှိနေမယ်။

ကံကောင်းစေတဲ့ အရောင် – အဝါ ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် – အနောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး ၊ တနင်္ဂနွေ

ယတြာ – တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ အသက်လွတ်ကြာဆံကြော် ကပ်လှူပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် – ဒီအပတ် အလုပ်စီးပွားရေးမှာ အနာခံမှ အသာစံရမယ့်အနေအထားမျိုး ဖြစ်လာမယ်။ အလုပ် စီးပွားကံ အကောင်းကြီး မဟုတ်ဘဲ စိတ်အနှောင့်အယှက်တွေ များရလိမ့်မယ်။ အပြိုင်အဆိုင်တွေ ကြားကနေ

လုပ်ကိုင်ရတတ်တယ်။ သည်းခံစိတ်ရှည်နိုင်မှ လိုချင်တာကို ရမယ်။ ငွေကြေးအတွက် စကားများရလိမ့်မယ်။ကျန်းမာရေး – တစ်ပတ်တာ ကျန်းမာရေး ပူပန်စရာ မရှိပါ။ နေထိုင်မကောင်းသူဆိုရင် ပြန်သက်သာလာမယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ မပြတ်မသားတွေ ဖြစ်ရတတ်တယ်။ နှစ်ဦးကြားမှာ တတိယ လူလည်း ပေါ်လာတတ်တယ်။ စဉ်းစားရ ၊ ဆုံးဖြတ်ရ ခက်တဲ့အခြေအနေတွေနဲ့ ကြုံရမယ်။ ဝေခွဲရ ခက်ခဲမယ်။ ကြားကနေ အနစ်နာခံရတာတွေလည်း ဖြစ်တတ်တယ်။ လူမှုဆက်ဆံရေးမှာလည်း သည်းခံရတာတွေများမယ်။

ကံကောင်းစေတဲ့ အရောင် – အစိမ်းဖျော့၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၇

ကံကောင်းစေတဲ့ အရပ် – အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ စနေ

ယတြာ – တစ်ပတ်အတွင်း ဘုန်းကြီးကျောင်းက သိမ်နားဝန်းကျင်မှာ ကိုယ်တိုင် သန့်ရှင်းရေး လုပ်ပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ ငွေကြေးစီးပွားကံဇာတာတွေ မြင့်မားလာမယ်။ လုပ်ငန်းတွေ အရှိန်အဟုန် ရပြီး အောင်မြင်မှုလည်း ရလိမ့်မယ်။ အရောင်းအဝယ်သမားဆိုရင် အကျိုးအမြတ် ကြီးကြီးမားမားမား ရနိုင်တယ်။

ပွပေါက်တိုးတာမျိုး ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း ကံကောင်းနိုင်တယ်။ စီးပွားဥစ္စာ တိုးပွားလာတတ်တယ်။ကျန်းမာရေး – စိတ်သောကတွေ များရတတ်တာက လွဲရင် ဒီအပတ် ကျန်းမာရေးက ဘေးကင်းလိမ့်မယ်။

လူမှုအိမ်ထောင် – တစ်ပတ်တာ နှလုံးသားရေးကဏ္ဍမှာ စိတ်ချမ်းသာကြည်နူးစရာတွေ ပြည့်နှက်လာလိမ့်မယ်။ လူပျို၊ အပျိုတွေဆို စန်းပွင့်တာ၊ ချစ်သူ ရတာတွေ ဖြစ်လာနိုင်တယ်။ မိသားစု၊ သားချင်းတွေဆီက အကူအညီ ရလာတတ်တယ်။ အရင်က ရှင်းမရတဲ့ ပြဿနာတွေ ဒီအပတ်မှာ ပြေလည်မယ်။ မိတ်ဆွေကောင်း ရရှိမယ်။

ကံကောင်းစေတဲ့ အရောင် – အဝါဖျော့၊ ရွှေရောင်၊ အနီတောက်တောက်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၇

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အနောက်တောင်ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး ၊ စနေ

credit to lotaya_horoscope